အဓိပ္ပါယ်ဖွင့်ဆိုချက်
Pellagra (ပယ်လာဂရာရောဂါ) ကဘာလဲ။
ပယ်လာဂရာရောဂါသည် ဝမ်းပျက်ခြင်း၊အရေအပြားများရောင်ရမ်းခြင်း၊နှင့် စိတ်ကစဉ့်ကလျားဖြစ်ခြင်း တို့ပေါင်းစုနေသော ရောဂါဖြစ်သည်။ မကုသပဲထားပါက အသက်သေဆုံးနိုင်ပါသည်။ နိုက်ယာစင် ဟုခေါ်သော ဗီတာမင် ဘီ3 ချို့တဲ့ နည်းပါးနေ၍ဖြစ်ပွားရခြင်းဖြစ်သည်။ ထိုဗီတာမင်သည် ဆဲလ်များ၏လုပ်ငန်းဆောင်တာအများစုဆောင်ရွက်ရန်အတွက်လိုအပ်သည်။ အမိုင်နိုအက်စက်တမျိုးဖြစ်သော ထရစ်တိုဖန်သည် အစားအစာများတွင်ပါလာပြီး ခန္ဓါကိုယ်တွင်းတွင် နိုက်ယာစင်အဖြစ်ပြောင်းလဲသည်။ ထို့ကြောင့်ထိုဓါတ်နှစ်မျိုးလုံးချို့တဲ့ပါက ပယ်လာဂရာဖြစ်ပေါ်လာသည်။