backup og meta

အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလား................

အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလား................

အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ် အများကြီး သက်ရောက်နေတာမို့ အသားအရေက ထိန်းသိမ်းသင့်တဲ့ အရာ တစ်ခု လို့ပဲ ဆိုရပါမယ်။ ဒီလို အသားအရေ ထိန်းသိမ်းတဲ့အခါ အသားအရေထိန်းသိမ်းမှု ပစ္စည်းက မိမိ အသားအရေနဲ့ လိုက်ဖက်အောင် ရွေးချယ်မိဖို့ လိုပါမယ်။

ဒီလိုရွေးချယ်မှု မှားတဲ့အခါ အရေပြားကို ထိခိုက်စေတာမျိုး ဖြစ်နိုင်ပါတ်။ တစ်ခါတလေ အသားအရေထိန်းပစ္စည်းက ကိုယ့်အသားအရေ အမျိုးအစားအတွက်ပဲ ထုတ်ထားတာပါပဲ။

ဒါပေမယ့် လိမ်းလိုက်တဲ့အခါ သက်သာမသွားဘဲ အဖုအပိမ့်တွေ ထပ်ထွက်လာတဲ့အခါမျိုး ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မတည့်တာများလား ဆိုပြီး စိုးရိမ်မိတဲ့ အခိုက်အတန့် လေဒီလေးတိုင်း လိုလိုမှာ ရှိတတ်ပါတယ်။

ဒီတစ်ခေါက်တော့ အသားအရေထိန်းတဲ့ ပစ္စည်း တစ်ခုခု သုံးတဲ့အခါ အရေပြားပေါ်မှာ အဖုအပိမ့်လေးတွေ ထပ်ထွက်လာတာဟာ မတည့်လို့လား ဘာကြောင့်လဲဆိုတာကို သေချာလေး သိနိုင်စေဖို့ ပြောပြပေးပါရစေ။

အသားအရေ ထိန်းသိမ်းသူတိုင်း သိထားဖို့လိုမယ့် အချက်တစ်ခု

အသားအရေ ထိန်းသိမ်းသူတိုင်း သိထားဖို့လိုမယ့် အချက်တစ်ခု

အသားအရေထိန်းတဲ့ ပစ္စည်းတစ်ခုခုကို သုံးတဲ့အခါ အခြေအနေ နှစ်ရပ် ကြုံရနိုင်ပါတယ်။ ဒါကတော့ Skin Purging နဲ့ Breakout ( ကန်ထွက်ခြင်း) ပါ။

ဒီအခြေအနေ နှစ်ရပ်က မတူပါဘူး။ အမြင်မှာ တူသလို ထင်ရပေမယ့် Skin Purging က အသားအရေကို Healing လုပ်ပေးမှုရဲ့ ဖြစ်စဉ် တစ်ရပ်ဖြစ်ပြီး Breakout (ကန်ထွက်ခြင်း) ကတော့ အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ ဖြစ်စဉ် တစ်ရပ်ပါ။ ဒီဖြစ်စဉ် နှစ်ခုက ဘယ်လို ကွားခြားလဲဆိုတာကို အတူတူကြည့် လိုက်ရအောင်နော်။

အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလား ဆိုရင်

အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလားဆိုတာ ဒီလို ခွဲခြားနိုင်ပါတယ်။

အသားအရေက purging ဖြစ်နေတယ်ဆိုရင်

အသားအရေက purging ဖြစ်နေတယ်ဆိုရင် 

အသားအရေက Purging  ဖြစ်တယ်ဆိုတာက အရေပြားပေါ်က ဆဲလ်သေတွေကို မြန်မြန်ဆန်ဆန် ဖယ်ရှားပြီး အရေပြား ဆဲလ်အသစ် ဖြစ်တဲ့နှုန်းကို မြှင့်တဲ့ သဘောပါ။

Active ingredient လို့ခေါ်တဲ့ ဝက်ခြံအတွက် လိမ်းဆေးတွေမှာပါတဲ့ Retinol၊  ဗီတာမင် C၊ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ Hydroxy Acid၊ BHA ၊ Benzoyl peroxide တွေပါတဲ့ skincare တွေ သုံးပြီးတဲ့အခါ အရေပြားထဲမှာ ထွက်ဖို့ ရှိနေတဲ့ ဝက်ခြံတွေက ပုံမှန် အချိန်ထက် လျင်လျင်မြန်မြန်နဲ့ အရေပြားပေါ် ကန်ထွက်လာတဲ့ အခြေအနေပါ။

