home

ကျန်းမာရေး ကဏ္ဍများ

ဆောင်းပါးများ

ဆောင်းပါးများ

ကိရိယာများ

ကိရိယာများ

အဖွဲ့များ

အဖွဲ့များ

ကဏ္ဍအားလုံး ကြည့်ရှုမည်။

အာရုံစိုက်ရမည့် အကြောင်းအရာ

အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကင်ဆာများ ကို စစ်ဆေးကြမယ်

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကင်ဆာများ ကို စစ်ဆေးကြမယ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

မုတ်ဆိတ်မရိတ်ပါ နိုဝင်ဘာ

မုတ်ဆိတ်မရိတ်ပါ နိုဝင်ဘာ

၂၀၂၂ ကမ္ဘာ့ဆီးချိုရောဂါနေ့

၂၀၂၂ ကမ္ဘာ့ဆီးချိုရောဂါနေ့

ဆောင်းပါးများ

ကျန်းမာရေး ကဏ္ဍများ

နား၊ နှာခေါင်း၊ လည်ချောင်း

နား၊ နှာခေါင်း၊ လည်ချောင်း

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

သွေးရောဂါများ

သွေးရောဂါများ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာစေမည့်အလေ့အကျင့်များ

အသားအရေနှင့် အလှအပ

အသားအရေနှင့် အလှအပ

ကဏ္ဍအားလုံး ကြည့်ရှုမည်။

အာရုံစိုက်ရမည့် အကြောင်းအရာ

အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကင်ဆာများ ကို စစ်ဆေးကြမယ်

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကင်ဆာများ ကို စစ်ဆေးကြမယ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

မုတ်ဆိတ်မရိတ်ပါ နိုဝင်ဘာ

မုတ်ဆိတ်မရိတ်ပါ နိုဝင်ဘာ

၂၀၂၂ ကမ္ဘာ့ဆီးချိုရောဂါနေ့

၂၀၂၂ ကမ္ဘာ့ဆီးချိုရောဂါနေ့

ကိရိယာများ

ကျန်းမာရေးကိရိယာများ

မီးဖွားမယ့်ရက် တွက်ချက်ခြင်း ကိရိယာ

မီးဖွားမယ့်ရက် တွက်ချက်ခြင်း ကိရိယာ

နှလုံးခုန်မမှန်တာကြောင့် လေဖြတ်နိုင်သလား

နှလုံးခုန်မမှန်တာကြောင့် လေဖြတ်နိုင်သလား

ရင်သားကင်ဆာဖြစ်နိုင်ခြေ  စစ်ဆေးခြင်း

ရင်သားကင်ဆာဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ပန်းနာရင်ကျပ်ရောဂါ ရှိနေတာလား

ပန်းနာရင်ကျပ်ရောဂါ ရှိနေတာလား

သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ စစ်ဆေးခြင်း

သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ စစ်ဆေးခြင်း

နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ကိရိယာများကို ကြည့်မည်။

နှစ်သက်သည့်ကိရိယာများ

ဆီးချိုစောင့်ရှောက်မှု စစ်ဆေးခြင်း

ပိုမိုကြည့်ရှုမည်။
ဆီးချိုစောင့်ရှောက်မှု စစ်ဆေးခြင်း

ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) တွက်ချက်ခြင်း

ပိုမိုကြည့်ရှုမည်။
ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) တွက်ချက်ခြင်း

ဆီးချိုရောဂါအကြိုအဆင့် ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ပိုမိုကြည့်ရှုမည်။
ဆီးချိုရောဂါအကြိုအဆင့် ဖြစ်နိုင်ခြေ စစ်ဆေးခြင်း
အဖွဲ့များ

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကျန်းမာရေး

အဖွဲ့အားလုံးကို ကြည့်မည်။

ဖတ်ရှုသင့်သောဆောင်းပါးများ

ထပ်မံ ကြည့်ရှုမည်
avatar
Hello.Sayarwon
ကိုယ်ဝန်ဆောင်ကျန်းမာရေး
•
a month
ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် တွက်ချက်ခြင်း ကိရိယာ
tip_welcome

မင်္ဂလာပါ။ !

ဝက်ဘ်ဆိုက်ကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့နှင့်အတူ ပိုမိုကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ရှည် နေနိုင်မယ့် နည်းလမ်းကောင်းတွေကို ရှာဖွေလိုက်ပါ။ Hello Sayarwonမှာ ဆောင်းပါးတွေကို ဖတ်ရှုလိုက်ပါ။

ဘာထူးပါသလဲ။

ပင်မ စာမျက်နှာ
အသားအရေနှင့် အလှအပ
အခြားအရေပြားပြဿနာများ
မှတ်ချက်များ
0 comments

သင့်အတွေးများကို ဝေမျှပါ။

သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။

reply
ပို့စ်အသစ်စမည်။

ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။

မှဲ့သူဌေးလား... ဒါတွေသိထားမှ ဖြစ်မယ်နော်


Yun Sandi Nan Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မှဲ့သူဌေးလား... ဒါတွေသိထားမှ ဖြစ်မယ်နော်

    စပယ်တင်မှဲ့၊ မျက်ရည်ခံမှဲ့၊ မှဲ့စလွယ် စသည်ဖြင့် မှဲ့နဲ့ပတ်သက်တဲ့ အယူအဆ၊ အဓိပ္ပါယ်လေးတွေမြန်မာ့အယူအဆတွေမှာ အများကြီးရှိတတ်ကြပါတယ်။ ဘယ်နေရာမှာ မှဲ့ရှိရင် ဘုန်းကံမြင့်တယ်၊ ကြီးပွားမယ်၊ လူချစ်လူခင်ပေါမယ် ဆိုတာတွေပေါ့။ ဒါပေမယ့်ဆေးပညာဘက်ကကြည့်ရင်တော့ မှဲ့ဆိုတာ အရေပြား ဘယ်နေရာမှာမဆိုဖြစ်လာနိုင်တဲ့ အစက်အပြောက်လေးတွေ (ပြောရရင် ဆဲလ်အစုလေးတွေ) ပါပဲ။

    ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးတဲ့လူတစ်ဦးရဲ့ခန္ဓါကိုယ်မှာ သေးသေးကြီးကြီး မှဲ့အရေအတွက် ၁၀ ခုကနေ ၄၅ ခုအထိ ရှိနေနိုင်ပါတယ်။ အများစုက အန္တရာယ်မရှိဘဲ နောက်ပိုင်းမှာ သူ့အလိုလိုပျောက်သွားလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ မှဲ့က ဘေးကင်းမကင်း ဘယ်လိုခွဲခြားသိနိုင်မလဲ။

    ကျောမှာ မှဲ့စလွယ်ရှိလို့ ဘုရင်ဖြစ်မဖြစ်တော့မသိဘူး၊ ကင်ဆာဖြစ်လာခဲ့ရင် သွားပြီနော်။ ဒါ့ကြောင့် ကိုယ့်ရဲ့မှဲ့က ရိုးရိုးပဲလား၊ အန္တရာယ်ရှိလာနိုင်သလား သိနိုင်မယ့် အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

    မှဲ့အကြောင်း

    • မှဲ့အများစုက မျိုးရိုးကြောင့်ပါ။ မိဘမှာ မှဲ့တွေများရင် ကိုယ့်မှာလည်းပါတတ်တယ်။
    • နေပူထဲသွားလေ့ရှိတဲ့သူတွေဟာ အသားအရေချင်းတူတဲ့နေရောင်ခြည်သိပ်မထိတွေ့သူတွေနဲ့ယှဉ်ရင် မှဲ့ပိုများလေ့ရှိပါတယ်။
    • နေလောင်ခြင်းကြောင့်ဖြစ်လာတဲ့နေလောင်ကွက်လေးတွေက မှဲ့မဟုတ်ပါ။
    • မှဲ့အများစုက အန္တရာယ်မရှိနိုင်ပါဘူး။ မှဲ့တွေကနေ အရေပြားကင်ဆာဖြစ်စေတာကတော့ဖြစ်ခဲတဲ့အထဲပါဝင်ပါတယ်။
    • မှဲ့တွေရှိတယ်ဆိုရင် သူတို့ရဲ့အနေအထား၊အသွင်အပြင်၊အရွယ်အစား၊လက္ခဏာပြောင်းလဲမှုရှိမရှိ ကိုယ့်ကိုယ်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

    ဘာတွေသတိထားရမလဲ

    • မှဲ့က စသတိထားမိကာစအချိန်နဲ့ အရွယ်အစားတူတူပဲလား
    • ဘေးအနားသပ်က ညီလား၊ ထင်းလား
    • မှဲ့က တစ်လက်မရဲ့လေးပုံတစ်ပုံထက် ပိုသေးသလား
    • အရောင်က မပြောင်းဘဲ တသမတ်တည်းရှိသလား။

    ဒီအချက်တွေနဲ့ ကိုက်ညီရင် သင့်ရဲ့မှဲ့က အန္တရာယ်မရှိတဲ့ ရိုးရိုးမှဲ့ဖြစ်နိုင်ပါတယ်။ မဟုတ်ရင်တော့ပြဿနာတစ်ခုခုရှိနိုင်လို့ သေချာသိရအောင် ဆရာဝန်ပြသင့်ပါတယ်။ မှဲ့တွေမှာ တစ်ခုခုပြောင်းလဲလာတယ်ဆို သတိထားလို့လွယ်ပါတယ်။

    မှဲ့နီ

    မှဲ့နီတွေဟာ အရေပြားမှာဖြစ်လာတဲ့ မှဲ့နဲ့ဆင်တူတဲ့ အသားပိုတစ်မျိုးဖြစ်ပြီးcherry angioma လို့ခေါ်ပါတယ်။ မှဲ့နဲ့မတူတာက သူတို့က အသက်ကြီးလာရင် အလိုလိုပျောက်မသွားတတ်ပါဘူး။ သွေးကြောမျှင်လေးတွေစုနေတာသာ ဖြစ်ပြီး ကင်ဆာတော့မဖြစ်စေနိုင်ပါဘူး။

    ဒီလက္ခဏာတွေရှိနေရင် မှဲ့က ပုံမှန်မဟုတ်ပါ

    မှဲ့က ပုံမှန်ထက်ထူးခြားနေတယ်ဆိုတာနဲ့ပဲ ကင်ဆာဖြစ်နိုင်တယ်လို့ မဆိုလိုပါဘူး။ အရေပြားကင်ဆာ သို့မဟုတ် မှဲ့ကင်ဆြာဖစ်စေနိုင်တဲ့ မှဲ့တွေရဲ့ လက္ခဏာမှာ –

    • ယားတာ
    • နာတာ
    • အက်ကွဲတာ
    • သွေးထွက်တာ
    • ရောင်ရမ်းတာ ရှိနေတတ်ပါတယ်။

    နောက်တစ်ချက်ရှိတာက ခွဲစိတ်/ဖယ်ရှားလိုက်တဲ့ မှဲ့၊အသားပိုတွေဟာ ပြန်ဖြစ်လာဖို့ မရှိပါဘူး။ ကင်ဆာဖြစ်စေတဲ့မှဲ့ဆိုရင်တော့ ပြန်ဖြစ်လာတတ်ပါတယ်။

    ဆရာဝန်သွားပြတဲ့အခါ

    ဆရာဝန်ပြတဲ့အခါ ကိုယ့်မိသားစုမှာ ပုံမှန်မဟုတ်တဲ့မှဲ့တွေရှိတဲ့သူ သို့မဟုတ် အရေပြားကင်ဆာရှိသူ ရှိမရှိ၊ မှဲ့မှာ အရောင်၊အရွယ်အစားပြောင်းလဲမှုရှိမရှိ၊ တခြားမှဲ့တွေဖယ်ရှားဖူးသလား၊ မှဲ့က အခုမှဖြစ်တာလား၊ ဖယ်ရှားပြီးမှပြန်ပေါ်လာတာလား ဆိုတာမေးမြန်းပါလိမ့်မယ်။ မှဲ့ကိုအနီးကပ် စစ်ဆေးကြည့်ရှုပြီး ဖယ်ရှားပစ်ဖို့ လိုမလို ဆရာဝန်ကဆုံးဖြတ်ပေးမှာပါ။ ကင်ဆာဟုတ်မဟုတ် စစ်ဆေးဖို့အတွက် အသားစယူ စစ်ဆေးတာလည်း လုပ်နိုင်ပါတယ်။ ကင်ဆာဟုတ်နေတယ်ဆို ကင်ဆာမှဲ့ကိုခွဲစိတ်ဖယ်ရှားပြီး သူ့နားတဝိုက်ဧရိယာကိုပါ အနည်းငယ်ဖြတ်ထုတ်ပစ်ပြီး ကုသပေးမှာဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Ref:

    https://www.everydayhealth.com/skin-and-beauty/skin-conditions/tips/mole-or-skin-cancer.aspx

    Accessed Feb 4, 2019.

    https://www.webmd.com/melanoma-skin-cancer/skin-mole-normal?ecd=wnl_wmh_020319&ctr=wnl-wmh-020319_nsl-spn_2&mb=XqDqxdS5atrOcb6CvGW2XhXFE73IOX1c1SGbzvGUxlE%3D&fbclid=IwAR25LlWSSYPglCqB1LwQjhZpQkxyvvgVcIs1rOzU0rhlm0pj5fMG1r9Ux-I#2

    Accessed Feb 4, 2019.

    https://www.medicalnewstoday.com/articles/233838.php

    Accessed Feb 4, 2019.


    ဆက်စပ် အကြောင်းအရာများ

    မှဲ့ နဲ့တင်းတိပ် ခြားနားချက်

    မှဲ့ကနေ ကင်ဆာဖြစ်နိုင်ပါသလား



    Yun Sandi Nan Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement
    Logo

    Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

    FOLLOW US

    Logo SocialLogo SocialLogo SocialLogo Social

    ကျန်းမာရေး ဆောင်းပါးများကျန်းမာရေး ကိရိယာများ

    သတင်းအချက်အလက်

    ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ

    ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ

    တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ

    ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

    Hello Health

    Hello Health အကြောင်း

    ကျွန်ုပ်တို့အကြောင်း


    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag

    DMCA Icon

    ©2023 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။