backup og meta

Erythema nodosum (အရီသီးမား နိုဒိုဆမ်မ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Erythema nodosum (အရီသီးမား နိုဒိုဆမ်မ်) ကဘာလဲ။

Erythema Nodosum ဆိုတာဟာ ယောင်ရမ်းနာကျင်စေတတ်သည့် အနီရောင်(သို့)ခရမ်းရောင် အနာဖုများ ဖြစ်ပွားတတ်သော အရေပြားရောဂါတစ်မျိုးဖြစ်ပြီး ခြေသလုံးရှေ့ဘက်ပိုင်းတွင် အများဆုံးတွေ့ရတတ်ပါတယ်။ တခါတရံ ထိုအနာဖုများသည် အခြားခန္ဓါကိုယ်အစိတ်အပိုင်းများတွင်လည်း ဖြစ်ပေါ်တတ်ပါတယ်။

အဆိုပါရောဂါဟာ panniculitis လို့ခေါ်တဲ့ အရေပြားအောက် အဆီလွှာယောင်ရမ်းခြင်းကြောင့်ဖြစ်ပေါ်သော ရောဂါများထဲမှ တွေ့ရအများဆုံး ရောဂါပုံစံမျိုးဖြစ်ပါတယ်။ ရောဂါပိုးတစ်မျိုးမျိုးကို သင့်ခန္ဓါကိုယ်က ခုခံတံု့ပြန်မှု(သို့) သင် သုံးစွဲထားတဲ့ ဆေးဝါးတစ်ခုခုရဲ့ အာနိသင်တုံ့ပြန်မှုကြောင့် ယခုလို ဖြစ်ပွားတတ်ပါတယ်။

Erythema nodosum (အရီသီးမား နိုဒိုဆမ်မ်) က ဘယ်လောက်အဖြစ်များသလဲ

Erythema Nodosum ဟာ အလွန်တွေ့ရများပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Erythema nodosum (အရီသီးမား နိုဒိုဆမ်မ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ရောဂါလက္ခဏာတွေကတော့ အဓိကအားဖြင့် ခြေထောက်အောက်ဖက်ပိုင်းမှာဖြစ်ဖြစ်တတ်တဲ့ အလွန်နာသော အနီရောင်အနာဖုများဖြစ်ပါတယ်။ တခါတရံ ထိုအနာဖုများဟာ သင့်ရဲ့ ပေါင်၊လက်မောင်း၊ ခန္ဓါကိုယ်နဲ့ မျက်နှာမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။

ထိုအနာဖုလုံးများဟာ လက်မဝက်မှ လေးလက်မအရွယ်အထိ ရှိနိုင်ပါတယ်။ သင့်ခန္ဓါကိုယ်အနှံ့အပြားမှာ အနာဖု နှစ်ခုကနေ အခုငါးဆယ်အထိ ပေါ်နိုင်ပါတယ်။ ထိုအနာဖုများဟာ အလွန်နာပြီးပူနွေးနေတတ်ပါတယ်။ သက်သာလာတဲ့အခါ အနီရောင်ကနေ ခရမ်းရောင်အဖြစ်ပြောင်းလဲသွားပြီး သွေးခြေဥနေသည်နဲ့ တူပါတယ်။ ထို့နောက် အနာဖုများဟာ တဖြည်းဖြည်းနဲ့ ချပ်ရပ်လာမှာဖြစ်ပါတယ်။ အနာဖုများဟာ နှစ်ပတ်လောက်အထိ ကြာအောင် ပေါ်တတ်ပါတယ်။ အနာဖုအသစ်တွေကတော့ ရက်သတ္တပတ် ခြောက်ပတ်လောက်အထိ ဆက်ပေါ်နေတတ်ပါတယ်။

အခြားရောဂါလက္ခဏာတွေကတော့-

  • ဖျားခြင်း
  • နုန်းခြင်း
  • အရိုးအဆစ်နာခြင်း
  • ခြေချင်းဝတ်ရောင်ခြင်း
  • လည်ပင်းအကျိတ်ကြီးခြင်း
  • ချောင်းဆိုးခြင်း
  • လည်ချောင်းနာခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ဗိုက်အောင့်ခြင်း
  • ဝမ်းလျောခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Erythema nodosum (အရီသီးမား နိုဒိုဆမ်မ်) ကိုဘာတွေကဖြစ်စေသလဲ

ရောဂါဖြစ်ပွားသူတွေရဲ့ တစ်ဝက်လောက်ဟာ ဘာလို့ဖြစ်ပွားရသလဲဆိုတာကို မသိသေးပါဘူး။ သင့်ကို ရောဂါပိုးတစ်ခုခ ဝင်ရောက်ပြီးလျှင်သော်လည်းကောင်း၊ ဆေးဝါးအချို့ကို သုံးစွဲပြီးလျှင်သော်လည်းကောင်း erythema nodosum ရောဂါဖြစ်ပွားတတ်ပါတယ်။ ဆရာဝန်တွေက သင့်ခန္ဓါကိုယ်ဟာ ရောဂါပိုးတွေ၊ ဆေးဝါးတွေအပေါ်ကို တုန့်ပြန်မှုလွန်ကဲတာကြောင့် ဖြစ်ပွားတယ်လို့ ပဲ လက်ခံထားပါတယ်။

ဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကတော့-

  • လေးဖက်နာရောဂါပိုး (streptococcus)၊ တီဘီရောဂါပိုး (tuberculosis)
  • တုန့်ပြန်မှုလွန်ကဲတတ်သည့်ဆေးဝါးများ (sulfonamides and forms of penicillin), salicylates, iodides, bromides, and သားဆက်ခြားဆေးများ(birth control pills)
  • ခန္ဓါကိုယ်အနှံ့အပြား ယောင်ရမ်းတတ်သည့်ရောဂါတစ်မျိုး (sarcoidosis)
  • အဆုတ်နှင့်အသက်ရှူလမ်းကြောင်းပိုးဝင်သည့်ရောဂါတစ်မျိး (coccidioidomycosis)
  • အူလမ်းကြောင်းဆိုင်ရာရောဂါများ (inflammatory bowel disease, ulcerative colitis or Crohn’s disease)
  • ကိုယ်ဝန်သည်များ
  • ကင်ဆာရောဂါများ

အသက် နှစ်ဆယ်မှ လေးဆယ်အတွင်းရှိသူများ တွင်အများဆုံးတွေ့ရတတ်သည်။ အမျိုးသမီးများဟာ အမျိုးသားများထက် ခြောက်ဆ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ သို့သော်လည်း အဆိုပါရောဂါကို အသက်အရွယ်မရွေး ကျားမ မရွေး တွေ့ရတတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Erythema nodosum (အရီသီးမား နိုဒိုဆမ်မ်) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်ဟာ သင့်ကျန်းမာရေးရာဇဝင်၊ သင့်ရဲ့ လတ်တလော ရောဂါပိုး ဝင်ရောက်ထားတဲ့လက္ခဏာရှိမရှိ၊ အချို့သောဆေးဝါးများ အသုံးပြုထားခြင်းရှိမရှိကို မေးမြန်းပါလိမ့်မယ်။ ထို့နောက် သင့်ဆရာဝန်က အနာဖုများကို စစ်ဆေးပါလိမ့်မယ်။

သင့်ခန္ဓါကိုယ်မှာ ယောင်ရမ်းတဲ့လက္ခဏာရှိမရှိကို သွေးစစ်ဆေးမှု လုပ်ရနိုင်ပါတယ်။ အခြားသွေးစစ်ဆေးမှုအနေနဲ့ကတော့ တီဘီရောဂါနဲ့ အခြားရောဂါပိုးများ ရှိမရှိ စစ်ဆေးရနိုင်ပါတယ်။ လည်ပင်းအချဲွ ပိုးမွေးပြီး လေးဖက်နာပိုးရှိမရှိ စစ်ဆေးရနိုင်ပါတယ်။

အခြားစစ်ဆေးမှုတွေအနေနဲ့

  • ဆီးစစ်ဆေးခြင်း
  • ဝမ်းစစ်ဆေးခြင်း
  • အရေပြားအောက်မှ အဆီလွှာကို အသားစ ယူ စစ်ဆေးခြင်း ပြုလုပ်နိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်က ဓါတ်ခွဲခန်းမှာ erythema nodosum ရောဂါနဲ့ တူညီတဲ့ အသားစတစ်ရှူး ဟုတ်မဟုတ်ကို စမ်းသပ်စစ်ဆေးပါလိမ့်မယ်။

Erythema nodosum (အ်ရီသီးမား နိုဒိုဆမ်မ်) ကို ဘယ်လိုကုသပါသလဲ

ရောဂါပိုးဝင်ရောက်ပြီးနောက်ပိုင်းမှာ ဖြစ်ပွားတာဆိုရင် သင့်ဆရာဝန်က သင့်လျော်တဲ့ပိုးသတ်ဆေးသောက်ဖို့ ညွှန်းဆိုပါလိမ့်မယ်။ ဆေးကြောင့်ဖြစ်ပွားတာဆိုရင်တော့ သင်ဟာ အဲဒီဆေးကို ဆက်လက် မသုံးစွဲပဲ နေလိုက်ရုံပါပဲ။

အောက်ပါဆေးတွေကတော့ နာကျင်မှုနဲ့ အခြားလက္ခဏာတွေအတွက် ရောဂါပျောက်ကင်းသည့်တိုင်အောင် ကူညီပါလိမ့်မယ်။

  • Steroid မဟုတ်သော အရောင်ကျဆေးများ (NSAID) ဥပမာ – Aspirin, ibuprofen(Advil, Motrin), or naproxen (Aleve)(Crohn’s disease လို့ခေါ်တဲ့ အူလမ်းကြောင်းရောဂါတစ်မျိုးရှိခဲ့ရင်တော့ ရောဂါကိုပိုကြွစေနိုင်တဲ့အတွက် အသုံးမပြုပါဘူး)
  • potassium iodide
  • steroid ဆေးများ
  • သင်သက်သာလာတဲ့အခါမှာ သင့်ခြေထောက်ကိ ုအပေါ်မြှောက်ပြီး အနားယူပါ၊ အသားကပ်ဘောင်းဘီ(compression stocking) ဝတ်ဆင်ပါ။ ထို့နောက် အနာဖုတွေကို ယားယံစေနိုင်တဲ့ အဝတ်အစားတွေဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Erythema nodosum.

https://www.healthline.com/health/erythema-nodosum#overview1. Accessed October 16, 2017.

Erythema nodosum.

https://www.webmd.com/skin-problems-and-treatments/erythema-nodosum. Accessed October 16, 2017.

ယခုပုံစံ

30/06/2022

Dr. Pyae Phyo Maung မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်



Dr. Pyae Phyo Maung မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement