ကျောက်ကပ်ဟာ ခန္ဓာကိုယ်တွင်းက အရည် ၂၀၀ လီတာလောက်မှာ ပါဝင်တဲ့ အညစ်အကြေးတွေကို နေ့စဉ်စစ်ထုတ်ပေးနေတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပါတယ်။ ပြီးတော့ ကျောက်ကပ်ဟာ သွေးဖိအားကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို ထုတ်ပေးနိုင်သလို သွေးနီဥဆဲလ်တွေနဲ့ ဗီတာမင် ဒီ ကိုလည်း ထုတ်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် ကျောက်ကပ်မကောင်းဘူးဆိုတာနဲ့ ချက်ချင်းကို ရောဂါတွေ စုံလာတော့တာပဲပေါ့။