backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

သင့်ရဲ့ နှုတ်ခမ်းနီကို စဉ်းစားပြီးမှ ရွေးချယ်စေချင်ပါတယ်

သင့်ရဲ့ နှုတ်ခမ်းနီကို စဉ်းစားပြီးမှ ရွေးချယ်စေချင်ပါတယ်
သင့်ရဲ့ နှုတ်ခမ်းနီကို စဉ်းစားပြီးမှ ရွေးချယ်စေချင်ပါတယ်

နှုတ်ခမ်းနီနဲ့ ပတ်သက်ပြီး အငြင်းအခုန်တွေဖြစ်တာ အတော်ကြာပြီ ဖြစ်ပေမယ့် ဘာ့ကြောင့်ပါလဲ။

  • ခဲ။

နှုတ်ခမ်းနီမှာ ခဲ ပါပါတယ်။ လူအများစုကတော့ “ သြော်.. ခဲပါတာလား၊ အဲ့တော့ ဘာဖြစ်လို့လဲ၊ ကျွန်တော်တို့ နေ့တိုင်း စားနေတာတွေလည်း လုံးဝ သန့်ရှင်းတာ မဟုတ်ပါဘူး။ အဲ့တော့ ရေတွက်လို့ ရနိုင်မယ့် ပမာဏထက် နည်းမယ့် ဒီ ခဲ ပမာဏနည်းနည်းကို ဘာလို့ စိတ်ရှုပ်ခံမှာလဲ “ ဆိုတဲ့နေရာမှာ ရပ်သွားမှာပါ။ ဒါက ပိုကြီးတဲ့ ပြဿနာ ရှိပါတယ်။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနက နှုတ်ခမ်းနီ အခု ၄၀၀ မှာ ပါဝင်တဲ့ ခဲပမာဏကို လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ တစ်ခုဆီမှာ ဝ.၉ ~ ၃.၀၆ ppm ပါဝင်တယ်လို့ သိကြရပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းနီတိုင်းလိုလိုမှာ ခဲ ပါဝင်ပါတယ်။

  • လူတိုင်း နှုတ်ခမ်းနီ သုံးကြလား။

အများစုက သုံးကြပါတယ်။ ပြောရရင် အမျိုးသမီးတွေက နှုတ်ခမ်းနီကို အလှအပ အကူပစ္စည်းတစ်ခု အနေနဲ့ သတ်မှတ်ကြပါတယ်။ အချိန်ပြည့် အလုပ်တစ်ခုလို့ကို သတ်မှတ်ထားကြပါတယ်။ မိန်းကလေးတစ်ယောက် သူမနှုတ်ခမ်းပေါ် အနီရောင် နည်းနည်း တင်တာ အဆန်းတကျယ် မြင်ကွင်းတစ်ခု မဟုတ်တော့ပါဘူး။ University of California မှာ ပြုလုပ်တဲ့ လေ့လာချက်အရ အမျိုးသမီးတွေက ပျမ်းမျှ ၂ကြိမ်ကနေ ၁၄ကြိမ် လောက် သူတို့ နှုတ်ခမ်းနီတွေကို အသုံးပြုကြပါတယ်။ အန္တရာယ် ရှိစေနိုင်တဲ့ နေ့စဉ် ခဲစုပ်ယူမှု ပမာဏ ရလဒ်ကို တွက်ချက်မှု ရိုးရိုး ပြုလုပ်ထားပါတယ်။ ဒီပမာဏကို တစ်နှစ်ထက် တစ်နှစ် ပိုပို တိုးလာပါတယ်။ အမျိုးသားတို့၊ သင်တို့ နမ်းနေတာ ဘယ်သူ့(ဘာ)ကိုလဲ။

  • ခဲက ခန္ဓါကိုယ်ကို ဘာဖြစ်စေသလဲ။

ပမာဏ တဖြည်းဖြည်း များလာရင်တော့ အဆိပ်အတောက် ဖြစ်စေပါလိမ့်မယ်။ ဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ ခဲပမာဏ များလာတာကြောင့် ဖြစ်ပါတယ်။ ခဲဓါတ် ဝင်ရောက်ရင် မိခင်တွေမှာ ကလေးအတွက် အန္တရာယ် ဖြစ်နိုင်ချေ ပိုမြင့်လာနိုင်ပါတယ်။ ခဲဓါတ်ဟာ အချင်းကနေတဆင့် သန္ဓေသားရဲ့ ဖွင့်ဖြိုးနေတဲ့ ဦးနှောက်ထဲကို ဝင်ရောက်ပါတယ်။ ခဲဓါတ်ဟာ ဦးနှောက်ရဲ့ အာရုံကြော အဆိပ်အတောက် ဖြစ်စေတဲ့ သက်ရောက်မှု ရှိစေတာ သိကြပါတယ်။ ဒါ့အပြင် ခဲဓါတ်က ခန္ဓါကိုယ်ထဲ ဝင်သွားပြီးရင် ပြန်ထွက်ဖို့ မဖြစ်နိုင်ပါဘူး။ တဖြည်းဖြည်း များလာဖို့ပဲ ရှိပါတယ်။

  • ဒါဆို သင့်နှုတ်ခမ်းနီကို ပညာသားပါပါ ဘယ်လိုရွေးမလဲ။

ကျွန်တော်တို့ဆီမှာ ဝယ်လာတဲ့ နှုတ်ခမ်းနီထဲက ခဲပမာဏကို စစ်ဆေးဖို့ ဓါတ်ခွဲခန်း မပိုင်တာ သိသာပါတယ်။ အညွှန်းစာရွက်မှာ သတ္တုပမာဏ စာရင်းလဲ မပါပါဘူး။ ဘာရွေးရမလဲ ဆိုတာ ခက်ခဲတာ အမှန်ပါ။ သင့်နှုတ်ခမ်းနီတိုင်းမှာ ခဲဓါတ် ပါဝင်တာ ကို သတိထားတာက စကြရအောင်။ လေ့လာမှုတစ်ခုက အနီရောင်တွေမှာ ခဲပမာဏ များများ ပါဝင်တာ တွေ့ရှိခဲ့ပါတယ်။

ဆေးဖက်ဆိုင်ရာ အပြင် အရောင်၊ တာရှည်ခံမှု၊ etiquette စတာတွေကိုပါ စဉ်းစားရပါမယ်။ ကျွန်တော်တို့က ဘယ်နေရာမှာမှ နှုတ်ခမ်းနီကို အပေစွန်းမခံလိုပါဘူး။ လက်၊ ပါး ဒါမှမဟုတ် နှာခေါင်းမှာ နှုတ်ခမ်းနီတွေ စွန်းနေတဲ့အတိုင်း တစ်ခုခု စားနေတာကို မြင်ကြည့်ပါ။ အတော်ဆိုးမှာပါ။ မဟုတ်ဘူးလား။ သွားဆိုရင်တော့ ပြောစရာကို မလိုပါဘူး။

ကံဆိုးတာက လုံးဝ ရှောင်လွဲမရရင်တော့ ကျွန်တော်တို့ လုပ်နိုင်တာ သေချာ ရွေးဖို့ပါပဲ။ ကျွန်တော်တို့အားလုံး ကျန်းမာရေးအတွက် မကောင်းတဲ့ အရာတွေ ကျွန်တော်တို့ ခန္ဓါကိုယ်ထဲကို နေ့စဉ် ဝင်နေတာပါ။ ဒါကြောင့် လှလှပပလေး ဝင်ရင် ပိုမကောင်းဘူးလား။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“Choose your lipstick wisely”
http://dekat.co.za/tips/choose-your-lipstick-wisely/
“Choose Your Lipstick Wisely – Lead Contamination Widespread
http://www.naturalnews.com/022220_lipstick_cosmetics.html
“Are lipsticks dangerous?”
http://edition.cnn.com/2014/04/04/opinion/rasanayagam-lipstick-lead/

ယခုပုံစံ

15/02/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement