backup og meta

ဂျင်ဆင်း (သို့မဟုတ်) ကိုယ်ခံအားသို့ သွားရာလမ်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 07/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂျင်ဆင်း (သို့မဟုတ်) ကိုယ်ခံအားသို့ သွားရာလမ်း

    နေ့ရက်တိုင်းကို စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဟုတ်။ ဒီဆန္ဒလေးပြည့်ဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့က အရေးကြီးပါတယ်။

    ကိုယ်ခံအားဆိုတာက လူတိုင်းပိုင်ဆိုင်ထားတဲ့ အရာပေါ့။ မွေးကတည်းက ကိုယ်နဲ့ ပါလာပြီး ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနေတဲ့ အရာတစ်ခုပါ။ ကိုယ်ခံအားက အခမဲ့ ရထားတာဆိုပေမယ့် သေချာ ဂရုစိုက်ဖို့တော့ လိုပါမယ်။

    ရောဂါဘယတွေကို ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းက ကိုယ်ခံအားကောင်းဖို့ဆိုတော့ ဒီ ကိုယ်ခံအားကို သေချာ ကာကွယ်ဖို့က မဖြစ်မနေ လိုအပ်တဲ့အရာပေါ့။ သူကျန်းမာနေမှ ကိုယ့်ကျန်းမာရေးကို ထိပါးလာမယ့် ရောဂါပိုးမွှားတွေကို အကောင်းဆုံး တိုက်ထုတ်နိုင်မှာလေ။ ဒီတော့ ကိုယ်ခံအားကောင်းအောင် ဘယ်လို အားဖြည့်ပေးမယ် စိတ်ကူးလဲ။

    စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ရှေးယခင်ကာလတွေကထည်းက အားကိုးလာတဲ့အရာ

    လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက တရုတ်နိုင်ငံ၊ အာရှဒေသက နိုင်ငံအတော်များများ နဲ့ မြောက်အမေရိကနိုင်ငံတွေမှာ ရောဂါတွေကို ကုသဖို့နဲ့ ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက် ဂျင်ဆင်းကို အသုံးပြုခဲ့ကြပါတယ်။သဘာဝဆေးပင်တစ်မျိုးဖြစ်တဲ့ ဂျင်ဆင်းက ကမ္ဘာတလွှားမှာ အစဉ်အလာကြီးတဲ့ ဆေးဖက်ဝင် အပင်ပေါ့။ ဂျင်ဆင်းမှာမှ အာရှဒေသ ဂျင်ဆင်းနဲ့ ကိုးရီးယား ဂျင်ဆင်းဆိုပြီး ကွာခြားပါသေးတယ်။ ဒီနှစ်မျိုးမှာ ကိုရီးယား ဂျင်ဆင်းက ပိုပြိး ကျန်းမာရေး အာနိသင်များပါတယ်။

    ဂျင်းဆင်းက ခန္ဓာကိုယ် ကျန်းမာစေဖို့ ဘယ်လို ထောက်ကူပေးသလဲ။

    တရုတ်ကားတွေထဲကတဆင့် ငယ်ငယ်ကတည်းက ရင်းနှီးခဲ့ဖူးတဲ့ ဂျင်ဆင်းက အာဟာရဓာတ် ကြွယ်ဝပြီး ကိုယ်ခံအားကို အားဖြည့်ပေးသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    ကိုယ်ခံအားကောင်းစေမယ့် ဂျင်ဆင်း

    ဂျင်ဆင်းက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပြီး ကျန်းမာ တက်ကြွနေစေဖို့ အထောက်အပံ့ပေးသလို ကာကွယ်ဆေးတွေရဲ့ အာနိသင်ကိုလည်း ပိုမို ထိရောက်စေပါတယ်။ ဒီတော့ ရောဂါတွေကို ကာကွယ်ဖို့ အတွက်ဖြစ်ဖြစ် ကာကွယ်ဆေးတွေ ထိုးပြီးတဲ့အခါ ထိရောက်မှု အားကောင်းစေဖို့ပဲဖြစ်ဖြစ် အားကိုးလို့ရပါတယ်။ နောက်တစ်ခုက ဂျင်ဆင်းက ကင်ဆာလို နာတာရှည်ရောဂါ ခံစားနေရသူတွေမှာပါ ကိုယ်ခံအားကို အထိရောက်ဆုံး အားဖြည့်ပေးမှာဖြစ်ပါတယ်။

    ဦးနှောက် ထက်မြက်စေမယ့် ဂျင်ဆင်း

    ဂျင်ဆင်းက ခန္ဓာကိုယ်ကိုတင် အားဖြည့်ပေးတာမဟုတ်ဘဲ ဦးနှောက်ကိုလည်း လုပ်ဆောင်မှု ကောင်းစေဖို့ အားဖြည့်ပေးပါသေးတယ်။ မှတ်မိနိုင်စွမ်း ကောင်းစေသလို အပြုအမူပိုင်း နဲ့ စိတ်ခံစားမှုပိုင်းကိုလည်း ကောင်းစေပါတယ်။

    ဂျင်ဆင်းမှာပါတဲ့ အာဟာရဓာတ်တစ်မျိုးက ဦးနှောက်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် မပျက်စီးစေဖို့ ကာကွယ်ပေးပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ စိတ်ကိုတည်ငြိမ်အေးချမ်းစေတယ်။ စိတ်ခံစားမှု ကောင်းစေတယ်။

    တက်ကြွလန်းဆန်းစေမယ့် ဂျင်ဆင်း

    ဂျင်ဆင်းက အားအင်ကုန်ခမ်းတာမျိုး၊ ခြေကုန်လက်ပမ်းကျစေတာမျိုး မခံစားရအောင် ကူညီပေးတယ်။ ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေပြီး တက်ကြွလန်းဆန်းနေစေဖို့ အကောင်းဆုံး အားဖြည့်ပေးတယ်။

    ဓာတ်တိုးပစ္စည်းတွေကို ကျဆင်းစေပြီး ဆဲလ်တွေထဲမှာ အင်အားပြည့်ဝစေတာကြောင့် တက်ကြွလန်းဆန်းနေစေမှာပါ။ တက်ကြွလန်းဆန်းမှုက ခန္ဓာကိုယ်ကို လှုပ်ရှားမှုတွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေတော့ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပြန်ရောပေါ့။

    သွေးတွင်းသကြားဓာတ် ထိန်းညှိပေးမယ့် ဂျင်ဆင်း

    ဂျင်ဆင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို ရှိသူတွေရော ဆီးချို မရှိသူတွေပါ မှီဝဲပေးလို့ရပါတယ်။ ဂျင်ဆင်းက မုန့်ချိုအိတ်က ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး အင်ဆူလင် ထွက်ရှိမှုကို ကောင်းစေပါတယ်။ တစ်ရှူးထဲကို ဂလူးကို့စ်ရောက်ရှိမှု ပမာဏ မြင့်စေပြီး စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းနေစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    ဂျင်ဆင်းက ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် မပျက်စီးအောင် ကာကွယ်ပေးပြီး ကျန်းမာလန်းဆန်းနေစေဖို့လည်း ပံ့ပိုးပေးပါသေးတယ်။

    အခုလို စိတ်ရောကိုယ်ပါ ပင်ပန်းရတဲ့အချိန်မှာ ကိုယ်ခံအားကောင်းပြီး စိတ်ရောကိုယ်ပါတက်ကြွလန်းဆန်းစေဖို့အတွက်က မဖြစ်မနေလိုအပ်ပါတယ်။ စိတ်ကျန်းမာမှ အစားစားဝင်မယ်။ အစားစားဝင်မှ ပင်ပန်းမှု ကင်းပြီး တက်ကြွလန်းဆန်းမယ်။ တက်ကြွလန်းဆန်းမှ ကိုယ်ခံအားကောင်းပြီး အင်အားပြည့်ဝလို့ ကျန်းမာတော့မှာပေါ့။

    ဒါဆို ကိုယ်ခံအားကောင်းဖို့ ဂျင်ဆင်းစားရမယ်။ ဘယ်လိုစားရမလဲဆိုပြီး တွေးနေတာလား။ ဂျင်ဆင်းကို လက်ဖက်ရည် (ရေနွေးကြမ်း)ထဲမှာ ထည့်သောက်ကြသလို စွပ်ပြုတ်ထဲလည်း ထည့်သောက်လို့ရပါတယ်။ ဒီထက်လွယ်ကူတဲ့နည်းလမ်းကတော့ ဂျင်ဆင်းပါဝင်တဲ့ အားဆေးတွေပါပဲ။

    ပိုသောက်ရလွယ်ပြီး ပိုလည်း အဆင်ပြေနိုင်ပါတယ်။ ဂျင်ဆင်းနဲ့ ဗီတာမင် သတ္တုဓာတ်တွေကို အချိုးကျ ပေါင်းစပ်ထားတဲ့ အားဆေးတွေကလည်း စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းပြီး ခွန်အားပြည့်ဝစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။

    ရောဂါပိုးတွေ အန္တရာယ်ကနေ အကောင်းဆုံး ကာကွယ်ဖို့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 07/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement