ရာသီလာတာ သိပ်နည်းနေလို့ စိုးရိမ်နေလား။ ငါများသွေးအားနည်းနေလို့လား၊ မီးယပ်ကြောင့် တစ်ခုခုဖြစ်နေတာများလား။ ဘာတွေကြောင့်ဖြစ်နိုင်လဲ၊ ဘယ်လိုမျိုးဆို စိုးရိမ်ရမလဲ သိချင်ကြမှာပါပဲ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ရာသီလာတာ သိပ်နည်းနေလို့ စိုးရိမ်နေလား။ ငါများသွေးအားနည်းနေလို့လား၊ မီးယပ်ကြောင့် တစ်ခုခုဖြစ်နေတာများလား။ ဘာတွေကြောင့်ဖြစ်နိုင်လဲ၊ ဘယ်လိုမျိုးဆို စိုးရိမ်ရမလဲ သိချင်ကြမှာပါပဲ။
မိန်းကလေးတွေရဲ့ ရာသီသွေးဆင်းတဲ့ပမာဏက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ရာသီသွေးအပေါ် သက်ရောက်မှုရှိပြီး ပြောင်းလဲစေတဲ့ အကြောင်းရင်းခံတွေကလည်း အများကြီးရှိနိုင်ပါတယ်။
ရာသီသွေးဆင်းနည်းတယ်ဆိုတာ ပုံမှန်အားဖြင့် စိတ်ပူဖို့မလိုပါဘူး။ တစ်လနဲ့တစ်လ ရာသီလာတဲ့ပမာဏလည်း ကွာခြားနိုင်သလို တချို့လတွေမှာ အရင်ထက် ပိုနည်းတာမျိုးလည်း ရှိနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကတော့ –
ရာသီသွေးဆင်းပမာဏ အနည်းအများက လူတစ်ယောက်ရဲ့အသက်အရွယ်နဲ့လည်း ဆိုင်ပါတယ်။ အသက် ၃၀၊ ၄၀ လောက်မှာ ရာသီသွေးဆင်းများလာတတ်ပြီး ရက်တိုလာတတ်ပါတယ်။ လချီပြီး ထိန်တဲ့အခါထိန်နိုင်တယ်၊ နောက်မှ များများဆင်းတာမျိုးလည်းရှိတတ်တယ်။ သွေးဆုံးကာနီးဆို အရင်ထက် နည်းလာသလို ပိုပြီး မူမမှန်ရှိတတ်ပါတယ်။
အမျိုးသမီးတစ်ယောက်မှာ သားဥမထုတ်လုပ်ပေးနိုင်တဲ့အခါမျိုးမှာ တစ်ခါတလေ ရာသီမမှန်ဖြစ်တတ်ပါတယ်။ လက္ခဏာအားဖြင့် ရာသီသွေးဆင်းနည်းတာ၊ ရာသီမမှန်တာတွေ ဖြစ်လေ့ရှိပါတယ်။
ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် နည်းနေတဲ့သူတွေမှာ ရာသီသွေးဆင်းနည်းတာ၊ ရပ်သွားတာတွေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပမာဏက ပုံမှန်အတိုင်း သားဥမကြွေနိုင်လောက်တဲ့အထိ လျော့နည်းလွန်းလို့ဖြစ်ပါတယ်။
ဒီလိုလူတွေမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာလွန်ကဲရင်လည်း ရာသီထိန်တာ၊ နည်းတာတွေဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ရှိရင် ရာသီမလာဘူးလို့ သိထားကြပေမယ့် ကိုယ်ဝန်ရှိကာစမှာ သွေးအနည်းငယ်ဆင်းတတ်တဲ့ ဖြစ်စဉ်ကို ရာသီလာနည်းတာလို့ ယူဆပြီး မှားတတ်ကြပါတယ်။ သွေးအနည်းငယ်ဆင်းတတ်တာက ကိုယ်ဝန်ရှိစ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အိမ်ထောင်ရှိတဲ့အမျိုးသမီးတွေမှာ ရာသီသိပ်နည်းတယ်၊ ထိန်တယ်ဆိုရင် ဆီးစစ်ကြည့်တာ အသေချာဆုံးပါပဲ။
သားဥအိမ်ရေအိတ်တည်ခြင်း(PCOS) လိုမျိုး ခန္ဓာကိုယ်တွင်း ဟော်မုန်းတွေကို သက်ရောက်မှုရှိနိုင်တဲ့ ရောဂါတွေနဲ့ သိုင်းရွိုက်နဲ့ဆိုင်တဲ့ပြဿနာတွေကြောင့် ရာသီစက်ဝန်းကို ထိခိုက်ပြောင်းလဲစေနိုင်ပါတယ်။
စိတ်ဖိစီးမှုကြောင့်လည်း ခန္ဓာကိုယ်ရဲ့ဟော်မုန်းထိန်းညှိမှုကို ထိခိုက်စေနိုင်တာမို့ ပုံမှန်ရာသီစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
သန္ဓေတားဆေးတွေသောက်နေတဲ့ အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ရာသီမမှန် ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ သွေးဆင်းနည်းတာလည်း ဖြစ်နိုင်ပါတယ်။ ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ပစ္စည်း IUD ၊ အရေပြားအောက်ထည့် ပစ္စည်း၊ တားဆေးထိုးတဲ့သူတွေမှာလည်း ဒီပြဿနာ ရှိနိုင်ပါတယ်။ တစ်လတစ်ကြိမ်မဟုတ်ဘဲနဲ့ ကြားမှာ နှစ်ကြိမ်သုံးကြိမ်လောက် ရာသီသွေးနည်းနည်းလေးဆင်းတာတွေ ရှိနိုင်ပါတယ်။
အမြဲစိုးရိမ်နေဖို့မလိုပေမယ့် တောက်လျှောက်ကို နည်းနည်းလေးပဲဆင်းတယ်၊ ပြီးရင် ရာသီထိန်သွားတာမျိုး၊ ဗိုက်အောက်ပိုင်း နာကျင်မှုအပါအဝင် တခြားလက္ခဏာတွေပါရှိနေမယ်ဆိုရင်တော့ ဆရာဝန်ပြတာ အကောင်းဆုံးပါပဲ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။