home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အသည်းကင်ဆာရောဂါသည်များ အသက်ရှင်သန်နှုန်း

အသည်းကင်ဆာရောဂါသည်များ အသက်ရှင်သန်နှုန်း

အသည်းကင်ဆာ ရောဂါအတည်ပြုချက် ရရှိပြီးရင်တော့ သင့်ဆရာဝန်ဟာ သင့်ရဲ့ အသက်ရှင်နိုင်တဲ့နှုန်းကို ပြောပြနိုင်ပါတယ်။ ဒါဟာ လူနာရဲ့ အလားအလာကို ဆွေးနွေးတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ဒီဂဏန်းဟာ မှန်ကန်ချင်မှ မှန်ကန်မှာ ဖြစ်ပေမယ့် အချို့လူနာတွေက တူညီတဲ့ ပြဿနာရှိတဲ့သူတွေဆီက အသက်ရှင်နှုန်းကို သိလိုကြပါတယ်။

ရောဂါအတည်ပြုချက်ရပြီးရင် ၅ နှစ်အသက်ရှင်နှုန်းဆိုတာကို ကြားရမှာ ဖြစ်ပါတယ်။ ဒါဟာ သင် ၅ နှစ်သာ အသက်ရှင်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အသက်ရှင်နှုန်းဟာ ကုသမှုအပြီးမှာ အနည်းဆုံး ၅ နှစ်အသက်ရှင်ကြတဲ့ လူအရေအတွက်ကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ ၅ နှစ်ထက်ပိုပြီး အသက်ရှင်ကြတဲ့ လူအမြောက်အမြား ရှိပါတယ်။ သုတေသနရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ဆရာဝန်တွေဟာ လူနာတွေကို ကုသမှုအပြီးမှာ ၅ နှစ် (သို့) ဒီထက်ပိုပြီး စောင့်ကြည့်လေ့ ရှိကြပါတယ်။

ဒီလိုဂဏန်းတွေကို သိရဖို့ ဆရာဝန်တွေဟာ အသည်းကင်ဆာကို အနည်းဆုံး ငါးနှစ်ခန့်က ကုသခဲ့တဲ့ လူနာတွေကို ပြန်ကြည့်ပြီး ပုံမှန် ရက်ချိန်းပြသမှုတွေကို လိုက်ရမှာ ဖြစ်ပါတယ်။ ဒီဂဏန်းတွေဟာ မတူညီတဲ့ အရင်းအမြစ်တွေက လူအမြောက်အမြားကို အခြေခံထားကို မမေ့သင့်ပါဘူး။ ဒါကြောင့် ဒါဟာ သင့်ကိုလဲ ဒီအတိုင်း ဖြစ်လိမ့်မယ်လို့ မဆိုလိုပါဘူး။

အခြားကင်ဆာတွေလိုပဲ အသက်ရှင်နှုန်းဟာ ကင်ဆာဘယ်အဆင့် ရောက်နေပြီလဲဆိုတာပေါ် မူတည်ပါတယ်။ ရောဂါစောစီးချိန်မှာ သိရန်ခက်ခဲတဲ့အတွက် အသည်းရောဂါအတွက် အသက်ရှင်နှုန်းဟာ နည်းပါးတတ်ပါတယ်။ ရောဂါသိရှိချိန်ဟာ လူနာတွေ ရောဂါလက္ခဏာ ပြလာချိန်ပဲ ဖြစ်ပါတယ်။ အချို့ကုသမှုတွေဖြစ်တဲ့ အသည်းအစားထိုးကုသခြင်း (သို့) ခွဲစိတ်ပြီး ကင်ဆာ ဖယ်ထုတ်ခြင်းတွေဟာ လူနာရဲ့ အသက်ရှင်နှုန်းကို သိသိသာသာ မြင့်တက်စေနိုင်ပါတယ်။ ဒါ့ပြင် အသည်းကင်ဆာ ဖြစ်နေတဲ့ လူနာတွေမှာ အသက်ရှင်နှုန်းပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အခြားအခြေအနေတွေဖြစ်တဲ့ အသည်းခြောက်ခြင်း နဲ့ အခြား ကျန်းမာရေးအခြေအနေတွေ ရှိနေနိုင်ပါတယ်။

အသက်ရှင်နှုန်းပေါ် သက်ရောက်မှုရှိတဲ့ အခြားအချက်အလက်တွေကတော့ လူနာရဲ့ ယေဘုယျ ကျန်းမာရေး အခြေအနေ၊ ကုသမှု၊ သူတို့ကိုယ်ခန္ဓါက ကင်ဆာကို ဘယ်လိုတုန့်ပြန်သလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားပြီး အသက်ရှင်နှုန်းတွေကို အကြမ်းဖျဉ်း တွက်ချက်နိုင်ပါတယ်။ သင့်ဆရာဝန်ဟာ လွန်ခဲ့တဲ့ ငါးနှစ်က ကုသခဲ့တဲ့လူနာတွေရဲ့ အသက်ရှင်နှုန်းကို ပြောပြနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကုသမှုရဲ့ တိုးတက်လာမှုတွေဟာ အခုအချိန်မှာ အသည်းကင်ဆာရောဂါ ရှိနေသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို သယ်ဆောင်လာနိုင်ပါတယ်။

ဘယ်လိုကိန်းဂဏန်းကမှ သင့်မှာ ဘာဖြစ်မယ်ဆိုတာ မပြောနိုင်ပါဘူး။ သင့်ကင်ဆာဟာ ထူးခြားပါတယ်။ ကင်ဆာ အမျိုးအစားတူတွေဟာ မတူညီတဲ့သူတွေမှာ မတူညီတဲ့ နှုန်းတွေနဲ့ ဖြစ်နိုင်ပါသေးတယ်။ ကိန်းဂဏန်းတွေဟာ ဒီလူတွေမှာ ရှိတဲ့ ကုသမှုတွေနဲ့ ဒီကုသမှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို သင့်ကိုအသိပေးဖို့ မလုံလောက်ပါဘူး။ လူတစ်ယောက်ချင်းစီမှာ ကုသမှုကို ဆုံး ဖြတ်ပေးတဲ့ အချက်တွေ များစွာ ရှိနိုင်ပါတယ်။ နောက်ဆုံးမှာတော့ သင့်အတွက် ဘယ်ကုသမှုက အကောင်းဆုံးလဲဆိုတာနဲ့ ကုသနေစဉ် (သို့) ကုသမှုအပြီးမှာ သင့်ကိုယ်သင် ဘယ်လောက်ကောင်းကောင်း စောင့်ရှောက်နိုင်လဲ ဆိုတာတွေပေါ် မူတည်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Translated by Phyu Mon latt

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံ
Dr . Phyu Mon Latt မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။