သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

မီလတ်စ်မာနဲ့ မီလတ်နိုးမား ဘာကွာသလဲ

    မီလတ်စ်မာနဲ့ မီလတ်နိုးမား ဘာကွာသလဲ

    Melasma နဲ့melanoma မီလ်စ်မာနဲ့မီလတ်နိုးမား နှစ်မျိုးလုံးဟာ လူအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေအကြောင်း သင်ဘယ်လိုနားလည်ထားသလဲ။ သူတို့ နှစ်မျိုးဟာ ဘယ်လိုခြားနားသလဲ။

    ဒီဆောင်းပါးလေးကို ဖတ်ကြည့်ကြရအောင်။

    Melisma မီလ်စ်မာ ဆိုတာဘာလဲ။

    အရေပြားတနေရာဟာ သူ့ဘေးနားပတ်လည်က အရေပြားတွေထက် အရောင်ပိုပြီး ညိုမည်းနေတာကို melasma လို့ခေါ်ပါတယ်။ ဒါကို အမည်းရောင်ခြယ်ပစ္စည်းစုပုံခြင်းလို့ ဆရာဝန်တွေက ခေါ်ဝေါ်လေ့ရှိပါတယ်။

    melasma ဟာ မျက်နှာပေါ် (အထူးသဖြင့် နဖူး၊ပါး နဲ့ အပေါ်နှုတ်ခမ်းတို့ပေါ်)မှာ အများဆုံးဖြစ်ပေါ်လေ့ရှိပြီး မျက်နှာရဲ့နှစ်ဖက်လုံးမှာ တပုံစံတည်းနီးနီး ပေါ်ပေါက်လာလေ့ရှိကာ အညိုရောင်ကနေ ညိုညစ်ညစ်အမည်းရောင်အထိ မျိုးစုံဖြစ်နိုင်ပါတယ်။

    melasma ဟာ ဟော်မုန်းအပြောင်းအလဲတွေနဲ့ ရံဖန်ရံခါဆိုသလို ဆက်စပ်မှု ရှိတတ်တာကြောင့် အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပြီး ကိုယ်ဝန်ဆောင်ကာလ၊ဟော်မုန်းအစားထိုးဆေး ဒါမှမဟုတ် ပဋိသန္ဓေတားသောက်ဆေးတွေ သုံးစွဲနေစဉ်ကာလတွေမှာ melasma ဖြစ်ပေါ်လာလေ့ရှိပါတယ်။

    ကိုယ်ဝန်ဆောင်ကာလအတွင်း အရေပြားမှာ ညိုညစ်ညစ်အကွက်တွေ ဖြစ်ပေါ်လာတာဟာ အတော်လေးဖြစ်လေ့ဖြစ်ထရှိပြီး ဒါကို “ကိုယ်ဝန်ရဲ့ အမှတ်အသားတခု” ဒါမှမဟုတ် “chloasma” လို့လည်း ခေါ်ပါသေးတယ်။ ဒီလို အညိုကွက်၊အမည်းကွက်တွေ ဖြစ်ပေါ်လာခြင်းဟာ မီးဖွားချိန် ဒါမှမဟုတ် မီးဖွားပြီး လအတော်ကြာတဲ့အထိ ဆက်လက်ရှိနေတတ်ပါတယ်။

    နေရောင်ခြည်ဒါဏ်ကြောင့် အသားအရေပိုမိုထိခိုက်စေမယ့် ဆေးတွေအသုံးပြုနေခြင်းဟာလည်း melasma ဖြစ်ပေါ်ဖို့ အခွင့်အလမ်းကို ပိုများစေပါတယ်။ အဆိုပါ ဆေးတွေကတော့ အချို့သော အလှကုန်ပစ္စည်းတွေ၊သားဥအိမ် ဒါမှမဟုတ် သိုင်းရွိုက်ကင်ဆာအတွက် သောက်သုံးရတဲ့ ဆေးတွေပဲ ဖြစ်ကြပါတယ်။

    ဒါကြောင့် နေရောင်ခြည်မထိအောင် တတ်နိုင်သမျှ ကာကွယ်နေထိုင်ခြင်းဟာလည်း အရေးပါတဲ့ ကုသမှု နည်းလမ်းတရပ် ဖြစ်ပါတယ်။ဥပမာ ကိုယ်ဝန်ဆောင်အမျိုးသမီး ဒါမှမဟုတ် ဟော်မုန်းဆေးသောက်နေရတဲ့ အမျိုးသမီးတွေရဲ့ အရေပြားမှာ အညိုကွက်၊အမည်းကွက်တွေ ဖြစ်မလာစေဖို့အတွက် နေရောင်ခြည်ဒါဏ်ကနေ ကာကွယ်ပေးရပါမယ်။

    melasma ရဲ့ လက္ခဏာတွေက ဘာလဲ။

    အညိုကွက်၊အမည်းကွက်တွေဟာ နဖူး၊နားထင်၊ပါး ဒါမှမဟုတ် အပေါ်နှုတ်ခမ်းပေါ်တွေမှာ ပေါ်ပေါက်လာနိုင်ပြီး နာကျင်ရောင်ရမ်းခြင်းတော့ မရှိတတ်ပါဘူး။

    Melanoma မီလတ်နိုးမား ဆိုတာဘာလဲ။

    melanoma ဟာ အရေပြားကင်ဆာတမျိုးဖြစ်ပြီး melanocytes လို့ခေါ်တဲ့ အရေပြားဆဲလ်တွေကို ထိခိုက်စေပါတယ်။melanocytes တွေဟာ အရေပြားညိုမည်းအောင် ပြုလုပ်ပေးတဲ့အတွက် အမည်းကွက်တွေ ဖြစ်ပေါ်လာစေပါတယ်။

    melanoma ဟာ မှဲ့ကနေ စတင်ပြီး တခါတရံမှာ မှဲ့တွေဟာ ကင်ဆာကျိတ်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ မှဲ့အသစ်ဖြစ်ပေါ်ခြင်းဟာလည်း ကင်ဆာရဲ့ ကနဦးလက္ခဏာတခု ဖြစ်နိုင်ပါတယ်။

    melanoma ဟာ ဖြစ်ခဲတယ်ဆိုပေမယ့် ဖြစ်ရင်လည်း အန္တရာယ်ကြီးပါတယ်။melanoma ဟာ ခန္ဓါကိုယ်ရဲ့ အခြားသော နေရာတွေကို အလွယ်တကူ ပျံ့နှံ့သွားနိုင်ပါတယ်။

    melanoma ရဲ့ လက္ခဏာတွေက ဘာလဲ။

    melanoma ဟာ နာကျင်မှုတွေကို ဖြစ်ပေါ်စေလေ့ မရှိတဲ့အပြင် ဘာလက္ခဏာမှလည်း ထူးထူးခြားခြားပြလေ့ မရှိပါဘူး။ ပထမဆုံး ပေါ်ပေါက်လာတဲ့ လက္ခဏာက ရှိပြီးသားမှဲ့တွေရဲ့ အရွယ်အစား၊ပုံစံ၊အရောင် ဒါမှမဟုတ် အထိအတွေ့ခံစားနိုင်စွမ်းပြောင်းလဲလာတာပဲ ဖြစ်ပါတယ်။

    Melanosomes တွေဟာ မည်းနက်တဲ့ မှဲ့အသစ်တွေအဖြစ်လည်း ပေါ်ပေါက်လာလေ့ရှိပါတယ်။ သိထားသင့်တဲ့အချက်က မှဲ့တွေအားလုံးနီးနီးဟာ အန္တရာယ်မရှိဖူးဆိုတာပါပဲ။

    မှဲ့ဟာကင်ဆာကျိတ်ဖြစ်လာပြီး အောက်ပါလက္ခဏာတွေ ပြသလာရင်တော့ melanoma ဖြစ်ပြီလို့ ယူဆနိုင်ပါတယ်။

    · ပုံစံမညီညာခြင်း – မှဲ့ဟာ တခြမ်းနဲ့တခြမ်း ခေါက်ချိုးမညီတော့ပါဘူး။

    · ညိုမည်းခြင်းဟာ ဘေးပတ်ချာလည်က အရေပြားဆီကိုပါ ကူးစက်ရောက်ရှိသွားနိုင်ပါတယ်။

    · ထူးခြားသော အရောင်ရှိခြင်း – အရောင်မညီပါဘူး။ အမည်း၊အညို၊ညိုမောင်းမောင်း ဖြစ်နိုင်သလို အဖြူ၊မီးခိုး၊ပန်းရောင်၊အနီ ဒါမှမဟုတ် အပြာရောင်တွေတောင် ဖြစ်နိုင်ပါတယ်။

    · အရွယ်အစားပြောင်းလဲခြင်း – အရွယ်အစား ကြီးမားလာပြီး အတွင်းဖက်ကိုလည်း ပိုနက်လာနိုင်ပါတယ်။(မှဲ့ရဲ့ အချင်းဟာ ၁၅ မီလီမီတာထက် ပိုကြီးနေနိုင်ပါတယ်)။

    · အထိအတွေ့ပြောင်းလဲလာခြင်း – Melanoma ဟာ သေးငယ်တဲ့အရေပြားပြောင်းလဲမှုအဖြစ် စတင်ဖြစ်ပေါ်လာပြီး နောက်ပိုင်းမှာ ကင်ဆာကျိတ်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

    · သွေးထွက်ခြင်း – အရေပြားဟာ စတင်ယားယံလာမှာဖြစ်ပြီး နောက်ပိုင်းပြင်းထန်ဆိုးရွားလာရင် သွေးထွက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

    .ဒီဆောင်းပါးလေးကို ဖတ်ရှုပြီးတဲ့အခါ melasma နဲ့melanoma တို့ အကြောင်းကို အတော်အတန်သိသွားပြီလို့ ယူဆရာပါတယ်။

    Melanoma ဟာ melasma ထက် အန္တရာယ်ပိုကြီးပါတယ်။ ဒါကြောင့် သင့်အနေနဲ့ melanoma နဲ့ ဆက်စပ်မှုရှိနိုင်တဲ့ အရိပ်အရောင်လက္ခဏာတွေကို မြင်တွေ့နေရပြီဆိုရင် သင့်ဆရာဝန်ကို အမြန်ဆုံးအသိပေးရပါမယ်။

    Melanoma ရောဂါကြောင့် သေဆုံးသူ အများအပြားရှိပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Dr. Thiha Phyo Myint မှ ရေးသားသည်။ 15/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။