နောက်ထပ် အလှအပ အာနိသင် တစ်ခုက အရွယ်တင် နုပျိုစေတာပါ။ ပုစွန်စာရွက် က ကော်လာဂျင် ထွက်ရှိမှု တိုးအောင် လှုံ့ဆော်ပေးပြီး အရေးအကြောင်း ကင်းလို့ အသားအရေကို တင်းရင်း လှပစေပါတယ်။
အသက်အရွယ် ရလာတဲ့အခါ မျက်လုံးအောက်မှာ ဖြစ်လာတတ်တဲ့ မျက်အိတ် ဖောင်းဖောင်းတွေကို သက်သာစေဖို့အတွက်လည်း ပုစွန်စာရွက် ကို အသုံးပြုလို့ ရပါတယ်။ မျက်နှာပေါ်က ရောင်ရမ်းမှုတွေကို သက်သာစေဖို့လည်း ပုစွန်စာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
ပုစွန်စာရွက် က ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဝက်ခြံကြောင့် နီမြန်းတာ၊ ရောင်ရမ်းတာတွေကို သက်သာစေပြီး ပိုးဝင်တာကြောင့် ကျန်ရစ်ခဲ့တဲ့ အမာရွတ်၊ အမည်းစက်တွေကိုပါ သက်သာစေနိုင်ပါတယ်။
အသားအရေတွေ ကြမ်းတမ်းနေတယ်။ နေလောင်ပြီး ပျက်စီးနေတယ်ဆိုရင်တော့ တစ်နေ့ကို တစ်ကြိမ် ဒါမှမဟုတ် ၂ ကြိမ်လောက် ပုစွန်စာရွက် ပြုတ်ရည်နဲ့ ရေချိုးပေးပါ။ ရောင်ရမ်းတာတွေကို သက်သာစေသလို အသားအရေကို အားဖြည့်ပေးတာကြောင့် အသားအရေကို ချောမွေ့စေမှာပါ။
ကဲ……. ပုစွန်စာရွက် ကပေးတဲ့ အလှအပ ဆိုတာ ဘာလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။ ပုစွန်စာရွက်က စားကောင်းရုံတင် မဟုတ်ဘဲ အခုလိုလေးတွေလည်း အသားအရေကို ထောက်ပံ့ပေးပါသေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။