home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သားဥအိမ်ကင်ဆာအတွက် လေ့ကျင့်ခန်းနည်းလမ်းများ

သားဥအိမ်ကင်ဆာအတွက် လေ့ကျင့်ခန်းနည်းလမ်းများ

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများလုပ်နေခြင်းသည် လူအများအ

တွက် အကျိုးကျေးဇူးများစွာရရှိစေသည်။ အထူးသဖြင့် ကင်ဆာ လူနာများတွင်ဖြစ်သည်။ သင်သည် မမျိုးဥအိမ်ကင်ဆာဖြင့် အသက်

ရှင်နေသူဖြစ်ပါက အားကစားလုပ်သောအခြားသူများကဲ့သို့ပင်တူ

ညီသောကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။ အချို့

သောအောက်ပါ လေ့ကျင့်ခန်းများသည် သင့်အားထိုကဲ့သို့ပြုလုပ်

နိုင်ရန် ကူညီပါလိမ့်မည်။

အားကစားလုပ်ခြင်းဖြင့် မမျိုးဥအိမ်ကင်ဆာဝေဒနာရှင်များအနေဖြင့်

ဘာအကျိုးကျေးဇူးများရရှိနိုင်သလဲ။

မမျိုးဥအိမ်ကင်ဆာဖြင့်အသက်ရှင်နေသူများတွင် အားကစားလုပ်

ခြင်းကြောင့်ရရှိနိုင်သည့်အကျိုးကျေးဇူးများစွာရှိသည်။ ပထမတစ်ခု

မှာ သင့်၏မောပန်းနွမ်းနယ်မှုကို သက်သာစေရန်အထောက်အကူ

ပြုခြင်းဖြစ်သည်။ အေရိုးဗစ်လှုပ်ရှားမှုသည် သွေးနီဥများတည်ထုတ်

လုပ်ခြင်းကို တိုးပွားစေသည့်ဆေးများ ဝေဒနာရှင်တွင်

လိုအပ်နေမှုကိုလျော့နည်းစေနိုင်သည်။ သွေးနီဥဆဲလ်များသည်

ကင်ဆာဆေးများကြောင့်ထိခိုက်ပျက်စီးကြရသည်။ အမှန်ပြောရလျှင်ကင်ဆာဆေးများသည် သွေးနီဥများကို ဆုံးရှံူးစေပြီး ကင်ဆာကု

သမှုခံယူနေစဉ်အတွင်းလွန်စွာချုံးချုံးကျမောပန်းနွမ်းနယ်သွားစေ

သည်။ ဒုတိယအနေဖြင့် အားကစားများသည် ကြွက်သားအုံနှင့်အရိုး

များဆုံးရှံူးမှုကို ကောင်းမွန်သွားအောင်လည်း အထောက်အကူပြု

သည်။ သင်သည်ကင်ဆာဆေး (သို့)ဟော်မုန်းဆေးများဖြင့်ကုသ

ခြင်းကိုခံယူရမည်ဆိုပါက သင့်တွင် ကြွက်သားနှင့်အရိုးများလျော့ပါး

နိုင်ချေရှိနေပါသည်။

နောက်ဆုံးအနေဖြင့် အားကစားလုပ်ခြင်းသည် သင့်၏ဘဝနေထိုင်မှုအရည်အသွေးကို တိုးတက်ကောင်းမွန်စေ

သည်။ သင်သည်အားကစားလုပ်သောအခါ သင်သည်နေလို့ပို

ကောင်းသည်မှာ အမှန်ပင်ဖြစ်သည်။ သင်သည်နောက်ထပ် ပင်ပန်း

နွမ်းနယ်လိမ့်မည်မဟုတ်ပဲ စိတ်အားတက်ကြွရွှင်လန်းနေပါမည်။

သင်သည် ကြောက်စိတ်နှင့်ယူကျုံးမရသောစိတ်ကို မမျိုးဥအိမ်ကင်

ဆာရှိသည်ဟုသိသောအခါ မရှောင်လွဲနိုင်သော်လည်း အားကစား

လုပ်ခြင်းဖြင့် ထိုကြောက်စိတ်များကို သင်သည်တည်ငြိမ်အောင်ပြု

လုပ်နိုင်ပါသည်။

မမျိုးဥအိမ်ကင်ဆာအတွက်သင်သိသင့်သော လေ့ကျင့်ခန်းနည်းလမ်းများ

လေ့ကျင့်ခန်းအစီအစဉ်ကို အချိန်နှင့်တပြေးညီပြုပြင်ပြောင်းလဲပါ။

တစ်ခုတည်းသော လေ့ကျင့်ခန်းကို ထပ်ကာထပ်ကာသာ ပြုလုပ်နေ

ခြင်းသည် ကောင်းသောကိစ္စမဟုတ်ပေ။ သင့်အခြေအနေအား ကိုက်ညီမည့် အားကစားအစီအစဉ်များကို တည်ဆောက်ထားသင့်

ပါသည်။ သင့်အရိုးများအားအကျိုးလွယ်စေသည့်အချို့သောကင်ဆာကုသမှုများကို သင်သည် ခံယူရလိုခံယူရငြားအနေဖြင့် အရိုးများ

အပေါ်တွင်ဖိအားသိပ်မပြင်းထန်သောလေ့ကျင့်ခန်းများလုပ်ထား

ခြင်းသည်သင့်အတွက်သင့်တော်ပါလိမ့်မည်။

သင့်ခန္ဓါကိုယ်အား ကြည့်ရှူနားထောင်စောင့်ကြည့်နေပါ။

သင်သည်ခန္ဒါကိုယ်၏လိုအပ်ချက်ကို မသိသေးသရွေ့လေ့ကျင့်ခန်း

၏အကျိုးကျေးဇူးများကို မရရှိနိုင်ပါ။ သင့်၏ယခုကျန်းမာရေးအခြေ

အနေသည်မည်သို့ပင်ဖြစ်စေကာမူ ထိုသို့နားမလည်ပါက အကျိုး

ကျေးဇူများမရနိုင်ပါ။ သင့်ခန္ဓါကိုယ်အားသင်သည် သင့်အားလက်မ

ခံနိုင်သည့်အချိန်တွင် လေ့ကျင့်ခန်းများကို တွန်းအားပေးပြီးလုပ်လို့

မရပါ။ သင်ဆက်လုပ်ပါက သင့်ကျန်းမာရေးကို ဆိုးဝါးစေခြင်း(သို့)

နာကျင်ကိုက်ခဲမှုများသာရရှိလာပါလိမ့်မည်။

ထို့အပြင် သင်သည် အားကစားလုပ်နေစဉ်တွင် သင့်၏လက်ရှိ

သတ်မှတ်ချက်များထက်ကျော်မသွားစေရန်သေချာဖို့လိုသည်။ အစ

ပိုင်းတွင် သင်သည် လေ့ကျင့်ခန်းကိုမိနစ်အနည်းငယ်သာလုပ်သင့်

ပြီး တဖြည်းဖြည်းချင်းသာအဆင့်မြှင့်တင်သွားရန်လိုအပ်သည်။ သင့်

ခန္ဓါကိုယ်သည် လေ့ကျင့်ခန်းအားခံနိုင်ရည်ရှိလာမှသာ သင်သည် သင့်ကိုယ်မှလက်ခံခွင့်ပြုနိုင်သလောက်ပို၍ကျန်းမာရေးကောင်းစေ

ရန်ပြုလုပ်နိုင်ပါသည်။ သင့်ခန္ဓါကိုယ်သည် ခဏအနားယူရန်လိုအပ်

သည်ဟုထင်ပါက အချိန်အေးဆေးယူပြီး နားပါ။

သင့်ဆရာဝန်ဖြင့်တိုင်ပင်ပါ။

သင်သည် ပုံမှန်လူများကဲ့သို့လေ့ကျင့်ခန်းများမှ အကျိုးကျေးဇူးများ

ရလာပါက အားကစားကြောင့်ဖြစ်နိုင်ချေရှိသည့် ထိခိုက်အနာတရ

များကိုလည်း ရင်ဆိုင်ရတတ်သည်။ သင်သည်ဂရုတစိုက်မပြုလုပ်ပါ

ကသင်သည်ကြွက်သားနှင့်အရိုးထိခိုက်မှုများ ဥပမာ နာကျင်ကိုက်ခဲ

ခြင်း၊ဒဏ်ဖြစ်သွားခြင်းနှင့် အဆစ်လွဲသွားခြင်းတို့ကိုခံစားရနိုင်ပါ

သည်။ ပိုပြောရလျှင် သင်သည်မမျိုးဥအိမ်ကင်ဆာနှင့်အသက်ရှင်ရပါ

က သင်သည် နှလုံးရောဂါများပို၍ဖြစ်ပွားနိုင်ချေရှိပါသည်။ သင့်အား

အားကစားလုပ်နေစဉ်တွင် လုံခြုံစိတ်ချစွာထားနိုင်ရန်သင်သည် ကိုင်တွယ်ထိတွေ့ကြည့်ရှူစစ်ဆေးမှုနှင့် ရောဂါအတည်ပြုမှုတို့ကို

ကင်ဆာအထူးကုဆရာဝန်များထံမှ သင့်တင့်ရုံမျှအားစိုက်ရသော

အားကစားများမလုပ်ခင် ခံယူထားသင့်ပါသည်။

သင့်၏ရောဂါကို ထည့်သွင်းစဉ်းစားပါ။

သင့်လေ့ကျင့်ခန်းအစီအစဉ်သည် သင်တစ်ဦးတည်းသော အခြေအ

နေများ၊သင့်၏ကိုယ်ခန္ဓါအချိုးအစား၊နှင့်လက်ရှိကျန်းမာရေး အပေါ်တွင် အခြေခံတည်ဆောက်ထားသင့်သည်။ သင်သည် ပုံမှန်

လေ့ကျင့်ခန်းအစီအစဉ်များကို ပြုလုပ်နိုင်လောက်အောင်ကျန်းမာ

နေရမည်ဖြစ်ပြီး ထိုလေ့ကျင့်ခန်းများထဲတွင် အလေးမခြင်း၊သန်မာ

အောင်လုပ်ခြင်း၊ဆွဲဆန့်ခြင်း၊အေရိုးဗစ်နှင့် အန်အေရိုးဗစ်စသည်

တို့ပါဝင်သည်။ အချို့သောအခြေအနေများတွင် သိပ်ပြင်းပြင်းထန်

ထန်မလုပ်ခြင်း(သို့)အချိန်ခဏသာပြုလုပ်ခြင်းသည်လည်း သင့်အ

တွက်သင့်တော်နိုင်ပါသည်။ လေ့ကျင့်ခန်းအမျိုးအစားများကမည်သို့ပင်ဖြစ်စေ နေ့တစ်နေ့၏မိနစ်အနည်းငယ်ပင်ဖြစ်စေ လေ့ကျင့်ခန်း

လုပ်လိုက်ခြင်းသည် တစ်နေ့လုံးဘာမှမလုပ်သည်ထက်စာပါကပို

အကျိုးထူးကြောင်းတွေ့ရှိရသည်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr.Nyan Linn မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။