home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ရာသီမလာခင် ခံစားရတဲ့ဝေဒနာတွေကိုသက်သာအောင်ဘယ်လိုပြုမူနေထိုင်ကြမလဲ။

ရာသီမလာခင် ခံစားရတဲ့ဝေဒနာတွေကိုသက်သာအောင်ဘယ်လိုပြုမူနေထိုင်ကြမလဲ။

အမျိုးသမီးတွေဟာ မိမိတို့ရဲ့ လစဉ် ဓမ္မတာ(သို့) ရာသီ မလာခင်မှာ စိတ်ရော၊ ကိုယ်ပါ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို အနည်းနဲ့ အများ ခံစားကြရပါတယ်။ သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ “ ရာသီမလာခင် လူသတ်ချင်” ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်းပဲ လူသတ်ချင်နေလောက်အောင် စိတ်ခံစားချက်တွေက ဆိုးရွားနေတတ်ကြပါတယ်။ ဒါဟာ အမျိုးသမီးတိုင်း ရှောင်လွှဲလို့မရတဲ့ ပြသနာ ဖြစ်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့ အတွက် ခံစားရတာ အနည်း၊ အများပဲ ကွာကြပါတယ်။ ရှောင်လွှဲလို့မရပေမယ့် ခံစားရတဲ့ ဝေဒနာတွေ၊ စိတ်ခံစားချက်တွေကို သက်သာအောင် အကူအညီပေးနိုင်မယ့် နည်းလမ်းလေးတွေတော့ရှိပါတယ်။

နည်းလမ်းလေးတွေ မပြောပြခင်မှာ ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရနိုင်လဲဆိုတာလေး အရင်ဆုံးမျှဝေပေးချင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေအနေနဲ့

  • ပင်ပန်းနွမ်းနယ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ဗိုက်၊ ခါး ၊ရင်သား နဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း။
  • ဝက်ခြံပေါက်ခြင်း
  • အိပ်မပျော်ခြင်း
  • ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း တွေ ဖြစ်တတ်ပြီး

စိတ်ပိုင်းဆိုင်ရာ အနေနဲ့

  • စိတ်တိုလွယ်ခြင်း
  • ဒေါသထွက်လွယ်ခြင်း
  • အာရုံစိုက်ရန် ခက်ခဲခြင်း
  • စိတ်အပြောင်းအလဲ အတက်အကျ မြန်ခြင်း
  • ခံစားလွယ်၊ မျက်ရည်လွယ်ခြင်း

စတဲ့ လက္ခဏာတွေကို အနည်းနဲ့ အများ ခံစားကြရပါတယ်။

ဒီလို လက္ခဏာတွေကို သက်သာအောင် ဘယ်လိုပြုမူ နေထိုင်ကြမလဲ။

၁။ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံး လျှော့ချပါ။

စိတ်ဖိစီးမှုတွေကို မလျှော့ချနိုင်တဲ့အခါ ဒီလို ရာသီမလာခင်မှာ ခံစားနေရတဲ့ စိတ်ခံစားချက်တွေကို ပိုပြီးဆိုးလာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို လျော့နည်းစေဖို့ တရားထိုင်တာ၊ yoga ဆော့တာ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ သီချင်းနားထောင်တာ စတဲ့ နည်းလမ်းတွေ အသုံးပြုနိုင်ပါတယ်။ ဒါဟာ အမျိုးသမီးတိုင်း ဖြစ်နိုင်တဲ့ သဘာဝတရားပဲဆိုတာကို နားလည်လက်ခံထားဖို့ကလည်း အရေးကြီးပါတယ်။

၂။ လုံလုံလောက်လောက် အိပ်စက်ပါ။

အိပ်စက်ခြင်းက ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေနိုင်ဖို့ အတွက် အနည်းဆုံး တစ်နေ့ကို ၈နာရီ ပြည့်အောင် အိပ်စက်ပေးဖို့ကလည်း အရေးကြီးပါတယ်။ လုံလောက်စွာ အိပ်စက်ခြင်းက စိတ်ဖိစီးမှုတွေကိုလည်း သက်သာအောင် ကူညီပေးနိုင်ပါတယ်။

၃။ ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးပါ။

အကြောလျှော့လေ့ကျင့်ခန်းတွေနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေကိုလည်း မိနစ်၃၀ လောက် ပုံမှန်လေးလုပ်ပေးတာကလည်း ရာသီမလာခင်မှာ ခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ပြင် စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာပင်ပန်း နွမ်းနယ်မှုတွေကို သက်သာစေပါတယ်။

၄။ အစားအသောက် ပုံစံကို ပြောင်းလဲပါ။

ကျန်းမာရေးနဲ့ ညီညွတ်အောင် အသီၤးအရွက်တွေ စားသုံးပေးပြီး ရေများများသောက်ပေးသင့်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ အဆီကြော်တွေ၊ အငံတွေ၊ caffeine ဓါတ်ပါဝင်တဲ့ ကော်ဖီ နဲ့ တာရှည်ခံ အစားအစာတွေ စားတာကို ရှောင်ကြဉ်ပေးသင့်ပါတယ်။

၅။ လိုအပ်တဲ့ ဖြည့်စွက်အားဆေးတွေကိုလည်း သောက်ပေးပါ။

Folid acid ဗိုက်တာမင် B6 ၊ ဗိုက်တာမင် D နဲ့ ကယ်ဆီယမ် စတဲ့ ဖြည့်စွက်အားဆေးလေးတွေလည်း သောက်သုံးပေးနိုင်ပါတယ်။

၆။ နာကျင်ကိုက်ခဲတာတွေအတွက် အနာသက်သာစေတဲ့ ဆေး ( ဥပမာ – mefanamic acid ) တစ်ခုခု သောက်နိုင်ပါတယ်။

ဖော်ပြထားတဲ့ နည်းလမ်းတွေက မသက်သာဘူးဆိုရင် (သို့) ပိုဆိုးတဲ့ ရောဂါလက္ခဏာတွေ ဖြစ်နေတဲ့ အမျိုးသမီးတွေအနေနဲ့ကတော့ ဆရာဝန်နဲ့ သေသေချာချာပြသပြီး တိုင်ပင်ဆွေးနွေးကြဖို့ အကြံပေးချင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ခံစားရတဲ့ ရောဂါလက္ခဏာတွေရော၊ ရာသီမလာခင် လူသတ်ချင်တဲ့ စိတ်ကိုပါ လျှော့ချနိုင်ပြီး အမျိုးသမီးအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

ရေးသားသူ- Phoo Ngon

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။