ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
Share now

ယဉ်ပါးတယ်ဆိုတဲ့ စကားလုံးက ပုံမှန်အားဖြင့် ကောင်းတဲ့ သဘောဆောင်ပေမယ့် ဆေးယဉ်ပါးတယ်ဆိုတာကတော့ ကောင်းတဲ့သဘော မဆောင်ပါဘူး။ အခုနောက်ပိုင်း ရောဂါတွေက များသလို  ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတွေကလည်း အတော်လေး များလာပါတယ်။

ဒီလို ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာထဲမှာ ဆေးယဉ်ပါးတာကလည်း တစ်ခု အပါအဝင်ပေါ့။ ယဉ်ပါးမှုက ကေင်းပေမယ့် ဆေးယဉ်ပါးတာက အသက်အန္တရာယ်ရှိစေနိုင်တဲ့ ကိစ္စတစ်ရပ်ပါ။

ဆေးယဉ်ပါးတယ်ဆိုာက ဆေးမတိုးတော့တာပါ။ ဆေးမတိုးတော့တဲ့အခါ ရောဂါဖြစ်လာခဲ့ရင် ဘယ်လိုလိုပဲ ကုကု ပျောက်မှာ မဟုတ်တော့ဘဲ နောက်ဆုံးမှာ အသက်ဆုံးရှုံးတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဆေးယဉ်ပါးတာကို ကြိုတင် သိရှိ ကာကွယ်နိုင်စေဖို့ ဆောင်းပါးလေးထဲကနေတဆင့် ပြောပြပေးလိုက်ပါရစေ။

ဆေးယဉ်ပါးမှု ဘာကြောင့်ဖြစ်

ပဋိဇီဝဆေးယဉ်ပါးမှုက ဘက်တီးရီးယားတွေဗိုင်းရပ်စ်တွေက ဆေးတွေကို ခံနိုင်ရည်ရှိလာပြီး နောက်ဆုံးမှာ ကုသပျောက်ကင်းဖို့ ခက်ခဲလာတာပါ။ ဆေးယဉ်ပါးမှုဖြစ်လာရတာက

လူတွေ။ တိရစ္ဆာန်တွေမှာ ပဋိဇီဝပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲတာ

ဒါက အဖြစ်များတဲ့ ဆေးယဉ်ပါးစေရတဲ့ အကြောင်းအရင်း တစ်ခုပေါ့။ နှာစေးတယ်။ ဆေးသောက်ပါလား။ ချောင်းဆိုးတယ် ​ဆေးသောက်ပါလား။ တုပ်ကွေးဖြစ်တယ်။ ဆေးသောက်လိုက်လေ ဆိုတာမျိုးတွေက အမြဲလိုလို မြင်နေရ ကြားနေရတဲ့ ကိစ္စတွေနော်။

တိရစ္ဆာန်တွေကိုကျတော့လည်း အသေအပျောက်နည်းအောင်၊ အသားတိုးအောင်၊ ရောဂါကင်းအောင်ဆိုပြီး အစားစာတွေထဲမှာ ဆေးတွေ ထည့်ကျွေးမယ်။ ဒီအသားတွေကို လူတွေက စားသုံးရာကနေ ဆေးတွေ ယဉ်ပါးလာပါတော့တယ်။

ဆရာဝန် ညွှန်ကြားချက် မပါဘဲ ပိုးသတ်ဆေးတွေကို ထင်သလို သောက်တာ

ပိုးသတ်ဆေးဆိုတာမျိုးက ဆရာဝန် ညွှန်ကြားမှ သောက်သင့်တာပါ။ ဆရာဝန်က မညွှန်ကြားဘဲ ပိုးသတ်ဆေးတွေကို တစ်ဆင့်စကား တစ်ဆင့်နားတဲ့ ထင်သလို သေက်သုံးတာတွေက ရေရှည်မှာ ဆေးယဉ်ပါးတာကို ဖြစ်လာစေနိုင်ပါတယ်။

စပ်ဆေးသောက်တာ

စပ်ဆေးက မြန်မာနိုင်ငံမှာ အသုံးများတဲ့ ရောဂါဖြေရှင်းနည်းပေါ့။ နေမကောင်းတဲ့အခါ ဆေးခန်းသွားဖို့ထက် နီးစပ်ရာဆေးဆိုင်မှာ စပ်ဆေးဝယ်သောက်လိုက်ရတာကို ပို သဘောကျကြပါတယ်။

ဖြစ်တဲ့ရောဂါလေးကို ပြောပြလိုက် ဆေးလေးတစ်ခွက်လောက်သောက်လိုက်နဲ့ ဟုတ်နေတာပဲနော်။ တကယ်က ဒီလိုဆေးတွသောက်သုံးတာဟာ မလိုအပ်ဘဲ ဆေးယဉ်ပါးမှုကို ဖြစ်စေနိုင်ပါတယ်။

အခြားသူ ကျန်တဲ့ ဆေးတွေကို ဝေမျှသောက်တာ

ဒီပြဿနာကလည်း အတော်များများ မသိလိုက်ဘဲ လုပ်မနေတဲ့ ကိစ္စပါ။ ဥပမာ မိသားစုဝင်တစ်ယောက်က နေထိုင်မကောင်းဖြစ်တယ်။ ဆေးခန်းသွားပြတယ်။ ဆရာဝန်က ဆေးပေးလိုက်တယ်။ သက်သာသွားတယ်။ ဆေးတွေကို ကုန်အောင် မသောက်ဘူး။ သိမ်းထားလိုက်တယ်။

နောက်တစ်ခေါက် မိသားစုဝင်ထဲက အခြား တစ်ယောက်က လက္ခဏာခပ်ဆင်ဆင်တူတဲ့ရောဂါ ဖြစ်တဲ့အခါ ကျန်နေတဲ့ဆေးတွေကို သောက်လိုက်ပါလား ငါ့တုန်းကလည်း အဲ့လိုပဲ သက်သာသွာတာလေဆိုပြီး တိုက်တယ်လေ။ တကယ်က မသောက်သင့်ပါဘူး။ ရောဂါပိုးက တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်သလို ကိုယ်ခံအားရဲ့ တုံ့ပြန်မှုကလည်း ကွာပါတယ်။ ဒါ​ကြောင့် ဆေးကျန်တွေကို မျှသောက်တာမျိုး မလုပ်သင့်ပါဘူး။

ဆေးပတ်လည်အောင် မသောက်တာ

ဖျားတယ်။ ကိုယ်တွေပူလို့ မနေနိုင်တဲ့အဆုံး ဆေးခန်း သွားပြလိုက်တယ်။ ဆရာဝန်က ဆေး​တွေပေးလိုက်တယ်။ ဆေးက ၂ ခွက်လောက် သောက်တော့ သက်သာသွားတယ်ဆိုပါတော့။ နေကောင်းသွးပြီလေဆိုပြီး ဆေးဆက်မသောက်တော့ဘူး။ ဒီလိုနဲ့ ပိုးတွေက ဆေးကို ယဉ်ပါးသွားတတ်ပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းတာ

ရောဂါပိုးတွေကို မကူးစက်ဖို့ ကြိုတင်ကာကွယ်တာက ဆေးယဉ်ပါးမှုပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနည်းတစ်ရပ်ပါ။ ဒါကြောင့် လက်ကို မကြာခဏဆေးတာက စလို့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာ ဂရုစိုက်ပြီး

ဆေးယဉ်နေတဲ့ ပိုးတွေရှိရာအရပ်ဒေသတွေဆီကို သွားရောက်တာ

ဆေးယဉ်းပါးမှု ဖြစ်နေတဲ့ နေရာကို မသိဘဲ သွားမယ်။ ပိုးကူးစက်ခံလိုက်ရမယ်ဆိုရင် ဆေးယဉ်ပါးပြီးသား ပိုးကို ကူးစက်ခံလိုက်ရတာကြောင့် ကုသဖို့ ခက်ခဲနိုင်ပါတယ်။

ဒါကြောင့် ကိုယ်တိုင်က ဒီအချက်တွေကို ဆင်ခြင်ရင်း ဆေးယဉ်ပါးမှုကို ကာကွယ်လိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတွေက ဆေးရုံဆေးခန်းသွားရမှာ၊ ဆေးသောက်ရမှာ၊ ကုသမှု ခံယူရတာကို သဘောမတွေ့ကြပါဘူး ဒါပေမယ့် လူတိုင်းကတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်

အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်ခဲ့ရတဲ့ သားသားမီးမီးတို့ ကျန်းမာထက်မြက်စွာ ကြီးပြင်းလာမှုက ဘာနဲ့မှ မလဲနိုင်တဲ့ မေမေတို့အတွက် တန်ဖိုးအကြီးဆုံး ဆုလာဘ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံတွေ ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 3 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 2 mins read