အသားအရေထိန်းတဲ့ ပစ္စည်း အသစ် ပြောင်းသုံးတဲ့အခါ ပိတ်နေတဲ့ ချွေးပေါက်တွေ ပွင့်သွားပြီး ဆဲလ်သေတွေကို ဖယ်ရှားမှု လုပ်ပေးတဲ့ ဖြစ်စဉ်တွေကြောင့် ထွက်ဖို့ ဟန်ပြင်နေတဲ့ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေ၊ အဆီဖုတွေက အရေပြားပေါ်ကို အစီအရီ ထွက်လာပါတော့တယ်။ ဒါကို အသားအရေက purging ဖြစ်တယ်လို့ ခေါ်ပါတယ်။

ထူးခြားချက်က Purging ဖြစ်တဲ့အခါ ဝက်ခြံ၊ ဆားဝက်ခြံ စတာတွေက ထွက်နေကျ နေရာမှာသာ ထပ်ထွက်တာ ဖြစ်ပြီး အခြား နေရာတွေမှာ မထွက်ပါဘူး။ ရောင်တာ၊ ယားတာ၊ နာတာမျိုး မရှိပါဘူး။ နောက်တစ်ခုက အချိန် မြန်မြန်နဲ့ ပြန်ပျောက် သွားပါတယ်။ အကြာဆုံး ၄၅ ရက်ထက် ပိုမကြာပါဘူး။

တစ်ခါတလေ ဝက်ခြံ အပြင် အရေပြား အဖက်လန်တာမျိုး အထိဖြစ်စေနိုင်ပါတယ်။ အသားအရေကို Healing ဖြစ်စေပြီး အသစ် ပြန်မွေးပေးတဲ့ ဖြစ်စဉ်ပေါ့။

အသားအရေက Breakout (ကန်ထွက်) နေတယ်ဆိုရင်

အသားအရေက Breakout (ကန်ထွက်) နေတာဆိုရင်တော့ ရလာမယ့် အကျိုးဆက်က အပေါ်က ပြောခဲ့တဲ့ အခြေအနေနဲ့ ဆန့်ကျင်ဘက်ပါ။ အသားအရေ ထိခိုက်မှုကို အစပျိုး နေတာပါ။

အရေပြားမှာ Breakout ဖြစ်နေတာဆိုရင်တော့ ထွက်နေကျ မဟုတ်တဲ့ နေရာမှာ ဝက်ခြံ အဖု အကြီးကြီးတွေ ထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီဝက်ခြံတွေက နီမြန်းမယ်။ ရာင်ရမ်းမယ်။ နာကျင်မယ် စတာတွေကို ခံစားရနိုင်ပါတယ်။

ဒီ အနေအထားမှာ သည်းမခံနိုင်လို့ ကုတ်ခြစ်မိမယ် ဆိုရင် ပိုးဝင်ပြီး အရေပြားမှာ အမာရွတ်တွေဖြစ်တာ အပါအဝင် အခြားသော အသားအရေ ထိခိုက်ပျက်စီးမှုတွေကို ခံစားရနိုင်ပါတယ်။

ဒီအနေအထားကို သက်သာစေဖို့ဆိုရင်တော့ လက်ရှိ သုံးနေတဲ့ အသားအရေထိန်း ပစ္စည်းတွေကို ရပ်ပစ်ပြီး အသားအရေနဲ့ အသင့်တော်ဆုံး ဖြစ်မယ့် အသားအရေထိန်း ပစ္စည်း အသစ်ကို ရှာတာ၊ ဆရာဝန်နဲ့ ပြတာမျိုးတွေ လုပ်ရပါမယ်။

ဒီအနေအထားမှာ သေချာ မကုသမိတဲ့အခါ ဝက်ခြံနဲ့ အရေပြား ပိုးဝင်တာမျိုး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာပြီး အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါ​ကြောင့် အသားအရေလေး ကျန်းမာစေဖို့ဆိုရင် အရေပြားကို ပုံမှန် သန့်စင်ပါ။ ဆိတ်ဆွတာ၊ ကုတ်ဖဲ့တာတွေ မလုပ်ပါနဲ့၊ အသားအရေ အမျိုးအစားနဲ့ လိုက်ဖက်တဲ့ အသားအရေထိန်း ပစ္စည်းမျိုးကို ရွေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How To Tell If Your Skin Is Purging Or Breaking Out https://eminenceorganics.com/ca/blog/2020/09/03/how-tell-if-your-skin-purging-or-breaking-out Accessed Date 21 January 2021

The Secrets to Deciphering — and Stopping — Skin Purging https://www.healthline.com/health/beauty-skin-care/skin-purging Accessed Date 21 January 2021

ယခုပုံစံ

17/02/2021

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အအေးဒဏ်ကြောင့် အရေပြားမှာအဖုအပိမ့်တွေ မထအောင်ကာကွယ်မယ်

အရေပြား ယားယံတာ သက်သာစေဖို့ ဘာတွေ စားရမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 17/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement