အဆုတ်၊ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းနှင့် ကျောက်ကပ်ရှိ သွေးပြန်ကြော အသေးများနှင့် အလယ်လတ်များ ရောင်ရမ်းခြင်း ဖြစ်ပါသည်။
ကျောက်ကပ်တွင် အမာရွတ်ဖြစ်စေသော အခြေအနေများ
သွေးတိုးရောဂါကြောင့် ကျောက်ကပ်ကို ပျက်စီးစေသလို ကျောက်ကပ်၏ လုပ်ဆောင်မှုများကိုလည်း မူမမှန်ဖြစ်စေပါသည်။
တဖန် ကျောက်ကပ်ရောင်ခြင်းကြောင့်လည်း ကျောက်ကပ်လုပ်ငန်းများကို ထိခိုက်စေပြီး ဆားဓါတ်များကိုလည်း ကမောက်ကမ ဖြစ်စေပါသည်။
- ဆီးချိုကြောင့် ကျောက်ကပ်ထိခြင်း
ဆီးချိုသမားများသည် ကျောက်ကပ်ကို ထိခိုက်နိုင်ပါသည်။ ဆီးချိုဖြစ်ပြီး နှစ်အတော်ကြာတွင် ကျောက်ကပ်ထိခိုက်ခြင်း ဖြစ်ပါသည်။ သွေးတွင်းသကြားဓါတ်များနှင့် သွေးပေါင်ကို ထိန်းညှိခြင်းဖြင့် ကျောက်ကပ် ပျက်စီးမှုနှုန်းကို နှေးစေပါသည်။
- ကျောက်ကပ် အပိုင်းများ ရောင်ခြင်း
ထိုဖြစ်စဉ်သည် ကျောက်ကပ်တစ်ခုလုံး မရောင်ဘဲ ကျောက်ကပ်ရှိ အစိတ်အပိုင်းလေးများရောင်ခြင်းဖြစ်သည်။ ဖြစ်စေသော အကြောင်းရင်းကို တိကျစွာ မသိရသေးပါ။
ဖြစ်နိုင်ခြေများ
Acute Glomerulonephritis (ကျောက်ကပ်ရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ကျောက်ကပ်ရောင်ခြင်း ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။
- အမိုက်လွိုက်များ စုပုံခြင်း
- ကျောက်ကပ်အမြှေးတွင် ကိုယ်ခံအားများတိုက်ခိုက်မှုဖြစ်ခြင်း
- သွေးကြောနှင့် ဆိုင်သော ရောဂါများဖြစ်ခြင်း၊ သွေးကြောများ သို့မဟုတ် သွေးပြန်ကြောများ ရောင်ရမ်းခြင်း
- Good pasture ရောဂါစုဖြစ်ခြင်း
- အကိုက်အခဲပျောက်ဆေးများ (ဥပမာ– NSAID )အလွန်အကျွံ သုံးခြင်း
- ကိုယ်ခန္ဓာ အနှံ့ သွေးခြေဥခြင်း
- Ig A ကျောက်ကပ်ရောဂါ
- လူပပ်စ် ကျောက်ကပ်ရောဂါ
- အမြှေးတစ်ခုလုံး ပြန့်နှံ့သော ကျောက်ကပ်ရောဂါ
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Acute Glomerulonephritis (ကျောက်ကပ်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ကျောက်ကပ်ရောင်ခြင်း ၏ရောဂါလက္ခဏာများ သည် ဖြစ်နေသော ပုံစံအပေါ် မူတည်ပြီး ကွဲပြားပါသည်။
သင့်အနေဖြင့် ထိုလက္ခဏာများမှ သို့မဟုတ် ဆီးအဖြေများမှတဆင့် ရောဂါ ဖြစ်နေကြောင်း သိနိုင်ပါသည်။ ထို့ပြင် အောက်ပါဆေးစစ်မှုများကို ကြည့်ခြင်းဖြင့် ကျောက်ကပ်၏ လုပ်ဆောင်ပုံများကို သိရှိနိုင်ပါသည်။
ဆီးစစ်ခြင်း
ဆီးထဲတွင် သွေးနီဥများ ပါဝင်နေခြင်းသည် ကျောက်ကပ်ရောင်ခြင်းကို ပြသခြင်းဖြစ်ပါသည်။ ထို့ပြင် ဆီးထဲတွင် အသားဓါတ်များနေခြင်း၊ သွေးဖြူဥများနေခြင်းသည် ကျောက်ကပ်ပိုးဝင်ခြင်းကို ပြသခြင်းဖြစ်ပါသည်။ ထို့ပြင် ဆီးအဆိပ်များ(Urea, Creatinine) တက်နေခြင်းဖြင့်လည်း သိနိုင်ပါသည်။
သွေးစစ်ခြင်း
သွေးထဲတွင် ဆီးအဆိပ်များ(Urea, Creatinine) တက်နေခြင်းဖြင့်လည်း ကျောက်ကပ်ရောင်ခြင်း ဖြစ်နေကြောင်း သိနိုင်ပါသည်။
ပုံရိပ်ဖမ်းစက်များဖြင့် စစ်ဆေးခြင်း
ရောဂါကို တိကျစွာ သိနိုင်ရန် ကျောက်ကပ်၏ ပုံရိပ်များကို ဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်၊ အသံလှိုင်း ဓါတ်မှန်များဖြင့် ဆရာဝန်က ကြည့်ပြီး ဆုံးဖြတ်နိုင်ပါသည်။
အသားစယူခြင်း
ကျောက်ကပ် အသားစကို အပ်ချောင်းဖြင့် ယူပြီး ဓါတ်ခွဲစစ်ဆေးခြင်းဖြင့် ကျောက်ကပ်ရောင်ခြင်းကို သိနိုင်ပါသည်။ ကျောက်ကပ်ရောင်ကြောင်း သေချာစေရန် အသားစယူခြင်းသည် အတိကျဆုံးဖြစ်ပါသည်။
Acute Glomerulonephritis (ကျောက်ကပ်ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ဆေးကုသမှုများသည် အောက်ပါအချက်များအပေါ် မူတည်ပြီး ရလဒ်များ ကွဲပြားပါသည်။
- ကျောက်ကပ်ရောင်ခြင်း အမျိုးအစား
- ရောဂါအခံများ
- ရောဂါ လက္ခဏာများ ဆိုးရွားမှု အဆင့်
အချို့သော ကျောက်ကပ် ရုတ်တရက်ရောင်ခြင်းများသည် Strep ပိုးကောင်ကြောင့် ဖြစ်တတ်ပြီး ယင်းသည် ကုသရန်မလိုဘဲ အလိုလို ပျောက်ကင်းနိုင်ပါသည်။
ဆေးကုရခြင်း၏ ရည်ရွယ်ချက်မှာ ကျောက်ကပ်ကို ထိခိုက်ပျက်စီးမှုများမှ ကာကွယ်လိုခြင်းကြောင့် ဖြစ်ပါသည်။
သွေးပေါင်ချိန်ကို ထိန်းထားခြင်းဖြင့်လည်း ကျောက်ကပ်ကို ကျန်းမာစေခြင်းကြောင့် သွေးပေါင်ကျဆေးများဖြစ်သော ဆီးဆေးများ၊ ACE Inhibitors၊ Angiotensin II receptor blockers ဆေးများကို ဆရာဝန်က ညွှန်ကြားပါလိမ့်မည်။
ထို့ပြင် ကျောက်ကပ်ရောင်စေသော အခြားအကြောင်းများရှိလျှင် သွေးတိုးကျဆေးများအပြင် ထိုရောဂါအတွက်ဆေးများကိုလည်း ဆရာဝန်က ညွှန်ကြားပါလိမ့်မည်။
- Strep ပိုးကောင် သို့မဟုတ် အခြားသော ဘက်တီးရီးယားများကြောင့် ဖြစ်သော ကျောက်ကပ်ရောင်ခြင်းများတွင် ပိုးသတ်ဆေးများပေးခြင်းဖြင့် ရောဂါဝေဒနာများကို သက်သာစေပါသည်။
- လူးပပ်စ်ကျောက်ကပ်ရောဂါမျိုးတွင် စတီးရွိုက် အရောင်ကျဆေးများ၊ ကိုယ်ခံအားစနစ်ကို ဖိနှိပ်ပေးသော ဆေးများကို ပေးရပါသည်။
- IgA ကျောက်ကပ်ရောဂါတွင်လည်း ကိုယ်ခံအားစနစ်ကို ဖိနှိပ်ပေးသော ဆေးများနှင့် ငါးကြီးဆီများကို ပေးရပါသည်။ သုတေသီများက ငါးကြီးဆီသည် IgA ကျောက်ကပ်ရောဂါတွင် ပေးသင့် မပေးသင့်ကို လေ့လာဆဲဖြစ်ပါသည်။
- Goodpasture ရောဂါစု ကိုခံစားနေရသူများတွင် သွေးတွင်း ကိုယ်ခံအားဓါတ်များကို ဆေးထုတ်ခြင်း ပြုလုပ်ပြီး အခြားသူ၏ သွေးရည်ကြည် သို့မဟုတ် အခြားသော အရည်များကို သွေးကြောထဲသို့ ပြန်သွင်းရပါသည်။
- ကျောက်ကပ် အလုပ်မလုပ်သူများအတွက် အခြား ကုထုံးများ ဖြစ်ပါသည်။
ရုတ်တရက် ကျောက်ကပ်ရောင်ခြင်း၊ ကျောကပ် အလုပ်မလုပ်ခြင်း ဖြစ်သူများတွင် ကိုယ်ထဲမှ အရည်ပိုများကို ထွက်အောင် လုပ်ခြင်း၊ သွေးပေါင်ချိန် ထိန်းခြင်းတို့ကို ပြုလုပ်ပေးရပါသည်။ နောက်ဆုံးအဆင့် လူနာများတွင် ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ် အစားထိုးခြင်းတို့ကို ပြုလုပ်ပေးရပါသည်။ ကျောက်ကပ် အစားထိုးခြင်း ပြုလုပ်ရန် အခြေအနေမပေးသော သူများတွင် ကျောက်ကပ်မှန်ှမှန်ဆေးခြင်းဖြင့် ကုသနိုင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ကျောက်ကပ်ရောင် သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။
အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။
- ကိုယ်ထဲတွင် အရည်များပိုစုနေခြင်း၊ ဖောရောင်ခြင်း၊ သွေးတိုးခြင်းများကို ကာကွယ်ရန် အငန်လျှော့စားပါ။
- သွေးထဲတွင် အဆိပ်အတောက်များ မပိုလျှံစေရန် အသားဓါတ်များနှင့် ပိုတက်ဆီယမ်ဓါတ်များကို ဖြတ်ပါ။
- ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန် မျိုးကို ထိန်းပါ။
- ဆီးချိုရောဂါ ရှိပါက သွေးတွင်းသကြားဓါတ်ကို ထိန်းပါ။
- ဆေးလိပ်ဖြတ်ပါ။
သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။