backup og meta

ကျောက်ကပ်ဆေးနေရသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ကပ်ဆေးနေရသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံဆိုတာ

    ကျောက်ကပ်က ပုံမှန်အတိုင်းအလုပ်မလုပ်တော့လို့ ကျောက်ကပ်ဆေးနေရတယ်။ ကျောက်ကပ်ဆေးနေရတာကြောင့် အခြားရောဂါပိုး​တွေ ဝင်ရောက်တာမျိုးမဖြစ်စေဖို့ အာဟာရပြည့်ဝအောင်စားဖို့ကလည်း မဖြစ်မနေဂရုစိုက်ဖို့လိုမှာပါ။ ဒီတစ်ခေါက်တော့ ကျောက်ကပ်ဆေးနေရသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားသောက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ကျောက်ကပ်ဆေးနေရသူတွေအတွက် ကျန်းမာရေးနဲ့ညီ​ညွတ်တဲ့ စားသောက်မှုပုံစံ

    ကျောက်ကပ်ဆေးနေရသူ တစ်ယောက်အနေနဲ့ အာဟာရပြည့်ဝနေမှ လိုအပ်တဲ့ကုသမှုတွေကို ခံယူနေမှာပါ။ ဒါကြောင့် ကျောက်ကပ်ဆေးနေရသူတစ်ယောက်အနေနဲ့ အာဟာရပြည့်ဝပြီး ကျန်းမာစေဖို့ဆိုရင်

    • စားတဲ့အစားအစာတိုင်းမှာ ပရိုတင်းပြည့်ဝလုံလောက်စွာပါဝင်ဖေို့ဂရုစိုက်ပေးပါ။ ပရိုတင်းပြည့်ဝစေဖို့အတွက် ငါး၊ ကြက်သား၊ ဝက်သား (အဆီမပါ)၊ ဥအမျိုးမျိုုးတို့ကို စားပေးလို့ရပါတယ်။
    • ပိုတက်ဆီယမ် နဲ့ phosphorus လျှော့စားပါ။ ဒါတွေက ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။
    • မြေပဲထောပတ်၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ အသီးခြောက်တွေ နဲ့ ပဲနီလေးတို့ မစားပါနဲ့။ ဒီအစားအစာတွေက ပရိုတင်းကြွယ်ဝတာ မှန်ပေမယ့် ပိုတက်ဆီယမ် နဲ့ phosphorous ပါဝင်မှုလည်းများပါတယ်။
    • ဆားလျှော့စားပါ။ အငန်ကဲတာတွေရှောင်ပါ။ ဒီလိုလုပ်ပေးတာက သွေးပေါင်ချိန်ကို ထိန်းညှိပေးရာရောက်သလို ကျောက်ကပ်ဆေးနေချိန်အတွင်းမှာ ကိုယ်အလေးချိန် (ရေဝိတ်) တိုးတာကိုလျော့ကျစေနိုင်ပါတယ်။
    • ဆားလျှော့စားပါ။ ဆားအစား ဟင်းခတ်အမွှေးအကြိုင်လေးတွေသုံးပြီး အရသာရှိအောင်ပြင်ဆင်စားသုံးပေးပါ။ ဆား အစားနည်းတာက ကျောက်ကပ်ဆေးနေရသူတွေကို ကျန်းမာစေမယ့် အချက်တွေထဲတစ်ခုပါ။
    • ပိုတက်ဆီယမ်ပါဝင်နေတဲ့ ဆား အစားထိုးပစ္စည်းတွေကို မစားသုံးပါနဲ့။ ဆား ရော ပိုတက်ဆီယမ်ကပါ ကျောက်ကပ်ဆေးနေရသူတွေနဲ့ မသင့်တော်ပါဘူး။
    • ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း၊ အုတ်ဂျုံတို့လိုမျိုး အမျှင်ဓာတ်များပြီး phosphorous ပါဝင်မှုများတဲ့ အစားအစာတွေကိုရှောင်ပါ။ ဒါတွေက ပုံမှန်အတိုင်း ကျန်းမာရေးကို အထောက်အကူပြုပေမယ့် ကျောက်ကပ်ဆေးနေရသူတွေအတွက်တော့ မသင့်တော်ပါဘူး။
    • နို့နဲ့နို့ထွက်ပစ္စည်းတွေဖြစ်ကြတဲ့ ဒိန်ချဉ်။ ချိစ် စတာတွေကိုလည်း အများကြီးမစားပါနဲ့။ ဒါတွေက phosphorus ပါဝင်မှုများလွန်းပါတယ်။
    • ပိုတက်ဆီယမ် ပါဝင်မှုများတဲ့အသီးတွေကိုလည်းမစားပါနဲ့။ လိမ္မော်သီး၊ ငှက်ပျောသီးတို့လို ပိုတက်ဆီယမ် ပါဝင်မှုများတဲ့ အသီးတွေအစား ပန်းသီး နဲ့ ဘယ်ရီသီးတွေ စားပေးပါ။
    • ပိုတက်ဆီယမ် ပါဝင်မှုနည်းတဲ့ ဟင်းသီးဟင်းရွက်တွေစားပါ။ ကျန်းမာတဲ့ စားသောက်မှုပုံစံဖြစ်ဖို့အတွက် အသီးအရွက်စားရမှာ မှန်ပေမယ့် ကျောက်ကပ်ဆ​ေးနေရတယ်ဆိုရင်တော့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်တို့လိုမျိုးအစားအစာတွေကို စားပေးပါ။ အာလူး၊ ကညွတ်တို့ကို နည်းနည်းလောက်ပဲစားပါ။
    • ကျောက်ကပ်ဆေးနေချိန်မှာ အချိုကဲ၊ အငန်ကဲတဲ့ အစားအစာတွေ၊ ဆီကြော်စာတွေ၊ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေ၊ အချဉ်တွေ၊ ဆိုးဆေး နဲ့ တာရှည်ခံဆေးတွေပါဝင်တာများတဲ့ အစားအစာတွေကိုလည်း မစားသင့်ပါဘူး။
    • ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်တို့လိုမျိုး အစားအစာတွေကိုလည်း ရှောင်ရပါမယ်။
    • အချိုရည်၊ အရက်၊ ဘီယာတို့ကိုလည်း ရှောင်ရပါမယ်။
    •  ကဖင်းများတဲ့ အစားအစာတွေဖြစ်ကြတဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်သုပ်၊ ချောကလက်၊ အားဖြည့်အချိုရည် စတာတွေကိုလည်း ရှောင်ရင် အကောင်းဆုံးပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement