ဗီတာမင် B ကဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို အထောက်အကူပြုသလို ခန္ဓာကိုယ်ကိုလည်း အင်အားပြည့်စေပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ဗီတာမင် B များများထည့်သွင်းစားသုံးမယ်ဆိုရင် စွမ်းအင်တွေဖြစ်လာစေဖို့အတွက် ဆဲလ်တွေက အာဟာရဓာတ်တွေ ဖြိုခွဲလုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပြီး အသည်းတဝိုက်မှာ အဆီပိုတွေ စုစည်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဗီတာမင် B ကခြေကုန်လက်ပမ်းကျတာကို သက်သာစေပြီး တစ်နေကုန်လန်းဆန်းတက်ကြွနေအောင်လုပ်ဆောင်ပေးမှာပါ။ အဆိပ်အတောက်ကင်းပြီး ကျန်းမာတဲ့ အသည်းဖြစ်စေဖို့ဆိုရင် နေ့စဉ် ဗီတာမင် B ကိုစားသုံးဖို့ မမေ့ပါနဲ့။
ဗီတာမင် C ပြည့်ပြည့်ဝဝရရှိအောင် စားသောက်ပါ
ဗီတာမင် C ကစွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုပါ။ ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ဗီတာမင် C က အသည်းလိုမျိုး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို အဆိပ်အတောက်တွေနဲ့ Free radicals တွေကြောင့် ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဗီတာမင် C ပါဝင်အောင်စားသုံးပေးမယ်ဆိုရင် အသည်းကို ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်သွားမှာပါ။
ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေစားသုံးပေးပါ
ကိုယ်တွင်းက ကိုလက်စထရောတွေကို လျှော့ချဖို့၊ နှလုံးသွေးကြောစနစ်တွေကို ကျန်းမာစေဖို့နဲ့ သွေးပေါင်ချိန်တိုးတာတွေကို လျော့ပါးသက်သာစေဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးက ပိုတက်ဆီယမ်ပါ။ အသည်းကျန်းမာစေဖို့အတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပေါ့။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ် တို့လိုမျိုး အသီးအရွက်တွေကို ထည့်သွင်းစားသုံးပေးပါ။
သံဓာတ်လုံလောက်အောင် စားသုံးပေးပါ
သွေးနီဥဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပေါ့။ အသည်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ်တွေကို ထုတ်ပေးရတဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း ဟုတ်ပါတယ်။ အသည်းက သံဓာတ်တွေကို စုဆောင်းထားပြီး ခန္ဓာကိုယ် လိုအပ်တဲ့အခါ ထုတ်ပေးတာပါ။ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ သံဓာတ်မလုံလောက်တဲ့အခါမျိုးမှာ အသည်းက စုဆောင်းထာတဲ့ သံဓာတ်တွေကို ထုတ်လုပ်ပေးရပါတယ်။ သံဓာတ်ပမာဏကို အများကြီးထုတ်ပေးရတဲ့အခါ အသည်းမှာ ထိခိုက်ပျက်စီးတာတွေဖြစ်လာပါတော့တယ်။ ဒါကြောင့် ကျန်းမာတဲ့ အသည်းဖြစ်ဖို့ဆိုရင် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ သံဓာတ်ရရှိစေနိုင်မယ့် အစားအစာတွေကို စားသုံးပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။