backup og meta

မျက်နှာကို filler ထိုးတယ်ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာကို filler ထိုးတယ်ဆိုတာ

    ခုနောက်ပိုင်းဆယ်စုနှစ်အတွင်းမှာ အလှအပပိုင်းဆိုင်ရာ ဆေးပညာက အများကြီးတိုးတက်လာတဲ့အလျောက် လူတွေဟာ သဘာဝမျက်နှာထက် မိမိမျက်နှာကို အလှအပပြုပြင်ရတာကို အများကြီးပိုစိတ်ဝင်စားလာကြပါတယ်။ အလှအပပြုပြင်ခွဲစိတ်ပေးတဲ့ ဆေးရုံဆေးခန်းတွေလဲ မြန်မာနိုင်ငံမှာလည်း အများကြီးပေါ်ထွက်လာပါတယ်။ အဲဒီလိုအလှအပပိုင်းဆိုင်ရာ ပြုပြင်မှုတွေထဲက filler ထိုးတယ်ဆိုတာလဲ အင်မတန်နာမည်ကြီးတဲ့ ပြုပြင်မှုတစ်ခုပါ။ အရေးကြောင်းတွေ၊ အသားအရေ၊ ပါးရေတွန့်တာတွေ၊ မျက်နှာမညီညာတာတွေအပြင် တခြားသောအသက်အရွယ်အရဖြစ်တဲ့ လက္ခဏာတွေကိုပြုပြင်ဖို့ filler ကိုအဓိကသုံးကြတာပါ။ ဒီတစ်ခေါက်တော့ မျက်နှာကို filler ထိုးတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။

    မျက်နှာကို filler ထိုးတယ်ဆိုတာ

    မျက်နှာကို filler ထိုးတယ်ဆိုတာ ကို မလေ့လာခင် filler အကြောင်း အရင် ပြောပြပေးပါမယ်။

    Dermal filler ဆိုတာဘာလဲ

    Filler ဆိုတာ ဟိုက်ရာလူရောနစ်အက်ဆစ်လို့ခေါ်တဲ့ ဓာတုဗေဒပစ္စည်းနဲ့ အဓိကလုပ်ထားတဲ့ ဂျယ်လ်တစ်မျိုးဖြစ်ပြီး အရေးအကြောင်းတွေ အချိုင့်တွေနေရာမှာ ဖြည့်ပေးပါတယ်။ မျက်နှာရဲ့နေရာအမျိုးမျိုးမှာ filler ကိုသုံးနိုင်ပြီး နှုတ်ခမ်းထဲကိုလဲ တိုက်ရိုက်ထိုးပြီး နှုတ်ခမ်းပုံစံပြောင်းလို့ရပါတယ်

    Fillerတွေ ဘယ်လို အလုပ်လုပ်လဲ

    အခြေခံအားဖြင့် filler တွေဟာ မျက်နှာမှာရှိတဲ့ ဆုံးရှုံးသွားတဲ့ တစ်ရှူးနေရာကိုပြန်လည်ဖြည့်တင်းပေးပြီး အရေးအကြောင်းတွေ၊ လျော့ရဲမှုတွေကို သက်သာစေတာပါ။အသက်ကြီးလာတာနဲ့အမျှ ငယ်ရွယ်နုပျိူစေတဲ့ ဓာတ်တွေဖြစ်တဲ့ ကော်လဂျင်နဲ့ အလစတင်ဓာတ်တွေ လျော့နည်းလာပါတယ်။ ယေဘုယျအားဖြင့် အသက်နှစ်ဆယ့်ငါးနှစ်ဝန်းကျင်လောက်ကစပြီး ကော်လဂျင်တွေစ ဆုံးရှုံးတတ်ပါတယ်။ တစ်နှစ်ကိုနှစ်ရာခိုင်နှုန်းလောက် ဆုံးရှုံးလေ့ရှိပြီး သုံးဆယ်မတိုင်မီမှာ ထုတ်လုပ်မှုလုံးဝရပ်သွားတတ်ကြပါတယ်။

    ဘယ်လောက်ခံသလဲ

    ဒါက သင့်ခန္ဒ္ဓာကိုယ်ဟာ filler ကို ဘယ်လိုဓာတ်ပြုသလဲဆိုတာရယ်၊ သုံးတဲ့ ပါဝင်ပစ္စည်း hyaluronic acid အမျိုးအစားပေါ်ရယ်မူတည်ပါတယ်။

    filler ထိုးရင် ဘယ်လို ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်လဲ

    ကိုယ့် မျက်နှာကို filler ထိုးတော့မယ်ဆိုတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လို ဘေးထွက်ဆိုးကျိူးတွေသက်ရောက်နိုင်သလဲဆိုတာ ကြိုတင်သိထားဖို့လိုပါတယ်။ ဒါမှသာ ကိုယ်က လက်ခံနိုင်သလား လက်မခံနိုင်ဘူးလားဆိုတာ ကြိုသိနိုင်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်မှာပါ။ယာယီကြုံရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးဟာ filler ထိုးသူတိုင်းကြုံရလေ့ရှိတာမျိုးဖြစ်ပြီး ထိုးတဲ့နေရာမှာ ရောင်ရမ်းတာ၊ နီတာ၊ ဖောင်းတာ၊ ထိလိုက်ရင်နာတာတို့ဖြစ်နိုင်ပါတယ်။ ဒီလိုမသက်မသာနည်းနည်းဖြစ်ရတာ သဘာဝပဲဖြစ်ပြီး အများကြီးစိတ်ပူဖို့မလိုအပ်ပါဘူး။ ထိုးပြီးပြီးချင်းမှာစဖြစ်တတ်ပီး ရက်အနည်းငယ်အတွင်းမှာပျောက်သွားတတ်ပါတယ်။

    Filler ထိုးရင်နာမှာလား

    မျက်နှာကိုအပ်နဲ့ထိုးတာဖြစ်တဲ့အတွက် ထိုးနေစဉ်အချိန်မှာတော့နည်းနည်းလေး နာကျင်တာရှိနိုင်ပါတယ်။ ဒါပေမယ့် မထိုးခင်မှာ ထုံဆေးလိမ်းပေးထားပြီး နာကျင်မှုကို အများကြီးသက်သာအောင် လုပ်ပေးလို့ရပါတယ်။ ထိုးပြီးတဲ့နောက်မှာလည်း နာကျင်မှုသက်သာအောင် တချို့ filler တွေမှာ နဂိုကတည်းကထုံဆေးနဲ့ရော ထားတာမျိူးလည်းရှိတတ်ပါတယ်။

    Filler ဘယ်နှစ်မျိုးရှိလဲ

     Filler အတော်များများမှာ အဓိကပါဝင်ပစ္စည်းကတော့ hyaluronic acid ဖြစ်ပြီး သဘာဝအလျောက်ဆိုရင် မျက်လုံး၊ အရေပြားနဲ့ အဆစ်တွေမှာတွေ့ရပြီး မျက်နှာရဲ့ ပုံပန်းကိုပေါ်စေတဲ့အပြင် ရေဓာတ်ကိုဖြည့်ဆည်းပေးပါတယ်။ နောက်လူသိများတဲ့ filler အမျိုးအစားတစ်ခုကတော့ PCI or Ellanse ပါပဲ။ PCI ကိုမျက်နှာမှာထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သဘာဝ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပြီး ကော်လဂျင်ထွက်လာတဲ့အခါမှာလဲ တာရှည်ခံစေပါတယ်။

     Botox(ဘိုတောက်စ်) နဲ့ Filler ဘာကွာလဲ

    ရာနှုန်းပြည့်ကွာပါတယ်။ ဘိုတောက်စ်ဆိုတာ အရေးအကြောင်းဖြစ်စေတဲ့ ကြွက်သားသေးသေးလေးတွေရဲ့လှုပ်ရှားမှုကို မလုပ်နိုင်အောင်ဟန့်တားလိုက်တာ ဖြစ်ပြီး filler ကတော့ အရေးအကြောင်းတွေရဲ့အောက်က အရေပြားကို ပြန်လည်နုပျိူအောင်လုပ်ပေးတာဖြစ်ပါတယ်။

    Filler ထိုးရင် ကုန်ကျစရိတ်ဘယ်လောက်ရှိနိုင်လဲ

     ထိုးမယ့်ပစ္စည်းအမျိူးအစား၊ ဘယ်လလောက်ပမာဏထိုးမှာလဲ၊ ဘယ်သူ့ဆီမှာထိုးမှာလဲ ဆိုတာတွေပေါ်မူတည်ပြီး ကုန်ကျစရိတ်ကအမျိုးမျိုးကွာခြားကြပါတယ်။

    ဘယ်နေရာမှာထိုးရမလဲ

     UK က Dr. Loong ကတော့ Filler ထိုးမယ်ဆိုရင် ဘယ်တော့မှ ရိုးရိုးအလှပြင်ဆိုင် ဒါမှမဟုတ် ဆလွန်းတွေမှာမထိုးပါနဲ့ လို့ဆိုပါတယ်။ ဘာလို့လဲဆိုတော့ မျက်နှာမှာ အာရုံကြောတွေ၊ သွေးကြောတွေ စတဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ အများကြီးရှိပါတယ်။ ထိုးပေးတဲ့သူက သေချာဂရုမစိုက်ရင် ဒါမှမဟုတ် စနစ်တကျလေ့ကျင့်ထားသူမဟုတ်ရင် မျက်နှာထိခိုက်နိုင်တာ၊ ပိုးဝင်တာ၊ သွေးကြောပိတ်ပြီး အနီးတစ်ဝိုက်တစ်ရှူးပုပ်တာ၊ အနာရွတ်ထင်တာတွေဖြစ်နိုင်လို့ပါပဲ။ ဒါကြောင့်မို့ ခန္ဓာဗေဒကို ကောင်းကောင်းလေ့ကျင့်သင်ကြားထားတဲ့ လိုင်စင်ရ ဆရာဝန်ဆီမှာ အထိုးခံတာကမှ စိတ်အချရဆုံးပါ လို့ဆိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement