backup og meta

ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့

    ဟင်းချက်လို့ ပဲဖြစ်ဖြစ်၊ အသားငါးတွေ ဆေးကြော သန့်စင်လို့ ပဲဖြစ်ဖြစ်၊ လက်သည်းကို အရောင် ပြောင်းစေနိုင်တဲ့ အရာ တစ်ခုခုကို ကိုင်တွယ် ထိတွေ့မိလို့ ပဲဖြစ်ဖြစ် လက်သည်းတွေ ဝါနေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့။ ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့ လုပ်ဆောင်လို့ ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။

    လက်သည်းတွေ ဘာကြောင့် ဝါ

    လက်သည်းတွေ ဝါရတာက ကျန်းမာရေးကြောင့်ပဲ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရင်းတွေ ဖြစ်ကြတဲ့

  • ဟင်းတွေ ချက်ပြုတ်တာ (အထူးသဖြင့် အရောင်တင်မှုန့် နဲ့ နနွင်းမှုန့် သုံးပြီး ချက်ရတာမျိုးတွေ)
  • အသား၊ ငါးတွေကို ဆား၊ နနွင်း နယ်တာ
  • အသား၊ ငါး၊ ပုစွန် စတာတွေကို ဆေးကြောတာ
  • လက်သည်း ဆိုးဆေးတွေ
  • အရောင် ပါတဲ့ အရာတွေကို ကိုယ်တွယ် ထိတွေ့ ရတာတွေကြောင့် လက်သည်း ဝါတာ အရောင် ပြောင်းတာတွေ ဖြစ်နိုင်ပါတယ်။
  • ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့

    ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့

    ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့ ဒီ နည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။

    သွားတိုက်ဆေး

    သွားတိုက်ဆေးက သွားတွေ ကိုတင် ဖြူစေတာ မဟုတ်ပါဘူး။ လက်သည်းတွေ ကိုလည်း ဖြူစေနိုင်ပါတယ်။ သွားတိုက်ဆေး ဆိုတဲ့နေရာမှာ ဂျယ်လ် အမျိုးအစားထက် white paste ဖြစ်တာက ပိုအဆင်ပြေ ပါတယ်။

    သွားတိုက်ဆေးကို လက်သည်း ပေါ်မှာ လိမ်းပြီး ခပ်ဖွဖွလေး စက်ဝိုင်းပုံ ပွတ်ပေးပါ။ ပြီးရင် ရေဆေးချပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် ပုံမှန်လေး လုပ်ပေးရုံပါ။

    သံပုရာရည်က သဘာဝ အရောင် ချွတ်ဆေး တစ်မျိုးပါ။ ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့ရော လက်သည်းပေါ်က အစွန်းအထင်းတွေကို သက်သာ စေဖို့ပါ အသုံးပြုပေးနိုင် ပါတယ်။

    သံပုရာသီးကို ထက်ခြမ်း ခြမ်းလိုက်ပါ။ ပြီးရင် လက်သည်းတွေ ပေါ်မှာ ၁၅ မိနစ် ကြာ ဖိပွတ်ပါ။ ပြီးရင် လက်ဆေး ဆပ်ပြာရည်လေးနဲ့ ဆေးကြော သန့်စင်လိုက်ပါ။ ပုံမှန်လေး လုပ်ပေးမယ် ဆိုရင် ဖြူစင် ကြည်လင်နေတဲ့ လက်သည်းလေးတွေကို ရရှိစေနိုင် မှာပါ။

    ပန်းသီးရှာလကာရည်

    ပန်းသီးရှာလကာရည်က မှိုပိုးတွေကို သေစေနိုင် သလို လက်သည်း ပိုးဝင်တာတွေ၊ လက်သည်း အရောင် ပြောင်းတာတွေကို သက်သာစေနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ရေ တစ်ခွက်စာနဲ့ ရောပြီး မွှေပါ။ ပြီးရင် အဲ့ရေထဲမှာ လက်တွေကို ၁၅ မိနစ်လောက် စိမ်ထားပေးပါ။ တစ်ပတ် တစ်ကြိမ် လုပ်ပေးမယ် ဆိုရင် သိသာတဲ့ ရလဒ်ကို ရရှိမှာပါ။

    ဒီနည်းလမ်းတွေကို ခြေသည်းတွေ ဝါနေရင်လည်း အသုံးပြုပေးလို့ ရပါတယ်။ ပုံမှန် လုပ်ဆောင်ပေးမယ် ဆိုရင် ခြေသည်း လက်သည်းတွေ ပိုးလည်း ကင်းပြီး ကြည်လင် လှပနေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement