backup og meta

ခန္ဓာကိုယ်ပေါ်က အရေပြား ဘာတွေများ လုပ်ပေးသလဲ!

ခန္ဓာကိုယ်ပေါ်က အရေပြား ဘာတွေများ လုပ်ပေးသလဲ!

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေလို့ တွေးလိုက်မိပြီဆိုရင် အရင်ဆုံး ပေါ်လာတာက နှလုံးတွေ၊ အဆုတ်တွေ၊ ကျောက်ကပ်တွေဟုတ်။ တကယ်ကတော့ ဒီအစိတ်အပိုင်းတွေက အရေးကြီးသလို အရေပြားကလည်း အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ အခုတစ်ခေါက်တော့ ခန္ဓာကိုယ်ပေါ်က အရေပြား ဘာတွေများ လုပ်ပေးသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

ခန္ဓာကိုယ်ပေါ်က အရေပြား ဘာတွေများ လုပ်ပေးသလဲ!

အရေပြားက ခန္ဓာကိုယ်ပေါ်မှာ အကြီးဆုံး အစိတ်အပိုင်း ဖြစ်သလို အမြင်သာဆုံး အစိတ်အပိုင်းပါ။ ဒါပေမယ့် အရေပြားရဲ့ စွမ်းဆောင်မှုတွေနဲ့ အရေးပါမှုတွေကိုတော့ တော်တော်များများက သတိ မထားမိကြပါဘူး။ 

တကယ်ကတော့ အရေပြားက လူတစ်ယောက်ရဲ့ အသွင်အပြင် သက်ရောက်မှုပေါ်မှာတင် သက်ရောက်နေတာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်ကို အဆိပ်ရှိတဲ့ အရာတွေကနေ ကာကွယ်ပေးသလို ကိုယ်အပူချိန်ကို ထိန်းညှိဖို့လည်း လုပ်ဆောင်ပေးပါတယ်။ 

အရေပြားက ကျန်းမာတယ်ဆိုတာက ခန္ဓာကိုယ် ကျန်းမာတယ်ဆိုတာကို ဖော်ပြနေတဲ့ သရုပ်သကန် တစ်ခုပါ။ အရေပြားမှာ အလွှာတွေ ပါရှိပြီး ခန္ဓာကိုယ်ကို ပြင်ပက အရာတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ ကာကွယ်ပေးထားတဲ့ အကာအကွယ် တစ်ခုပါ။ အရေပြားက ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်း အထိ ရှိပါတယ်။

ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးဖြစ်သလို အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်တဲ့ အရေပြားက 

  • ကိုယ်ခံအားကို ထောက်ပံ့ပေးတယ်
  • ကိုယ်တွင်းအင်္ဂါတွေကို ဖုံးအုပ် ကာကွယ်ပေးတယ်
  • ချွေးထွက်စေတယ်
  • ဗီတာမင် D ကို ထုတ်လုပ်ပေးတယ်
  • မယ်လ်လာနင် ထွက်ရှိစေတယ်
  • အသားအရောင် ကွဲပြားစေဖို့ လုပ်ဆောင်ပေးတယ်
  • အပူချိန်  ထိန်းညှိပေးတယ်
  • ထိတွေ့မှုတွေကို သိရှိစေဖို့ လုပ်ဆောင်ပေးတယ်။

ဒါတွေအပြင် ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေဖြစ်တဲ့

ထိခိုက်စေနိုင်တဲ့ အရာတွေကနေ ကာကွယ်ပေးတယ်

အရေပြား ခန္ဓာကိုယ်ရဲ့ ခံတပ်ပါ။ ဘာကြောင့် ဒီလို ပြောရသလဲ ဆိုတော့ အရေပြားက ခန္ဓာကိုယ်တွင်းကို  ဘက်တီးရီးယားလိုမျိုး ပြင်ပကနေ အန္တရာယ်ဖြစ်စေတဲ့ အရာတွေကို ဝင်မလာအောင် တားဆီးပေးပါတယ်။

ခန္ဓာကိုယ်တွင်းက သွေးဖြူဥဆဲလ်တွေက အရေပြားမှာ လည်ပတ်ရင်း ကိုယ်ခံအားကို တပ်လှန့်ပေးထားပါတယ်။ အဆီဂလင်းတွေက အဆီတွေကို ထုတ်ပေးရင်း အရေပြားကို နူးညံ့အောင် လုပ်ဆောင်ပေးသလို ပြင်ပက အရာဝတ္ထုတွေ ဝင်မလာစေဖို့ ကာကွယ်ပေးထားပါတယ်။ 

ကြွက်သားတွေ၊ အရိုးတွေ၊ ကိုယ်တွင်းအင်္ဂါတွေနဲ့ အာရုံကြောစနစ်တို့ကို ဖုံးအုပ်ပေးထားတယ်

အရေပြားရဲ့ ကာကွယ်ပေးမှုက ကိုယ်ခံအားစနစ်မှာတင် အဆုံးသတ် မသွားပါဘူး။ အရေပြားရဲ့ အဆီလွှာက တော်တန်ရုံ ထိခိုက်မှုတွေကနေ ကာကွယ်ပေးထားပါတယ်။ 

ခန္ဓာကိုယ်က ပြင်းထန်တဲ့ ထိခိုက်မှုတွေကို ခံစားရချိန်မှာ ဖြစ်ဖြစ်၊ ပြုတ်ကျတာ၊ ကားတိုက်တာမျိုးတွေကို ခံစားရချိန်မှာ ခန္ဓာကိုယ်မှာ ထိခိုက်မှု နည်းစေဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် အဆီပြင်တွေက ကူရှင်တွေလိုမျိုး ကာကွယ်ပေးပါတယ်။ 

ချွေးထွက်စေတယ်

ချွေးထွက်တယ်ဆိုတာက ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေ လုပ်ဆောင်လိုက်ရတယ်လို့ ဖော်ပြရုံ သက်သက် မဟုတ်ပါဘူး။ ချွေးထွက်တာက ခန္ဓာကိုယ်ကို အပူချိန် မကဲစေဘဲ အရေပြားကို အေးမြစေဖို့ ထောက်ကူပေးပါတယ်။

ချွေးကို ခန္ဓာကိုယ်မှာ ရှိတဲ့ ဂလင်း ၂ မျိုးဖြစ်တဲ့ Eccrine ဂလင်း နဲ့ Apocrine ဂလင်းကနေ ထုတ်ပေးပါတယ်။ Eccrine ဂလင်းက ခန္ဓာကိုယ် အစိတ်အပိုင်း များစွာမှာ ရှိနေပြီး အရေပြား မျက်နှာပြင်ပေါ်မှာ ရှိနေတာပါ။ Apocrine ဂလင်းကတော့ ဦးရေပြား၊ ချိုင်းကြားနဲ့ ပေါင်ခြံတို့မှာ ရှိပါတယ်။

ခန္ဓာကိုယ်မှာ ချွေးထွက်တယ် ဆိုတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးပါတယ်။ 

ဗီတာမင် D ရရှိစေဖို့ လုပ်ဆောင်ပေးတယ်

ဗီတာမင် D ကို နေရောင်ခြည်ကနေ ရရှိပြီး အရေပြားက ခန္ဓာကိုယ်အတွက် ဗီတာမင် D ရရှိစေဖို့ လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်အတွက် ဗီတာမင် D က အတော်လေး အရေးပါတာပါ။ ဗီတာမင် D က 

  • အရိုး ကျန်းမာစေတယ်
  • အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတယ်
  • ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးတယ်
  • ဆိုရီရေးစစ် သက်သာစေတယ်
  • နှင်းခူရောဂါကို သက်သာစေပါတယ်

မယ်လ်လာနင် ပါဝင်နေတယ်

မယ်လ်လာနင် ဆိုတာက အသားအရောင်တွေကို ဖြစ်ပေါ်စေတဲ့ ရောင်ခြယ်ပစ္စည်း တစ်မျိုးပါ။ အရေပြား အပေါ်ယံလွှာမှာ တွေ့ရနိုင်ပါတယ်။ မယ်လ်လာနင် များလေလေ အရေပြားက အရောင်ရင့်လေလေပါ။ 

မယ်လ်လာနင်က အသားအရောင်ပေါ်မှာတင် သက်ရောက်စေတာ မဟုတ်ဘဲ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ပေးပါတယ်။  ခရမ်းလွန်ရောင်ခြည်က 

ထိတွေ့မှုကို သိစေတယ်

အရေပြားရဲ့ နောက်ထပ် အစွမ်းတစ်ခုကတော့ ခွေးလေးတွေကို ထိတွေ့တာ၊ သူငယ်ချင်းတွေကို ပွေ့ဖက်တာ၊ နွေးထွေးမှု၊ အေးမြမှုတွေကို သိရှိသလို နာကျင်မှုတွေကိုလည်း သိရှိစေပါတယ်။ 

အရေပြားက အပူအအေးကို သိစေနိုင်သလို ထိတွေ့မှုတွေကိုလည်း သိစေနိုင်ပါတယ်။ 

# အနှစ်ချုပ်

  • အရေပြားက ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အစိတ်အပိုင်းပါ
  • အရေပြားမှာ အဓိကအလွှာကြီး ၃ ခု ပါဝင် ဖွဲ့စည်း ထားပါတယ်
  • ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို မဝင်ရောက်နိုင်အောင် တားဆီးပေးတယ်
  • ရေဓာတ်ဆုံးရှုံးမှု မဖြစ်အောင်  ကာကွယ်ပေးတယ် 
  • ချွေးထွက်စေပြီး ကိုယ်အပူချိန် ထိန်းညှိပေးတယ်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Your Skin Is a Superhero: 6 Things the Skin Does https://healthy-skin.me/skin-does-superhero/ Accessed Date 17 July 2023

Structure and functions of the skin https://www.hse.gov.uk/skin/professional/causes/structure.htm#:~:text=Provides%20a%20protective%20barrier%20against,(touch%2C%20detects%20temperature).  Accessed Date 17 July 2023

Skin https://my.clevelandclinic.org/health/articles/10978-skin Accessed Date 17 July 2023

How does skin work? https://www.ncbi.nlm.nih.gov/books/NBK279255/ Accessed Date 17 July 2023

Skin explained https://www.betterhealth.vic.gov.au/health/conditionsandtreatments/skin Accessed Date 17 July 2023

ယခုပုံစံ

30/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေပြားမှိုစွဲတာ အမြစ်မပြတ်ရတဲ့ အကြောင်းရင်း

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement