backup og meta

အလှအပအတွက် ဥသျှစ်ရွက်ရဲ့ အသုံးဝင်ပုံက

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလှအပအတွက် ဥသျှစ်ရွက်ရဲ့ အသုံးဝင်ပုံက

    ဥသျှစ်ရွက်က တို့စားလို့တင် ရတာ မဟုတ်ပါဘူး။ အသားအရေ နဲ့ ဆံသား အလှအပတွေအတွက်လည်း အသုံးဝင်ပါတယ်။ အလှအပအတွက် ဥသျှစ်ရွက်ရဲ့  အသုံးဝင်ပုံက ဘယ်လိုများလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဥသျှစ်ရွက် ဆိုတာ

    ဥသျှစ်ရွက် ဆိုတာက ဥသျှစ်ပင်ရဲ့ အရွက်ပါ။ ဥသျှစ်ပင် ဆိုတာက အပူပိုင်း ဒေသမှာ အများဆုံး ပေါက်ရောက်တဲ့ အပင် တစ်မျိုးပါ။ ဆေးဖက်ဝင် အာနိသင်တွေလည်း ကြွယ်ဝ ပါတယ်။ အမြင့်ပေ ၃၀လောက်ထိရှိတဲ့ အပူပိုင်းဒေသအပင်တစ်မျိုးပေါ့။

    ဥသျှစ်ရွက်က အစိမ်းရောင် ရှိပြီး ခပ်ရှိန်ရှိန်း အနံ့ မွှေးမွှေးလေး ရှိပါတယ်။ အိန္ဒိယ နဲ့ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ တို့မှာ ပေါက်ရောက် သလိုမြန်မာနိုင်ငံ နဲ့ အခြား တောင်အာရှ နိုင်ငံတွေ မှာလည်း ပေါက်ရောက် ကြပါတယ်။

    ဥသျှစ်ရွက်ကို နုချိန်မှာ အစိမ်းစားလို့ ရသလို ဥသျှစ်သီးတွေကိုလည်း မှည့်လာရင် ဖျော်သောက်တာမျိုး လုပ်လို့ ရပါတယ်။ အရွက်ရင့်တွေကိုတော့ အလှအပအတွက် အသုံးပြုပေးလို့ ရပါတယ်။

    အလှအပအတွက် ဥသျှစ်ရွက်ရဲ့ အသုံးဝင်ပုံက

    အလှအပ အတွက် ဥသျှစ်ရွက်ရဲ့ အသုံးဝင်ပုံတွေက ဘာတွေလဲ ဆိုတော့

    • အစက်အပြောက်တွေကို သက်သာစေနိုင်ပါတယ်

    ဥသျှစ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင် နေတာကြောင့် ဥသျှစ်ရွက်ကို အခြောက်ခံ အမှုန့် ကြိတ်ပြီး အုန်းဆီ နဲ့ ရောလို့ ခပ်ပျစ်ပျစ်လေး မွှေလေးလိုက်ပါ။

    ပြီးရင်တော့ အရေပြား ပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ်။ ဒီလို လုပ်ပေးတာက အရေပြားပေါ်က အစက်အပြောက်တွေကို သက်သာစေနိုင်ပါတယ်။

    ဒီလိုမှ မဟုတ်လည်း ဥသျှစ်ရွက်ကို ကြိတ်ပြီး သတ္တုရည်ကို အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့  ရပါတယ်။

    • အရေးအကြောင်းတွေကို သက်သာစေနိုင်ပါတယ်

    ဥသျှစ်ရွက်က အဆီပြန်တာကို သက်သာ စေနိုင်သလို အရွယ်တင်စေ နိုင်ပါတယ်။ ဥသျှစ်ရွက်ကို အရေပြားမှာ အသုံးပြုပေးတာက အရေးအကြောင်းတွေကို သက်သာစေနိုင်ပါတယ်။

    အသားအရေကို တင်းရင်းစေပြီး အရွယ်တင် စေဖို့ ထိထိရောက်ရောက် ထောက်ကူပေးမှာပါ။

  • အသားအရေကို ကြည်လင်စေပါတယ်
  • အသားအရေကို ကြည်လင် စေချင်ရင် ဥသျှစ်ရွက်ကို သုံးပေးလို့ ရပါတယ်။ ဥသျှစ်ရွက်ဆီကို အရေပြားမှာ လိမ်းပေးပြီး  ပုံမှန် နှိပ်နယ်ပေးမယ် ဆိုရင်တော့ ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါ။

    • ဆံပင်ကို ထူထဲစေတယ်

    ဆံပင်တွေ ကျွတ်တာကို သက်သာစေဖို့ ဥသျှစ်ဆီကို သုံးပေးလို့ ရပါတယ်။ ဆံပင်ကို အရင်း ကနေ အဖျားထိ သန်မာစေပြီး ဆံပင်တွေကို ထူထဲ သန်မာစေဖို့ ထောက်ကူပေး ပါတယ်။

    • ဦးရေပြားကို ကျန်းမာစေတယ်

    ဥသျှစ်ဆီကို ဦးရေပြားမှာ လိမ်းပေးပြီး နှိပ်နယ် ပေးတာက ဦးရေပြားကို ကျန်းမာစေပြီး သွေးလည်ပတ်မှု ကောင်းစေဖို့လည်း ထောက်ကူပေးမှာပါ။ နောက် တစ်ချက်က ဆံပင်ဖြူတာ ကိုလည်း သက်သာစေမှာပါ။

    • ဗောက်သက်သာစေတယ်

    ဦးရေပြားက ဗောက်တွေကို သက်သာစေဖို့ ဆိုရင် ဥသျှစ်ဆီကို သုံးလို့ ရပါတယ်။ ဥသျှစ်ဆီက ဦးရေပြားကို ကျန်းမာ စေသလို ဆံသားခြောက်သွေ့တာကိုလည်း သက်သာစေနိုင်ပါတယ်။

    ဗောက် ထတာကိုလည်း သက်သာစေနိုင် ပါတယ်။ ဒါကြောင့် ဗောက် သက်သာစေဖို့ ဆိုရင်တော့ ဥသျှစ်ဆီကို သုံးပေးလို့ ရပါတယ်။

    သတိပြုရန်

    ဥသျှစ်ရွက်က အသားအရေအတွက် အသုံးပြုနိုင်တယ်ဆိုပေမယ့် ဆက်ပြီး လေ့လာမှုတွေ လုပ်ဖို့ လိုပါသေးတယ်။ ဓာတုဓေဒနည်းအရ သန့်စင်ထားခြင်း မရှိတဲ့အခါ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နိုင်တာကြောင့် သတိထားအသုံးပြုဖို့ လိုပါတယ်။ အထူးသဖြင့် ဓာတ်မတည့် ပြဿနာရှိသူတွေ၊ ထိခိုက်လွယ် အသားအရေရှိသူတွေ၊ အရေပြားပြဿနာတစ်ခုခု ရှိတဲ့သူအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement