backup og meta

ကလေးတွေကိုနွေရာသီနေလောင်ဒဏ်မှကာကွယ်မယ်-နေလောင်ခံခရင်မ်, အဝတ်အထည်, ဦးထုပ်နှင့်အခြားအရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကိုနွေရာသီနေလောင်ဒဏ်မှကာကွယ်မယ်-နေလောင်ခံခရင်မ်, အဝတ်အထည်, ဦးထုပ်နှင့်အခြားအရာများ

    ကလေးတွေကိုနွေရာသီနေဒဏ်မှကာကွယ်မယ်- နေရောင်ခံလိမ်းဆေး၊ အဝတ်အထည်၊ ဦးထုပ်နှင့်အခြားအရာများ

    သင့်ကလေး၏အသားရေသည် နေဒဏ်ကိုပိုခံနိုင်ရပါသည်။ အထူးသဖြင့် အိမ်အပြင်၌လှုပ်ရှားမှုများသည့်ကာလဖြစ်သော နွေရာသီမျိုးတွင်ပိုဆိုးသည်။ အကာအကွယ်မပါပဲ ကလေးကိုအိမ်အပြင်မှာဆော့ခိုင်းပါက ပြင်းထန်သည့်ကျန်းမာရေးအခြေအနေများကို ခံစားရနိုင်ပါသည်။ ကလေးများအား နေရောင်ခံလိမ်းဆေး၊ ဦးထုပ်၊ အဝတ်အစားများနှင့် ကာကွယ်ပါ။ သင်ဘာလုပ်နိုင်မလဲ ရှာကြည့်ပါ။

    နေရောင်ခံလိမ်းဆေးကိုအမြဲဆောင်ထားပါ။ ကလေး၏ချောမွတ်နူးညံ့သောအသားရေကို နေလှောင်ဒဏ်မခံရပါစေနှင့်။ နေမှလာသော UV အလင်းများသည် အရေတွန့်ခြင်း၊ အပြောက်များထခြင်းနှင့် အရေပြားကင်ဆာထိအောင်ဖြစ်နိုင်ပါသည်။ နေရောင်ခံခြင်းသည် မကောင်းပါ။ နေရောင်ခံခြင်းသည် ကလေးများ၏အရေပြားကို ပျက်စီးစေ၏။

    အပြင်မထွက် ၁၅ မိနစ်ကြိုတင်၍နေရောင်ခံဆေးလိမ်းပေးရမည်ကို သတိပြုပါ။ ကလေးကို ကိုယ်တိုင်လိမ်းတတ်စေရန်သင်ပေးပါ။ နား၊ မျက်စေ့ဝန်းကျင်၊ လည်ပင်းနှင့် ဒူးနောက်ဖက်တို့ပါ လိမ်းရန်မမေ့ပါနှင့်။ နေရောင်ခံလိမ်းဆေးကို ၂ ခြားတစ်ခါလိမ်းပေးရမည်ဖြစ်သည်။ ကလေးရေကူးသွားလျှင် သို့ ချွေးအလွန်ထွက်လျှင် ၂ နာရီထက်စောလိမ်းပေးသင့်သည်။ ကလေးများအတွက်ထုတ်သော နေရောင်ခံဆေးကိုသာသုံးရန် မေမ့ပါနှင့်။ နေရောင်ခံလိမ်းဆေးတွင် zinc dioxide သို့ titanium dioxide များပါဝင်သင့်သည်။

    Oxybenzone ပါသောဆေးများကိုရှောင်ပါ။ SPF 30 နှင့်အထက် ‘broad spectrum’ လို့အညွှန်းပါသည့်ဟာကိုပဲရွေးပါ။

    နေရောင်ခံလိမ်းဆေးသည် ကလေးကိုအပြည့်အဝမကာကွယ်ပေးနိုင်သောကြောင့် ကလေးကိုအဝတ်အစားများ ဝတ်ဆင်ပေးရမည်။ အင်္ကျီရှည် ဘောင်းဘီရှည်များ လက်အိတ်များဝတ်ပေးပါ။ အထူးပြုထားသော ဓါတုပစ္စည်းတစ်ချို့ကိုသုံးပါ။ ထိုပစ္စည်းများက ကလေးကိုနေဒဏ်မှကာကွယ်ပေးနိုင်သည်။

    ဦးထုပ်ဆောင်းပေးမလား။

    အပြင်သွားလျှင် ဦးထုပ်ဆောင်းပါက ရူးကြောင်ကြောင်နိုင်သည်ဟု ထင်သောကြောင့် ကလေးများက မဆောင်းချင်ကြပါ။ သို့သော် ဦးထုပ်သည်ကလေးမျက်နှာကိုကာကွယ်ပေးနိုင်သောကြောင့် အရေးပါ၏။ အထူးပြုထားသောဦးထုပ်များသည် UVA နှင့် UVB ရောင်ခြည်များကို စစ်ထုတ်နိုင်ပေးနိုင်၏။

    ဒီလိုဆောင်းကျင့်ရဖို့ သင်ကကလေးအတွက် Role Model ဖြစ်အောင်လုပ်ပေးနိုင်သည်။ ကလေးစိတ်ဝင်စားမည့် ကာတွန်းပုံများ ရုပ်ပုံများပါသည့်ဦးထုပ်များကို ရွေးချယ်နိုင်ပါသည်။ နေကာမျက်မှန်တပ်ခြင်သည်လည်း အရေးကြီး၏။

    နေ့တစ်နေ့၏အပူဆုံးအလင်းတန်းများကိုရှောင်ပါ

    ကလေးငယ်ကို မနက် ၁၀နာရီ မှညနေ ၂ နာရီအတွင်း အပြင်မထွက်ပါစေနှင့်။ တိမ်ထူလျှင်တောင်မှ UV အလင်းတန်းများက တိမ်ကိုဖောက်ပြီး ကလေးအရေပြားကိုထိခိုက်နိုင်သေးသည်။ ပျက်စီးမှုသည် နေရောင်ဆက်တိုက်ထိချိန်ကြာခြင်းမှ ဖြစ်ပေါ်နိုင်သည်။

    ကလေးနေလောင်လျှင်

    ကလေးငယ်တွင်နေလှောင်ပါက အရေပြားသည်နီရဲလာမည်ဖြစ်သည်။ အောက်ပါနည်းလမ်းများကိုအသုံးပြုပါက သက်သာစေနိုင်ပါသည်။

    • ဖြစ်သည့်နေရာကို ရေခဲဝတ်လေးကပ်ပေးပါ။
    • ကလေးကိုရေများများတိုက်ပါ။ များများသောက်နိုင်သလောက် သောက်ပါစေ။
    • ရှားစောင်းဂျယ်လ်များကို နေလှောင်ရာတွင်လိမ်းနိုင်သည်။ ရှားစောင်းဂျယ်လ်သည် အပူလောင်နာများကို သက်သာစေ၏။
    • အသားလောင်ခြင်းအတော်ဆိုးလျှင် ကလေးကိုဆရာဝန်နှင့်ပြပါ။ ဆရာဝန်မှ တချို့ဆေးများကို လမ်းညွှန်ပါလိမ့်မည်။

    ကလေများသည် အထူးသဖြင့်နွေရာသီတွင် ပိုတက်ကြွကြသည်။ နေရောင်ထဲတွင် ဘောလုံးကစားခြင်း၊ ဘက်စကက်ဘောကစားခြင်း၊ ရေကူးခြင်းတ်ု့သည့် အသားရေကိုအန္တရာယ်ဖြစ်စေ၏။ နေရောင်ခံလိမ်းဆေး၊ အဝတ်အစားမပါပဲ နေရောင်ထဲမထွက်ခိုင်းပါနှင့်။ အရေးပြာကင်ဆာအပါအဝင် ရောဂါအများအပြားဖြစ်စေနိုင်သည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement