home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျန်းမာရေးဝန်ထမ်းတွေဟာ သာမန်လူတွေထက် ကိုဗစ်ကြောင့်ထိခိုက်နိုင်ခြေ ၇ ဆ ပိုများ

ကျန်းမာရေးဝန်ထမ်းတွေဟာ သာမန်လူတွေထက် ကိုဗစ်ကြောင့်ထိခိုက်နိုင်ခြေ ၇ ဆ ပိုများ

COVID-19 ရောဂါကပ်ဘေးရဲ့ ရှေ့တန်းစစ်မျက်နှာကနေ တိုက်ပွဲဝင်နေကြတဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခတွေက မသေးလှပါဘူး။ ရောဂါကူးစက်ခံထားရတဲ့ လူနာတွေကို ပြုစုကုသရင်း ကိုယ်တိုင်လည်း မကူးစက်အောင် သတိကြီးကြီးထားပြီး ကာကွယ်လုပ်ကိုင်နေရတာပါ။

ဘာကြောင့်လဲဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းတစ်ယောက် COVID-19 ရောဂါကူးစက်ခံလိုက်ရတာဟာ ခုခံကာကွယ်နိုင်စွမ်းကို ယုတ်လျော့သွားစေတာဖြစ်ပြီးတော့ လူနာတွေအတွက်ရော တိုင်းပြည်အတွက်ရော ကမ္ဘာကြီးအတွက်ပါ နစ်နာမှုတစ်ရပ်မဟုတ်လား။

ခုလည်း ဗြိတိန်နိုင်ငံအခြေစိုက် Occupational & Environmental Medicine ကျန်းမာရေးစာစောင်ကြီးက ကိုဗစ်ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေ ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်တွေကို ဖော်ပြခဲ့ပါတယ်။ သူတို့ဦးဆောင်ပြုလုပ်ပြီး ဖော်ပြခဲ့တဲ့ လေ့လာချက်ရဲ့ အဆိုအရတော့ ကျန်းမာရေးဝန်ထမ်းတွေဟာ သာမန်လူတွေထက် ကိုဗစ်ကြောင့် ထိခိုက်နိုင်ခြေ ၇ ဆ ပိုမြင့်မားပါတယ်တဲ့။

ယခုလေ့လာချက်ဟာ ကျန်းမာရေးပညာရှင်တွေအပြင်၊ ကျန်းမာရေးအကူဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ (လူနာတင်ယာဉ်မောင်းနှင်တဲ့) သယ်ယူပို့ဆောင်ရေးဝန်ထမ်းတွေနဲ့ အထွေထွေ အကူဝန်ထမ်းတွေကိုပါ ထည့်သွင်း လေ့လာထားတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ကျန်းမာရေးဝန်ထမ်းတွေဟာ ကပ်ဘေးကာလ ပြင်းထန်တဲ့ အကျပ်အတည်းကြားထဲမှာ နေ့စဉ်ပင်ပင်ပန်းပန်း လုပ်ဆောင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

ဒီလူတွေကြားထဲမှာမှ ကျန်းမာရေးအကူဝန်ထမ်းတွေဟာ ထိခိုက်နိုင်ခြေအများဆုံးလို့ လေ့လာချက်ကဆိုပါတယ်။ သူတို့ချည်းပဲတွက်ချက်မယ်ဆိုရင် ၉ ဆ လောက်အထိများပြားနေတာပါ။ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းတွေကတော့ သာမန်လူတွေထက် ၆၀% လောက် အန္တရာယ်ပိုများပါတယ်တဲ့။

ဒီလေ့လာချက်ဟာ ဗြိတိန်နိုင်ငံလိုမျိုး ကျန်းမာရေးစံနှုန်းနဲ့ နည်းပညာမြင့်မားတဲ့ တိုင်းပြည်မျိုးမှာ ပြုလုပ်ထားတဲ့ လေ့လာချက်ဖြစ်တာမို့ ဆင်းရဲချို့တဲ့ပြီး ဆေးဝါးပစ္စည်းကိရိယာလုံလုံလောက်လောက် မရှိတဲ့ တိုင်းပြည်မျိုးတွေမှာဆိုရင် ကျန်းမာရေးဝန်ထမ်းတွေဟာ ဒီထက်ပိုများတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ယူဆရမှာပါ။

နေ့စဉ်လူနာတွေနဲ့ ထိတွေ့နေရသူတွေမို့ ဒီလို အန္တရာယ်များလှတာဖြစ်ပါတယ်။ လူနာတွေ့ရှိမှုတွေ ကုန်ဆုံးမသွားခင်အချိန်အထိ သူတို့တွေ အနေနဲ့ ဒီအန္တရာယ်တွေအကြားမှာ လူတွေကို ပြုစုကုသဖို့ ဆက်လက်တိုက်ပွဲဝင်နေကြရဦးမှာဖြစ်ပါတယ်။

အပြန်အလှန်ကူညီခြင်းဖြင့်သာ

လက်ရှိမြန်မာနိုင်ငံတွက် ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁ သိန်း ၂ သောင်းကျော်အထိ ရှိခဲ့ပြီဖြစ်ပြီး သေဆုံးသူစုစုပေါင်းမှာလည်း ၂၆၆၄ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီအရေအတွက်ထဲမှ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း အမြောက်အများပါရှိနေပါတယ်။

လူနာအရေအတွက် တိုးပွားလာလေလေ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ ပိုမိုပြီး ပင်ပန်းလေလေဖြစ်ပါတယ်။ ၉ လကျော်ကြာ ကပ်ဘေးကို ရင်ဆိုင်လာရတာကြောင့် ခြေကုန်လက်ပမ်းကျမှုတွေလည်း ရှိတန်သလောက် ရှိနေပါတယ်။

လူတစ်ဦးချင်းစီရဲ့ စည်းကမ်းတကျ စည်းမျဉ်းတွေကို လိုက်နာပြီးနေထိုင်ခြင်းဟာ ကိုယ့်ကိုယ်ကို ရောဂါမကူးစက်အောင် ကာကွယ်ရုံသာမက ပင်ပန်းနေပြီဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပင်ပန်းမှု တစ်စုံတစ်ရာလျော့သွားအောင် ကူညီပေးရာရောက်ပါတယ်။ ကိုယ်တစ်ဦးတည်းအတွက်သာ အကျိုးရှိတာမဟုတ်ပါဘူး။ လူသားထုတစ်ရပ်လုံးအတွက် အကျိုးရှိစေတာပါ။

ဒါကြောင့် မိမိမှာ ရောဂါပိုးကူးစက်ခံထားရခြင်းမရှိသေးဘူးဆိုရင် သက်ဆိုင်ရာဌာနတွေကနေ ထုတ်ပြန်ထားတဲ့

ဒီလိုဆိုရင် ကိုယ်တစ်ဦးအတွက်သာမက လူသားထုအတွက်ရော ပင်ပန်းနေပြီဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုရော ကူညီပေးရာရောက်မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 05/01/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။