မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
အသည်းကင်ဆာကုသမှုများတွင် မလိုလားအပ်သောဆိုးကျိုးများစွာရှိသည်။ မအီမသာဖြစ်ခြင်း၊ အစားအစာများအရင်ကကဲ့သို့ အရသာမရှိတော့ခြင်းတို့ ခံစားရနိုင်သည်။ ၎င်းသည် ကျန်းမာသောစားသောက်မှုကိုထိန်းသိမ်းရန် ခက် ခဲစေသည်။ လက်မြောက်အရှုံးမပေးသင့်ပါ။ စိတ်ဓါတ် တက် ကြွအောင်နေပြီးအသည်းကိုထောက်ပံ့ပေးသောကျန်းမာသောအစားအစာများကိုစားသုံးရန် အရေးကြီးသည်။ ကျန်းမာသောအစားအစာများစားသုံးရန် နည်းလမ်းအချို့ကိုဖော်ပြလိုက်ပါသည်။
အသည်းအတွက် စားသောက်မှုပုံစံကိုမကျင့်သုံးမီအသည်းအကြောင်းပိုမိုနားလည်အောင် ပြုလုပ်ရအောင်။ အသည်းသည် ခန္ဓါကိုယ်မှ အစာခြေခြင်း၊ သွေးတွင်း အန္တရာယ်ရှိသောအဆိပ်အတောက်များကိုဖယ်ရှားခြင်း နှင့် စွမ်းအင်ကိုနောက်ပိုင်းတွင် ပြန်လည် သုံးစွဲနိုင်ရန် သကြားအဖြစ် သိမ်းဆည်းခြင်းစသည်တို့တွင် ကူညီပေးသောအရေးပါသောကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါသည်။ အသည်းသည်အစာခြေသောလုပ်ငန်းတွင် ကူညီပေးသောသည်းခြေရည်ကိုထုတ်ပေးပါသည်။
အသည်ကင်ဆာဖြစ်ပါကအသည်း၏ လုပ်ငန်းများပျက် ပြားပါသည်။ ခန္ဓါကိုယ်တစ်လျှောက် အန္တရာယ်ရှိသောသက်ရောက်မှုများကိုဖြစ်စေသည်။ ရောဂါ ပျံ့ပွားမှု အခြေအနေကို နှေးစေသောအကောင်းဆုံးနည်းလမ်းမှာအသည်းကိုကျန်းမာစေသောအစားအစာများစားသုံးခြင်း ဖြစ်သည်။
အစားအစာပိရမစ်ပုံကိုကြည့်ပါကကျန်းမာရေးအတွက် လိုအပ်သောအာဟာရ ၅မျိုးရှိကြောင်း သိနိုင်သည်။ ဗီတာမင်၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်၊ ပရိုတိန်း နှင့် အဆီပါသောအစားအစာတို့ဖြစ်သည်။ ထပ်ပေါင်း၍ သင်သည် ရှင် သန်ရန် အရည်များသောက်ရန် လိုအပ်သည်။ အောက်ပါ ဥပမာများကိုလိုက်နာခြင်းအား၍ အသည်းကင်ဆာဖြင့် ကျန်းမာစွာနေထိုင်နိုင်သည်။
အသည်း၏ လုပ်ငန်းသည် ခန္ဓါကိုယ်အတွက် အဆိပ် အတောက်ဖြေရန် ဖြစ်သည်။ အသည်းကင်ဆာဖြစ်ပါကအစားအစာမှ ဓါတုပစ္စည်းများ၊ အဆိပ်အတောက်များဖယ်ရှားရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် အသည်းကင်ဆာရှိ ပါကဓါတုပစ္စည်းများများစွာပါဝင်သောအစားအစာများ၊ အသင့်ပြုလုပ်ပြီးသောအစားအစာများကိုရှောင်ရှားသင့် သည်။ ပိုးသတ်ဆေးများ၊ အချို့ ဓါတ်မြေသြဇာများအသုံးမပြုထားသော၊ မျိုးဗီဇကို ပြုပြင် ပြောင်းလဲမထားသောစိတ်ချရသောသဘာဝအစာများကိုရွေးချယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များတွင် phytonutrients ဟုခေါ်သောသဘာဝပစ္စည်းများရှိသည်။ ထိုပစ္စည်းများသည် နည်းလမ်းများစွာဖြင့် သင်၏ ကိုယ်ခံအားစနစ်ကိုသန်မာစေသည်။ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များသည် ဓါတ်တိုးဆန့်ကျင်အာနိသင်များပါဝင်သည်။ ၎င်းတို့သည် ရောင်ရမ်းမှုကိုကျစေသောလမ်းကြောင်းများဖန်တီးခြင်း၊ အကျိတ်များသို့ သွေးထောက်ပံ့မှု ပိတ်ခြင်း၊ ကင်ဆာဆဲလ် များကိုပျက်စီးစေခြင်း၊ ခန္ဓါကိုယ်အားအဆိပ်အတောက် ပြယ်စေခြင်းစသည်တို့အတွက် လိုအပ်သောအရေးကြီးသောပစ္စည်းများဖြစ်သည်။ ဖြစ်နိုင်ပါကရာသီအတွင်းထွက် သော၊ ဒေသထွက် ထုတ်ကုန်များကိုရွေးချယ်ပါ။
သင်သည် တစ်ပတ်အတွင်းမတူညီသောအသီးအနှံ များနှင့် ဟင်းသီးဟင်းရွက်များကိုအလှည့်ကျ စားသုံး နိုင်သည်။ တစ်နေ့တွင် ဘာတွေစားနိုင်သည်ကိုအကြံပြုချက် အချို့မှာအောက်ပါအတိုင်းဖြစ်သည်။
အသင့်ပြုလုပ်ပြီးအစာများစားမိပါကသက်သာသာသာမရှိဖြစ်ခြင်း၊ မအီမသာဖြစ်ခြင်းသို့မဟုတ် အစာအိမ်အောင့် ခြင်းတို့ ဖြစ်နိုင်သည်။ အစာအိမ်နာပါကဂျင်းသည် အစာအိမ် ကိုသက်သာစေသည်။
ကောက်ပဲသီးနှံ အစေ့များတွင် အမျှင်ဓါတ်၊ phytonutrients နှင့် အခြားဗီတာမင်များ၊ သတ္ထုဓါတ်များပါဝင်သည်။ ထိုအာဟာရများဖြင့် သင့်ခန္ဓါကိုယ်သည် ကင်ဆာကုသမှုခံယူနေစဉ်နှင့် ခံယူအပြီးအသည်းကင်ဆာကိုတိုက်ထုတ်နိုင်ရန် သန်မာသောကိုယ်ခံအားစနစ်ကိုတည်ဆောက်နိုင်သည်။
ဈေးဆိုင်သို့သွားပါကကောက်ပဲသီးနှံအစေ့များ၊ ဆန် ညိုများ၊ ဂျုံခေါက်ဆွဲခြောက်၊ ပေါင်မုန့်၊ မုန့်ကြွပ် နှင့် ဂျုံပါသောဒိန်ချဉ်တို့ကိုရွေးချယ်ဝယ်ယူပါ။ မုယောစပါးကဲံ့သို့သောအစေ့များကိုဝယ်စားပါ။ သင်စားသောအစားအစာသည် ဂျုံပါမပါကိုအစာ၏ တံဆိပ်ကိုစစ် ဆေးခြင်းဖြင့် သိနိုင်သည်။ တံဆိပ်တွင် “၁၀၀ ရာခိုင်နှုန်းဂျုံ ဖြင့် လုပ်သည်’’ နှင့် အနည်းဆုံးအမျှင် ၅ဂရမ်ပါသည်ဟု ရေးထားသည်။
ပရိုတိန်းဟုဆိုပါကအသားကိုစဉ်းစားမိလိမ့်မည်။ အသည်းကင်ဆာရှိပါကမှန်ကန်သောအသားကိုရွေးချယ် ခြင်းသည် သင့်အားပို၍ သက်သာစေသည်။ ပရိုတိန်းသည် ခန္ဓါကိုယ်ရှိ ဆဲလ်များအားလုံး၏ ဖွံ့ဖြိုးမှုနှင့် ပြန်လည် တည် ဆောက်မှုတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်သည်။ သွေးနီဥများ၊ သွေးဖြူဥများ၊ ကြွက်သားများနှင့် ဟော်မုန်းများစသည်တို့အားလုံးပါဝင်သည်။
ပရိုတိန်းကိုရွေးချယ်ရာတွင် ကျစ်လစ်သောအရည် အသွေးကောင်းသောရင်းမြစ်ကိုရွေးချယ်ပါ။ ဖြစ်နိုင်ပါကအမဲသား၊ သိုးသား၊ ဝက်သားစသောအဆီများသောအသားများကိုရှောင်ကြဉ်၍ ငါး၊ ပဲသို့မဟုတ် ကြက်၊ ဘဲစသည်တို့ ကိုရွေးချယ်ပါ။
အခြားကျန်းမာရေးနှင့်ညီညွတ်သောပရိုတိန်းရင်းမြစ် များမှာကျစ်လစ်သောနီသောအသား၊ အဆီနည်းသောသို့မဟုတ် မပါသော နို့ထွက်ပစ္စည်းများ (နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ)၊ ဥများ၊ ပဲနို့၊ အခွံမာသီး နှင့် ထောပတ်၊ ပဲ နှင့် ပဲတောင့်သီးတို့ဖြစ်သည်။ ထပ်ပေါင်း၍ပြောရသော် ထိုအစာများကိုဘယ်လို ပြင်ဆင်ရာရမည်ကိုဂရုစိုက်ပါ။ ကြော်ခြင်းထက် ဖုတ်ခြင်း၊ မီးကင်ခြင်းကပို၍ ကျန်းမာရေးနှင့် ညီညွှတ် သည်။
ဆရာဝန်များသည် ပြည့်ဝဆီ နှင့် ကူပြောင်းဆီနည်းပြီးအိုမီဂါသရီး နှင့် မပြည့်ဝဆီပါသောအစားအစာများစားခြင်းသည် ကျန်းမာရေးနှင့် ညီညွှတ်သည်ဟုထောက်ခံကြသည်။ ထိုအဆီများသည် အထူးသဖြင့် ကင်ဆာလူနာများတွင် အရေးကြီးသည်။ ခန္ဓါကိုယ်သည် စွမ်းအင်ထုတ်ရန် အဆီရရှိရန် ဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွှတ်သောမပြည့်ဝဆီ နှင့် အိုမီဂါသရီး၊ မပြည့်ဝဆီပါဝင်သောအစေ့ နှင့် အပင်မှရသောဆီများစသည်တို့ ကြွယ်ဝစွာပါသောအစားအစာများကိုစားသုံးပါ။ ပြည့်ဝဆီနှင့် အသွင်ပြောင်းဆီပါဝင်သောအစားအစာများကိုလျော့စားပါ။ ၎င်းတို့သည် ကျန်းမာရေးနှင့် မညီညွှွတ်ဘဲ နှလုံးနှင့် သွေးလှည့်ပတ်ခြင်းကိုဝန်လေးစေသည်။
ကျန်းမာရေးနှင့်ညီညွှတ်သောအဆီများကိုအောက်ပါ တို့မှ ရနိုင်သည်။
အောက်ပါတို့ကိုရှောင်ပါ။
အရွယ်ရောက်သူတစ်ယောက်၏ ခန္ဓါကိုယ်တွင် ရေလေးပုံသုံးပုံပါဝင်သည်။ ထို့ကြောင့် အရည်များသည် သင်၏ အထွေထွေ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါသည်။ အရည်များမရှိပါကသင်သည် ရေဓါတ်ခန်းခြောက်လာကာသင်၏ ဇီဝကမ္မဖြစ်စဉ်များယိုယွင်းပြီး ခန္ဓါကိုယ်မှ အဆိပ် အတောက်မှ စွန့်ထုတ်မှုကိုလျော့ကျစေသည်။ အရည်များလိုအပ်မှုသည် နေ့စဉ် သင့်လှုပ်ရှားမှုအပေါ်မူတည်၍ ကွဲပြားပါသည်။ ရေ ၂၅၀ မီလီလီတာရှိသောရေ ၈ခွက် သောက်ရန် လိုအပ်ပါသည်။
အရည်ဆိုသည်မှာကဖင်းဓါတ်ပါဝင်သောအရည်၊ အရက် ပါဝင် သောသောက်စရာများမှလွဲ၍ အရည်ပုံစံရှိသောအရာအားလုံးကိုခေါ်ပါသည်။ သင့်တွင် ရွေးချယ်စရာများစွာရှိသည်။
အသည်းသည် အလုပ်လုပ်ရန် ဗီတာမင်များစွာလိုအပ်ပါ သည်။ အသည်းကင်ဆာ ဖြစ်ပါကသင် ကျန်းမာအောင် ဗီတာမင် လုံလောက်စွာထောက်ပံ့ပေးရန် လိုအပ်ပါသည်။
ဗီတာမင် ဖြည့်စွက်စာများမစားခင် ဆရာဝန်နှင့် တွေ့ဆုံ ပြီးဗီတာမင်၊ ဆေးဖက်ဝင် နှင့် အခြား ဖြည့်စွက်စာအကြောင်းတိကျသောအချက်များကိုရယူပါ။ သင်၏ လက်ရှိ ဆေးကုသမှုအစီအစဉ်ဖြင့် ကိုက်ညီသောအစားအသောက်များအကြောင်းသိရှိရန် လိုအပ်ပါသည်။
သင်၏ အစားအသောက် ပုံစံကိုနေ့စဉ် သုံးကြိမ် ကြီးကြီးမားမားစားမည့်အစားနည်းနည်းဖြင့် ၆-၈ ကြိမ်အထိစားသင့်သည်။ ထို့အပြင်သစ်သီးနှင့် ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံများ၊ အရည်များကိုသင့်ဆရာဝန် ညွှန်ကြားချက်အတိုင်းထည့်၍ စားသုံးသင့်သည်။
Translated by ZinWai Yan Linn
Hello Health Group does not provide medical advice, diagnosis or treatment.
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။