အသည်းစနမူနာယူစစ်ဆေးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 18, 2020 . 2 mins read
Share now

အသည်းစ နမူနာယူစစ်ဆေးခြင်း (Liver Biopsy) ဆိုတာကတော့ အသည်းကနေ တစ်ရှူးစ အနည်းငယ်ကို ခွဲစိတ်မှုနည်းလမ်းအားဖြင့် ရယူပြီး ရောဂါဗေဒဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ တစ်ရှူးစကို နမူနာယူစစ်ဆေးခြင်းအားဖြင့် အသည်းမှာ ကင်ဆာ၊ အသည်းခြောက်ခြင်း စတဲ့ ပုံမှန်မဟုတ်တဲ့ အနေအထားတွေ ဖြစ်ပေါ်နေခြင်း ရှိမရှိ သိနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် သွေးစစ်ခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း စတာတွေ ထပ်မံလုပ်ဆောင်ပါတယ်။

အသည်းဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးလှတဲ့ အင်္ဂါအစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ အရေးကြီးတဲ့ ပရိုတိန်းနဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ရာမှာ၊ သွေးထဲက အညစ်အကြေးတွေကို ဖယ်ထုတ်ရာမှာ၊ ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာနဲ့ ဗီတာမင် အာဟာရဓာတ်တွေကို စုပ်ယူရာမှာ အရေးပါပါတယ်။ ဒါကြောင့် အသည်းမှာ ပြဿနာတခုခုရှိလာရင် တစ်ရှူးစနမူနာရယူ စစ်ဆေးဖို့ လိုအပ်ပါတယ်။

အသည်းစနမူနာယူစစ်ဆေးခြင်း ဘာကြောင့်လုပ်ဆောင်သလဲ

အသည်းမှာ ရောဂါပိုးဝင်ရောက်နေသလား၊ ရောင်ရမ်းနေသလား၊ ကင်ဆာဆဲလ်များ ဖြစ်ပေါ်နေသလား သိရှိနိုင်အောင် စစ်ဆေးရခြင်း ဖြစ်ပါတယ်။

ထူးသဖြင့်

အစာခြေစနစ်ပြဿနာတခုခုရှိနေခြင်း

– အဆက်မပြတ်ဗိုက်အောင့်နေခြင်း

– ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း အလုံးအကျိတ်တွေ့ခြင်း

– ဓာတ်ခွဲစမ်းသပ်ချက်များအရ အသည်းပြဿနာဖြစ်ကြောင်း ညွှန်ပြနေခြင်းစတဲ့ အခြေအနေတွေမှာ ဆရာဝန်အနေနဲ့ အသည်းစနမူနာယူ စစ်ဆေးဖို့ ဆုံးဖြတ်ပါလိမ့်မယ်။ ပုံရိပ်ဖော်စစ်ဆေးခြင်းတွေဖြစ်တဲ့ ဓာတ်မှန်၊ စီတီစကန် စတဲ့နည်းလမ်းတွေနဲ့ ကင်ဆာဆဲလ် ဟုတ်မဟုတ် မခွဲနျွိုင်ရင်၊ အကြောင်းအရင်း တိတိပပမရှိဘဲ အဖျားဆက်တိုက်တက်နေရင်လည်း အသည်းတစ်ရှူး နမူနာ စစ်ဆေးပါတယ်။

အသည်းစနမူနာယူနိုင်တဲ့ တခြားအခြေအနေတွေကတော့

အရက်ကြောင့် အသည်းထိခိုက်ခြင်း

– မိမိကိုယ်ခံအားက ဒုက္ခပေး၍ အသည်းရောဂါဖြစ်ခြင်း

– နာတာရှည်အသည်းရောင်ခြင်း (အသည်းရောင် ဘီပိုး၊ စီပိုး)

– အသည်းတွင် သံဓာတ်လွန်ကဲစွာ စုဝေးခြင်း

အသည်းအဆီဖုံးခြင်း

– အသည်းခြောက်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေအန္တရာယ်များ

အရေပြားနဲ့ အသားကို ဖောက်ပြီး ရောဂါရှာဖွေစစ်ဆေးတဲ့ ဘယ်နည်းလမ်းမှာမဆို ရောဂါပိုးဝင်ခြင်း၊ သွေးထွက်ခြင်း စတဲ့ဖြစ်နိုင်ခြေအန္တရာယ် အနည်းနဲ့အများ ရှိနေပါတယ်။ ဒါပေမယ့် အသည်းကနေ တစ်ရှူးစနမူနာရယူဖို့ ခွဲစိတ်တဲ့ ဧရိယာရော အသုံးပြုတဲ့အပ်ပါ သေးငယ်တာမို့ အန္တရာယ်ကြီးကြီးမားမား ကြုံနိုင်ခြေမရှိပါဘူး။

ဘယ်လိုပြင်ဆင်ရသလဲ

အသည်းတစ်ရှူးစနမူနာယူခြင်းအတွက် လူနာဖက်က ပြင်ဆင်စရာ အများအပြား မလိုအပ်ပါဘူး။ မိမိမှာ သောက်သုံးနေတဲ့ ဆေးဝါးတွေရှိနေရင် ဆရာဝန်ကိုဖွင့်ပြောပြပြီး လိုအပ်ရင် အချို့ဆေးဝါးများ သောက်သုံးခြင်းကို ရပ်နားထားရမှာ ဖြစ်ပါတယ်။ ခွဲစိတ်ခြင်းမတိုင်မီ ၈ နာရီခန့်ကြိုပြီး အစာမစား ရေမသောက်ဘဲ နေရပါမယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပြင်ဆင်ဖို့ပါပဲ။

အသည်းစနမူနာယူခြင်း ဘယ်လိုလုပ်ဆောင်သလဲ

အခြေခံအားဖြင့် နည်းလမ်း၃ခု ရှိပါတယ်။ အဆိုပါနည်းလမ်းတွေကတော့

– အရေပြားမှတဆင့်ရယူသောနည်း။ ဝမ်းဗိုက်အရေပြားကနေ အပ်ကို သွင်းပြီး ရယူတဲ့နည်းလမ်း ဖြစ်ပါတယ်။ အသည်းစနမူနာယူရာမှာ အများဆုံးသုံးတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။

– သွေးပြန်ကြောမှ ရယူသောနည်း။ လည်ပင်းကို ခွဲစိတ်ပြီး ဂျူဂူလာလို့ခေါ်တဲ့ သွေးပြန်ကြောကနေ ပိုက်ပြွန်အသေးလေးကို အသည်းထိရောက်အောင် ထည့်သွင်းတဲ့နည်းလမ်း ဖြစ်ပါတယ်။ သွေးယိုခြင်းပြဿနာရှိသူတွေမှာ အသုံးပြုပါတယ်။

– မှန်ပြောင်းဖြင့်ရယူနည်း။ ဝမ်းဗိုက်ကိုအပေါက်ဖောက်ပြီး ကင်မရာပါတဲ့ ပြွန်ထည့်သွင်းပြီး တစ်ရှူးစ ရယူခြင်း ဖြစ်ပါတယ်။

အသားစရယူချိန်မှာ အသုံးပြုတဲ့မေ့ဆေးထုံဆေး အမျိုးအစားဟာ ဘယ်လိုနည်းလမ်းနဲ့ ခွဲစိတ်ရယူမလဲဆိုတာပေါ် မူတည်ပါတယ်။ ခွဲစိတ်ပြီးချိန် နာရီအနည်းငယ်လောက် အနားယူရပါလိမ့်မယ်။ ဆရာဝန်ခွင့်ပြုရင် အိမ်ပြန်နိုင်ပါတယ်။

တစ်ရှူးစရယူပြီး ဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးပါလိမ့်မယ်။ ရက်အနည်းငယ်ကြာနိုင်ပါတယ်။ အဖြေထွက်လာရင် ဆရာဝန်က ပြန်လည်ချိန်းဆိုပြီး ဆွေးနွေးပါလိမ့်မယ်။ စစ်ဆေးချက်အဖြေပေါ် မူတည်ပြီး ဘယ်နည်းလမ်းတွေနဲ့ ဆက်လက်ကုသမယ်ဆိုတာ ဆွေးနွေးပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှုများတာမကောင်းပါဘူး။ ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် ဆိုးဆိုးရွားရွား လွန်ကဲနေပြီလို့ ပြောနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ပိုတက်ဆီယမ်ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းက ကြွက်သားတွေမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဆီလီနီယံချို့တဲ့ခြင်းအကြောင်း

ဆီလီနီယံဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပြီး ဒီအန်အေဖွဲ့စည်းခြင်း ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ခြင်း စတာတွေအတွက် အရေးပါပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သံလွင်ဆီမှ ရရှိနိုင်သော အကျိုးကျေးဇူးများ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီဟာ သင့်ကိုယ်ခန္ဓာအတွက် အကျိုးပြုမှာ ဖြစ်ပါတယ်။ ဆီများထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ကြတာကတော့ သံလွင်ဆီဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

နံနံပင်အမြစ် စားလို့ရလား

နံနံပင်အမြစ် စားလို့ရလား … ဆေးဖက်ဝင်တယ်ဆိုတာရော ဟုတ်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 10, 2020 . 2 mins read
ဝမ်းဗိုက်တွင်း ပြည်တည်နာ

၀မ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အဆစ်အတွင်း သွေးယိုခြင်း

အဆစ်အတွင်း သွေးယိုခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read
သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းအကြောင်း

သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read