အရေပြားကို ဂျီးချွတ်ပါ။
သင့်အရေပြားဟာ ဆဲလ်သေတွေ အများကြီးရှိပြီး အချိန်ကြာလာတာနဲ့အမျှ အဆိုပါ ဆဲလ်သေတွေဟာ အရေပြားမျက်နှာပြင်ပေါ်မှာ စုပုံလာတတ်တယ်ဆိုတာကို သင်သိပါသလား။ ဒါဟာ အသက်အရွယ်အိုမင်းခြင်း ဒါမှမဟုတ် အသားအရေခြောက်သွေ့ခြင်းရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။
သင့်အသားအရေကို ကောင်းမွန်ညီညာစေဖို့အတွက် အရေပြားဆဲလ်သေတွေကို ခွာချပစ်ရပါမယ်။ အောက်ဖော်ပြပါ နည်းလမ်းလေးတွေက သင့်ကို ကူညီပေးနိုင်ပါတယ်။
ပျားရည်နဲ့ သကြားတို့ကို ပေါင်းစပ်ပြုလုပ်ထားတဲ့ အရောကို သုံးပြီး အရေပြားကို ဂျီးချွတ်နိုင်ပါတယ်။ နောက်ထပ်နည်းလမ်းတမျိုးက oatmeal နဲ့ ပျားရည်ကို ပေါင်းစပ်ပြုလုပ်တာပဲ ဖြစ်ပါတယ်။
မုန့်ဖုတ်ဆိုဒါနဲ့ ရေတို့ကို သုံးပြီးတော့လည်း ဂျီးချွတ်နိုင်ပါတယ်။ အဆိုပါ ဂျီးချွတ်ခြင်းနည်းလမ်းတွေကို တပတ် ဒါမှမဟုတ် နှစ်ပတ်လောက်နေမှ တခါလောက် အသုံးပြုရမှာ ဖြစ်ပါတယ်။
အခြားသော ဂျီးချွတ်ခြင်းနည်းလမ်းတွေကို သိရှိချင်တယ်ဆိုရင် အရေပြားဆရာဝန်ကို မေးမြန်းနိုင်သလို spa တွေကိုလည်း သွားရောက်နိုင်ပါတယ်။
လျှပ်စစ်ဓါတ်သုံး ဂျီးချွတ်ကိရိယာလေးဟာလည်း အသုံးဝင်တဲ့ နည်းလမ်းလေးတခု ဖြစ်ပါတယ်။ သူတို့ဟာ အထူးပြုလုပ်ထားတဲ့ ရွေ့လျားဘရပ်ရှ်လေးကို အသုံးပြုပြီး သင့်မျက်နှာကို သန့်စင်ပေးပါတယ်။ ဒီနည်းလမ်းကို တနေ့မှာ နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။
အသားအရေအစိုဓါတ်ထိန်းပစ္စည်း (moisturizer)တွေဟာ အသားအရေညီညာလှပဖို့အတွက် အထူးပဲ အရေးကြီးပါတယ်။
သင့်အသားအရေနဲ့ ကိုက်ညီသင့်တော်မယ့် moisturizer အမျိုးအစားတွေကို ရွေးချယ်ဝယ်ယူရပါမယ်။
- moisturizer ရဲ့ အာနိသင်ပြမှုကို အထက်မြက်ဆုံးဖြစ်စေဖို့အတွက် SPF ပါဝင်တဲ့ ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူရပါမယ်။
- သင့်အသားအရေနဲ့ ကိုက်ညီတဲ့ အလှကုန်ပစ္စည်းကို ရွေးချယ်နိုင်ဖို့ဟာလည်း အထူးအရေးကြီးပါတယ်။moisturizer ဟာ အသားအရေကို နူးညံ့စေရုံသာမက အသားရောင်ကိုလည်း ပိုဖြူလာစေပါတယ်။ ကိုယ့်အသားအရေနဲ့ မကိုက်ညီတဲ့ moisturizer တွေကို သုံးစွဲမိရင်တော့ သင့်အရေပြားအခြေအနေဟာ ပိုဆိုးလာမှာပဲဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။