အောက်ပါအစားအစာတွေကိုတော့ရှောင်ကြဉ်သင့်ပါတယ်။
- နွားနို့ ။ ဝက်ခြံတွေအပေါ်နွားနို့ရဲ့အကျိုးသက်ရောက်မှုကို ငြင်းခုန်မှုအချို့ရှိနေပေမယ့်နွားနို့ဟာဟော်မုန်းတွေကိုများစေတဲ့အတွက်ဝက်ခြံကိုပိုဆိုးစေပါလိမ့်မယ်။ အင်ဆူလင်ပမာဏလည်း မြင့်တက်လာပြီးအရေပြားကနေအဆီတွေပိုထုတ်လုပ်လာတဲ့အတွက်ဝက်ခြံဖြစ်ဖို့အားပေးစေပါတယ်။
- အာဟာရတန်ဖိုးနည်းပါးတဲ့အစားအစာတွေ။ ဒီအစားအစာတွေဟာဟော်မုန်းဓါတ်အပြောင်းအလဲကို ဖြစ်စေတဲ့အပြင်သွေးတွင်းသကြားဓါတ်ကိုလည်း မြင့်တက်စေပါတယ်။
- အသင့်စားအစာတွေ။ အာဟာရတန်ဖိုးနည်းပါးတဲ့အစားအစာတွေနည်းတူအသင့်စားအစာတွေဟာလည်းကျန်းမာရေးအတွက်မသင့်တော်ပါဘူး။ သူတို့ဟာနီရဲရောင်ရမ်းမှုကို ဖြစ်စေတဲ့အတွက်ဝက်ခြံတွေနဲ့အနီဖုတွေထွက်လာစေပါတယ်။
၃။ ထိခိုက်လွယ်တဲ့အသားအရေကိုဘယ်လိုဂရုတစိုက်ကိုင်တွယ်ထိန်းသိမ်းသင့်သလဲ။
ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအဖို့မိမိနဲ့ကိုက်ညီမယ့်အလှကုန်ပစ္စည်းတွေကိုရွေးချယ်ရတာတကယ်ကိုခေါင်းခဲစရာပါ။ ထိခိုက်လွယ်တဲ့အသားအရေကိုထိန်းသိမ်းရာမှာအရေးကြီးဆုံးအချက်ကတော့ ပြင်းထန်မှုမရှိတဲ့ခပ်ပျော့ပျော့ကုန်ပစ္စည်းကိုရွေးချယ်မိဖို့ ဖြစ်ပါတယ်။ သူတို့အနေနဲ့သဘာဝပစ္စည်းတွေကိုအခြေခံထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုဦးစားပေးရွေးချယ်သင့်ပါတယ်။ ဒါပေမယ့်တခုသတိထားရမှာကသဘာဝပစ္စည်းအချို့ဟာလူတိုင်းနဲ့တည့်မှာမဟုတ်ဘဲတချို့လူတွေမှာဓါတ်မတည့်တဲ့ ပြဿနာတွေနဲ့ရင်ဆိုင်ရစေနိုင်ပါတယ်။
၄။ ပုံမှန်အသားအရေထိန်းသိမ်းမှုမှာဘယ်အရာတွေကအရေးပါသလဲ။
ကြိုတင်ကာကွယ်ခြင်းနဲ့ဆေးကြောသန့်စင်ခြင်းဟာပုံမှန်အသားအရေထိန်းသိမ်းမှုမှာအရေးကြီးဆုံးသောအချက်တွေ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေပေါက်ပွားတာနဲ့မလိုလားအပ်တဲ့အဆီတွေထွက်ရှိတာကိုကာကွယ်နိုင်ဖို့အတွက်ညအိပ်ယာမဝင်ခင်တိုင်းမှာမျက်နှာကိုသေချာစွာဆေးကြောသန့်စင်ရပါမယ်။ နေလောင်ဒါဏ်ကိုကာကွယ်နိုင်ဖို့နေလောင်ခံခရင်မ်တွေလိမ်းဖို့လည်းလိုအပ်ပါတယ်။ နေလောင်ခံခရင်မ်လိမ်းခြင်းဟာအရေတွန့်တာနဲ့အမည်းစက်ထွက်တာတွေကိုလျော့နည်းစေတဲ့အပြင်အရေပြားကင်ဆာကိုပါကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့်မိမိအသားအရေနဲ့လိုက်လျောညီထွေရှိတဲ့နေလောင်ခံခရင်မ်အမျိုးအစားကိုမှန်ကန်စွာရွေးချယ်မိဖို့တော့အရေးကြီးပါတယ်။ တကယ်လို့သင့်အနေနဲ့အထက်ပါလက္ခဏာတွေကိုခံစားနေရမယ်ဒါမှမဟုတ်ဝက်ခြံပြဿနာတွေနဲ့ရင်ဆိုင်နေရမယ်ဆိုရင်သေချာစွာစစ်ဆေးပြီးသင့်တော်မှန်ကန်တဲ့ကုသမှုတွေကိုခံယူနိုင်ဖို့အတွက်ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ သဘာဝပစ္စည်းတွေ၊ဆေးဝါးတွေဒါမှမဟုတ်လေဆာရောင်ခြည်ကိုအသုံးပြုပြီးဝက်ခြံတွေကိုနည်းအမျိုးမျိုးနဲ့သင့်တော်သလိုကုသနိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။