အာဟာရတမျိုးတည်းစားပြီးဒါမှမဟုတ်အလှကုန်တမျိုးတည်းသုံးပြီးအံ့ဩဘနန်းအကျိုးရလာဒ်တွေကိုမမျှော်လင့်ပါနဲ့။
တမျိုးတည်းနဲ့အားလုံးပြီးပြည့်စုံအောင်လုပ်ပေးနိုင်မယ့်အာဟာရဓါတ်ဒါမှမဟုတ်အလှကုန်ပစ္စည်းရယ်လို့မရှိတာတော့အမှန်ပါပဲ။ ကျန်းမာလှပတဲ့အသားအရေကိုရရှိဖို့ဆိုရင်အာဟာရပြည့်ဝတဲ့အစားအစာအမျိုးမျိုးကိုစားပြီးမရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်အများအပြားကို ဖြည့်တင်းပေးဖို့လိုပါလိမ့်မယ်။ သင့်အရေပြားလိုအပ်သမျှအရာအားလုံးကိုပစ္စည်းတမျိုးတည်းကနေရဖို့ကတော့မဖြစ်နိုင်ပါဘူး။ သင့်အသားအရေကိုအမှန်တကယ်ပိုမိုကောင်းမွန်လာစေဖို့အတွက်ဆိုရင်အရေပြားအတွက်လိုအပ်တဲ့အာဟာရဓါတ်များစွာကိုပေးစွမ်းနိုင်တဲ့အလှကုန်ပစ္စည်းအမျိုးမျိုးကိုသင့်တော်သလိုပူးတွဲသုံးစွဲဖို့လိုအပ်ပါလိမ့်မယ်။
အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတခုခုကိုအသုံးမပြုခင်အသေအချာစဉ်းစားပါ။
ပုံမှန်အသားအရေထိန်းသိမ်းမှုပြုလုပ်သူတိုင်းဟာလိုချင်တဲ့၊မျှော်လင့်တဲ့ရလာဒ်အတိုင်း ဖြစ်လာမှာမဟုတ်ပါဘူး။ နည်းလမ်းတခုနဲ့တခုဟာလည်းအကျိုးသက်ရောက်ပုံမတူညီပါဘူး။ အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတွေဟာသင့်ရဲ့အရေပြားပြဿနာတွေကိုကူညီဖြေရှင်းပေးပြီးလိုအပ်တဲ့အာဟာရဓါတ်တွေကိုထောက်ပံ့ပေးကာနေလောင်ဒါဏ်ကလည်းကာကွယ်ပေးပါလိမ့်မယ်။ ဒါ့အပြင်မတူညီတဲ့အသားအရေထိန်းသိမ်းမှုနည်းစနစ်တွေကတဆင့်အရေပြားအစိုဓါတ်ထိန်းပေးခြင်း၊အိုမင်းရင့်ရော်မှုကိုလျှော့ချပေးခြင်းဒါမှမဟုတ်အသားဖြူလာခြင်းစတဲ့အကျိုးအာနိသင်တွေကိုလည်းပေးစွမ်းနိုင်ပါသေးတယ်။
အကောင်းဆုံးအာနိသင်နဲ့ရလာဒ်ကိုရရှိနိုင်ဖို့အတွက်သင့်အနေနဲ့အသားအရေထိန်းသိမ်းမှုကိုပုံမှန်ပြုလုပ်ပေးဖို့လိုပါလိမ့်မယ်။ တချို့အလှကုန်တွေကတနေ့ကိုနှစ်ခါအသုံးပြုဖို့လိုမှာဖြစ်ပေမယ့်တချို့ကျပြန်တော့တနေ့တခါသုံးစွဲဖို့ပဲလိုတာမျိုးတွေလည်းရှိပါတယ်။ မျက်နှာသန့်စင်ရည်၊နှင်းဆီပွင့်ဖတ်တွေကတဆင့်ထုတ်လုပ်ထားတဲ့ rose water နဲ့အစိုဓါတ်ထိန်းပေးပြီးမွေးညင်းပေါက်တွေကိုကျဉ်းစေနိုင်တဲ့ serum အရည်စတဲ့အလှကုန်တွေဟာတနေ့ကိုနှစ်ကြိမ်လောက်အသုံးပြုရလေ့ရှိပြီးနေလောင်ခံခရင်မ်၊အစိုဓါတ်ထိန်းညလိမ်းခရင်မ်နဲ့ဂျီးချွတ်ပေးနိုင်တဲ့ခရင်မ်တွေကိုတော့တနေ့တခါအသုံးပြုရင်လုံလောက်ပါပြီ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။