backup og meta

အတွင်းခံ နှင့် ရှက်ရွံ့ခြင်း ပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတွင်းခံ နှင့် ရှက်ရွံ့ခြင်း ပြဿနာ

    ဒါပေါ့။ အတွင်းခံ ကို လူတိုင်း ဝတ်ကြတာပေါ့။ ဒါပေမဲ့ လျှော်ဖွပ်ပြီး လှန်းတဲ့အခါမှာတော့ ယောက်ျားလေး အတွင်းခံတွေဆို ဘယ်နေရာ ဘယ်လို လှန်းလှန်း ပြဿနာ မရှိပေမဲ့ မိန်းကလေး အတွင်းခံတွေကိုတော့ ထဘီနဲ့ အုပ်လှန်းတာက လှန်း၊ နေမရ၊ လေမရတဲ့ အိမ်တွင်း အရိပ်ထဲ ထည့် လှန်းလိုလှန်းနဲ့ ပြဿနာတွေ တန်းစီတက်ကြတော့တာပါပဲ။

    ဘာကြောင့် ယောက်ျားလေး အတွင်းခံတွေက ပွင့်လင်းမြင်သာခွင့် ရှိပြီး မိန်းကလေး အတွင်းခံတွေကိုကျ ကွယ်ဝှက်နေကြတာလဲ။ တခြားအဝတ်တွေလည်း အဝတ်၊ အတွင်းခံလည်း အဝတ်ပါပဲ။

    မရှက်ပါနဲ့။ ရဲရဲသာ အပြင်ထုတ်လှန်းပါ။ တကယ်က ယောက်ျားလေး အတွင်းခံ ဖြစ်စေ၊ မိန်းကလေး အတွင်းခံဖြစ်စေ၊ လေဝဝရှူရဖို့ လိုပါတယ်။

    မိန်းကလေးတွေရဲ့ အတွင်းခံတွေဟာ မိန်းကလေးတွေရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း၊ အနူးညံ့ဆုံး အစိတ်အပိုင်းနဲ့ ကပ်ပြီး နေရတာပါ။ သူတို့တွေကို လျှော်ပြီး လှန်းတဲ့အခါ လူမြင်မှာ ရှက်လို့၊ ကြောက်လို့ဆိုပြီး ထဘီနဲ့ အုပ်ပြီးလှမ်း၊ တခြားရေစိုဝတ်တွေနဲ့ အုပ်ပြီး လှန်း၊ ရေချိုးခန်းထဲတင် လှန်း ဆိုတော့ တစ်ခါတလေ မခြောက်ဘဲ ဝတ်မိလို့ ဒုက္ခများကြတာတွေလည်း ထုနဲ့ဒေးပါပဲ။

    ဒီလိုလှန်းလို့ ခြောက်သွားခဲ့ရင်တောင် ဘက်တီးရီးယားတွေမှိုတွေ၊ မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေက စိုထိုင်းတဲ့ နေရာတွေကို သိပ်ကြိုက်တယ်ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။ နေရောင်၊လေရောင်မရဘဲ အပေါ်က တစ်ခုခု အုပ်ပြီး လှန်းတာ၊ စွတ်စို ထိုင်းမှိုင်းတဲ့ ပတ်ဝန်းကျင်တွေမှာ လှန်းတာက စောစောက ဘက်တီးရီးယားတွေ၊ မှိုတွေ ကပ်တွယ်ပေါက်ဖွားဖို့ အခွင့်အရေးကြီးပါပဲ။

    ပြောခဲ့သလို ဒီအတွင်းခံတွေဟာ အနူးညံ့ဆုံး အစိတ်အပိုင်းနဲ့ ကပ်ပြီး တည်ရှိနေတာ ဖြစ်တဲ့အတွက် ဒီ အတွင်းခံတွေကနေတစ်ဆင့် မိန်းမကိုယ် ပိုးဝင်တာ၊ မှိုစွဲတာ၊ ဆီးပိုးဝင်တာ၊ အနံ့ဆိုးထွက်တာတွေ ဖြစ်လာနိုင်ခြေ ရှိပါတယ်။

    ဒါကြောင့် အတွင်းခံတွေကို လျှော်ကြ၊ လှန်းကြတဲ့အခါ ရှက်မနေ၊ကြောက်မနေပါနဲ့။ အပြင်ထုတ်ပြီးသာ လှန်းပါ။ အယူသည်းပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခအရောက်မခံပါနဲ့။ အပေါ်က ရေစိုဝတ်တွေ၊ တခြားအဝတ်တွေ မအုပ်ပါနဲ့။

    သူတို့ကို လေဝဝ ရှူခွင့်ပေးလိုက်ပါ။ နေရောင်ကောင်းကောင်း ခံခိုင်းလိုက်ပါ။ ခြောက်သွားသည့်တိုင်အောင် မဝတ်ခင်မှာ မီးပူတိုက်ပါ။ တခြားနေရာတွေက ဇာနဲ့ဖြစ်နေလို့ တိုက်မရဘူးဆိုရင်တောင် အလယ်က အစိတ်အပိုင်းလေးကိုတော့ မဖြစ်မနေ မီးပူတိုက်ပါ။

    အတွင်းခံတွေကို တခြား အဝတ်အစားတွေနဲ့ ရောလျှော်တာမျိုးလည်း မလုပ်ဘဲ သီးသန့် လျှော်ပေးပါ။ လက်နဲ့ လျှော်ပေးတာက ပိုပြီး အဆင်ပြေမှာဖြစ်သလို အတွင်းခံအတွက် ချွတ်ဆေးတွေအမွှေးရည်တွေ၊ Softenerတွေ လုံးဝ၊ လုံးဝ မသုံးပါနဲ့။

    ဒီ softner တွေရဲ့ အနံ့နဲ့ Softening ဖြစ်စေတဲ့ ပစ္စည်းတွေဟာ အတွင်းခံပေါ်မှာ အကြွင်းအကျန် အနေနဲ့ ကျန်ရစ်ခဲ့မှာမို့ မိန်းမကိုယ်နဲ့ ဓာတ်မတည့်တာတွေ ဖြစ်လာနိုင်ပါတယ်။

    ကျန်းမာသန့်ရှင်းတဲ့ နေထိုင်မှုပုံစံမှာ အသားတကျ ဘေးကင်းနိုင်ကြပါစေ။

    Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement