backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နေလောင်ခံခရင်မ် ရွေးချယ်တဲ့အခါ သိထားသင့်တဲ့ အချက်၇ချက်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နေလောင်ခံခရင်မ် ရွေးချယ်တဲ့အခါ သိထားသင့်တဲ့ အချက်၇ချက်

ရေသွားကူးမှ ဒါမှမဟုတ် ကမ်းခြေသွားမှ နေလောင်ခံခရင်မ် လိမ်းရမယ်ဆိုတဲ့ ခေတ်ကုန်သွားပါပြီ။ လေ့လာတွေ့ရှိချက်တွေအရ နေလောင်ခံခရင်မ် နေ့စဉ်လိမ်းခြင်းဟာ အရေပြားကင်ဆာကို ကာကွယ်ပေးရုံသာမက အရေပြားကိုလည်းနုပျိုကျန်းမာစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တခြားသော နေ့စဉ်ဝယ်နေရတဲ့ လူသုံးကုန်ပစ္စည်းတွေလိုပဲ နေလောင်ခံခရင်မ် ဝယ်တာဟာလည်း အရေးပါလာပါပြီ။ နေလောင်ခံခရင်မ် ဝယ်ယူတဲ့အခါ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေက သင့်ကို ကူညီပေးပါလိမ့်မယ်။

နေလောင်ဒါဏ် ကာကွယ်ပေးနိုင်တဲ့ အဆင့်ကို ကြည့်ပြီးရွေးချယ်ပါ။

သင်ဝယ်ယူတဲ့ နေလောင်ခံခရင်မ် ဟာ ခရမ်းလွန်ရောင်ခြည် A ကိုရော Bကိုပါ ကာကွယ်ပေးနိုင်ရပါမယ်။(UVB and UVA)။ SPF ကလည်း ၃၀နဲ့ အထက် ရှိရပါမယ်။

ကိုယ့်ရဲ့ နေထိုင်သွားလာလှုပ်ရှားမှုနဲ့ ကိုက်ညီရပါမယ်။

တခြားတခြားသော အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေလိုပါပဲ။ နေလောင်ခံခရင်မ် တွေလုပ်ပေးနိုင်တဲ့ အချက်၃ချက်ရှိပါတယ်။ ဒါတွေကတော့ သုံးစွဲရတာ အဆင်ပြေစိတ်ကျေနပ်မှု၊အသားအရေ လှပစေမှု နဲ့ လက်တွေ့တကယ်အသုံးဝင်မှုတို့ပဲဖြစ်ပါတယ်။ နေလောင်ခံခရင်မ် တွေက နောက်ဆုံးအချက်ကို ပိုပြီးဦးတည်တယ် ဆိုသော်ငြား ရှေ့ကအချက်၂ချက်ကိုလည်း လျစ်လျူမရှုသင့်ပါဘူး။ဥပမာ ပြောရရင် ဒီနွေရာသီမှာ သင့်အနေနဲ့ အချိန်အတော်များများ ရေကူးဖြစ်မယ်ဆိုရင် ရေစိုခံတဲ့ နေလောင်ခံခရင်မ် ကို လိုမှာဖြစ်ပါတယ်။ ရေကူးတာ၊သင်္ကြန် နဲ့ချွေးထွက်များတဲ့သူတွေ၊ချွေးခဏခဏ သုတ်ပစ်တတ်၊ပွတ်ပစ်တတ်တဲ့သူတွေအတွက် ရေစိုခံတဲ့ နေလောင်ခံခရင်မ် ကိုဝယ်ယူသုံးစွဲဖို့ အရေးကြီးလှပါတယ်။

နေလောင်ခံခရင်မ် ရဲ့ အထူအပါး၊အပျစ်အကျဲကို မှန်မှန်ကန်ကန်ရွေးချယ်ရပါမယ်။

အရေပြားပေါ်မှာ ဖြူဖြူအဖတ်တွေ ကျန်ခဲ့တတ်တဲ့ နေလောင်ခံခရင်မ် မျိုးကို ဘယ်သူမှ သဘောမကျပါဘူး။ ဒါ့ကြောင့်မို့ စေးကပ်ကပ်မဖြစ်စေမယ့် နေလောင်ခံခရင်မ် ကို ရွေးချယ်ဝယ်ယူရပါမယ်။ အရမ်းပြောင်လက်လက်ဖြစ်မနေတဲ့ ခရင်မ်မျိုးဟာ ယေဘုယျအားဖြင့် မသိသာပေမယ့် သင့်အသားအရေအတွက် အကျိုးတကယ်ရှိပါတယ်။ ဒီလို နေလောင်ခံခရင်မ် အမျိုးအစားကို ရွေးချယ်ခြင်းအားဖြင့် ပါးပါးလျလျလေးနဲ့ မြန်မြန်ဆန်ဆန်ခြောက်သွေ့တဲ့ အကျိုးကိုခံစားရမှာ ဖြစ်ပါတယ်။

လိမ်းလိုက်ရင် နေလို့ကောင်းရပါမယ်။

နေလောင်ခံခရင်မ် ကောင်းကောင်းတခုဟာ လိမ်းလိုက်တာနဲ့အရေပြားအောက်ကို မြန်မြန်ဆန်ဆန် စုပ်ယူသွားတယ်လို့ သင်ခံစားရပါလိမ့်မယ်။ နေလောင်ခံခရင်မ် လိမ်းရတာကို အလုပ်ကြီးတခုလို ထင်မှတ်မနေစေဘဲ နိစ္စဓူဝ လုပ်နေကြ ပျော်စရာ အလုပ်လေးတခုလို့ သင့်ကိုခံစားမိစေသင့်ပါတယ်။ အဓိကအချက်က လိမ်းလိုက်တာနဲ့ မျက်စိနဲ့ကြည့်လို့ ဘာမှမမြင်ရတော့အောင် လျင်လျင်မြန်မြန် အရေပြားထဲ စိမ့်ဝင်သွားရပါမယ်။ ကိုင်ကြည့်ရင် ကပ်စေးစေးကြီးဖြစ်မနေသင့်သလို ပြောင်ပြောင်လက်လက်ကြီးလည်း မဖြစ်ရပါဘူး။ ဒါ့အပြင် သင်ရွေးချယ်တဲ့ နေလောင်ခံခရင်မ် ဟာ ချွေးပေါက်တွေကို မပိတ်ဆို့စေသင့်သလို ဝက်ခြံတွေ အစက်အပြောက်တွေကိုလည်း မဖြစ်စေရပါဘူး။

သင့်အသားအရေနဲ့ ကိုက်ညီရပါမယ် —– ဝက်ခြံခဏခဏ ထွက်တတ်တဲ့သူလား၊ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်လား

ဒါဆိုရင်တော့ ပိုပြီး ပါးပါးလျလျရှိတဲ့ ခပ်ကျဲကျဲ နေလောင်ခံခရင်မ် ဒါမှမဟုတ် ဂျလ်အခြေခံပြီး ထုတ်လုပ်ထားတဲ့ နေလောင်ခံခရင်မ် ကို သုံးဖို့ အချိန်တန်ပါပြီ။ ဂျလ်အခြေခံထုတ်လုပ်ထားတဲ့ နေလောင်ခံခရင်မ် ဟာ ပိုပါးပြီးကျဲတဲ့ အထိအတွေ့ရှိပြီးတော့ အဆီပြန်သူတွေအတွက် သင့်တော်ပါတယ်။ ဇင့်အောက်ဆိုဒ် ပါဝင်တဲ့ နေလောင်ခံခရင်မ် ကတော့ ဝက်ခြံခဏခဏ ထွက်တတ်သူတွေနဲ့ အဆင်ပြေပါလိမ့်မယ်။ အဆီအရမ်းပြန်တတ်သူတွေဆိုရင်တော့ တံဆိပ်တမျိုးတည်းထက် လေးငါးမျိုးလောက်ကို နှိုင်းယှဉ်သုံးကြည့်ကာ အသင့်တော်ဆုံးကို ရွေးချယ်သင့်ပါတယ်။

သင့်အသားအရေနဲ့ ကိုက်ညီရပါမယ် —– ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်လား

တကယ်လို့ သင့်အသားအရေဟာ အစိုဓါတ်ကို အမြဲလိုအပ်နေတယ်ဆိုရင် သုံးနေကျ moisturizer တမျိုးမျိုးကို အရင်လိမ်းပေးပြီးမှ နေလောင်ခံခရင်မ် လိမ်းသင့်ပါတယ်။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေဟာ ဖြန်းရတဲ့ စပရေးအမျိုးအစား sunscreen သုံးသင့်တယ်ဆိုတဲ့ လူအတော်များများလက်ခံယူဆထားတဲ့ အချက်ဟာ မှားပါတယ်။ ဒီလို စပရေးတွေတွေဟာ အယ်လ်ကိုဟောကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အသားအရေကို ပိုလို့တောင်မှ ခြောက်ကပ်စေပါတယ်။

သင့်အသားအရေနဲ့ ကိုက်ညီရပါမယ် —- အထိမခံ နုနယ်တဲ့ အသားအရေပိုင်ရှင်လား၊ ဓါတ်မတည့်တာ ခဏခဏဖြစ်တတ်လား ဒါမှမဟုတ် မျက်နှာမှာ အနီပြင်အကွက်တွေရှိတဲ့သူလား။

ဇင့်အောက်ဆိုဒ်လို သတ္တုဓါတ်ပါတဲ့ နေလောင်ခံခရင်မ်မျိုးဟာ အထိမခံနုနယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက် သင့်တော်ပါတယ်။ မျက်နှာမှာ အနီပြင်အကွက်တွေရှိတဲ့သူတွေဟာ နေရောင်ခြည်နဲ့ထိတွေ့ရင် အဲ့ဒီအကွက်တွေ ပိုဆိုးလာတတ်တဲ့အတွက် နေလောင်ခံခရင်မ်ကို အထူးအသုံးပြုသင့်ပါတယ်။ အချို့သောသူတွေဟာ ဘယ်လိုမျိုး နေလောင်ခံခရင်မ်ကိုပဲလိမ်းလိမ်း ဓါတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ နေလောင်ခံခရင်မ်မှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတခုခုနဲ့ မတည့်တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဇင့်အောက်ဆိုဒ်တို့၊တိုက်တေနီယမ်အောက်ဆိုဒ်တို့နဲ့ မတည့်တဲ့သူဆိုတာကတော့ အင်မတန်ရှားပါတယ်။ အရေပြားနဲ့ အလှအပဆိုင်ရာ ဆရာဝန်တွေရဲ့ အကူအညီနဲ့ သင်မတည့်တဲ့ ပါဝင်ပစ္စည်းကို ရှာဖွေဖော်ထုတ်ပြီး အဆိုပါပစ္စည်းမပါဝင်တဲ့ နေလောင်ခံခရင်မ်ကို ရွေးချယ်အသုံးပြုမယ်ဆိုရင် အတိုင်းထက်အလွန် အဆင်ပြေစေမှာပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement