၂။Kojic အက်ဆစ်
melasma ကို ကုသပေးနိုင်တဲ့ အစွမ်းထက်ဆေးအများစုမှာ kojic အက်ဆစ်ပါဝင်လေ့ရှိပြီး tyrosinase အင်ဇိုင်းမ်ကို တားဆီးခြင်းအားဖြင့် အသားအရောင်ကို မူလအတိုင်း ပြန်ဖြစ်စေပါတယ်။ ဆေးကို တနေ့နှစ်ကြိမ်နှုန်းနဲ့ နှစ်လကနေ သုံးလအထိ သုံးစွဲသင့်ပါတယ်။ အကောင်းဆုံးသော အာနိသင်ရလာဒ်ကို ရရှိစေဖို့အတွက် အခြားသော အသားဖြူစေတဲ့ဓါတ်ပစ္စည်းတွေ ပါဝင်တဲ့ ဆေးတွေကို ရွေးချယ်အသုံးပြုပါ (ဥပမာ arbutin ဒါမှမဟုတ် ဗီတာမင် စီ)။
၃။ လေဆာဖြင့် ကုသခြင်း။
အကောင်းဆုံး၊စိတ်အချရဆုံးနဲ့ အာနိသင်အရှိဆုံးကုသမှုနည်းလမ်းကတော့ လေဆာအပျော့စားကို အသုံးပြုပြီး ကုသခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၄ကြိမ်ကနေ ၈ကြိမ်လောက်အထိ ကုသပြီးမှသာ သိသာထင်ရှားတဲ့ ရလာဒ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လေဆာနဲ့ကုသမှုရဲ့ အာနိသင်ကို ပိုမိုထက်မြက်စေဖို့အတွက် အခြားသော ကုသမှုပုံစံတွေနဲ့ ပေါင်းစပ်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။ အရေပြားကို တိုက်စားပစ်တဲ့နည်းလမ်း ဒါမှမဟုတ် hydroquinone ကဲ့သို့သော လိမ်းဆေးတွေကို လေဆာကုသမှုနဲ့ ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ လေဆာဟာ အရေပြားပေါ်မှာ အလွန်သေးငယ်တဲ့ အပေါက်လေးတွေကို ဖြစ်ပေါ်စေတဲ့အတွက် အဆိုပါအပေါက်လေးတွေကနေ အရေပြားထဲကို ဆေးစိမ့်ဝင်မှု ပိုမိုလွယ်ကူလျင်မြန်စေမှာ ဖြစ်ပါတယ်။
၄။ မျက်နှာဖုံးစွပ်ပါ။
အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတာတောင် မသက်သာသေးဖူးဆိုရင် chemical mask လို့ခေါ်တဲ့ အသားအရေ ထိန်းသိမ်းပေးနိုင်တဲ့ မျက်နှာဖုံးလေးတွေကို တလကနေ နှစ်လအထိ သုံးစွဲနိုင်ပါတယ်။ ဒီမျက်နှာဖုံးတွေမှာ ပါဝင်တဲ့ salicylic အက်ဆစ်ဟာ သင့်အရေပြားကို အကောင်းဆုံးအနေအထား ဖြစ်လာစေမှာပါ။ ဒါ့အပြင် မျက်နှာဖုံးတွေဟာ ဘေးထွက်ဆိုးကျိုးလည်း အနည်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ သင့်မျက်နှာအသားအရေနဲ့ ကိုက်ညီမှုရှိမရှိ သိရှိနိုင်ဖို့အတွက် အသုံးမပြုခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ်။
၅။ အပြင်ထွက်ထွက် မထွက်ထွက် နေလောင်ခံခရင်မ်လိမ်းပါ။
ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားကို လောင်ကျွမ်းထိခိုက်စေနိုင်တဲ့အတွက် သင့်အနေနဲ့ အပြင်ထွက်ထွက် မထွက်ထွက် နေလောင်ခံခရင်မ်ကို ပုံမှန်လိမ်းပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ခရမ်းလွန်ရောင်ခြည်တွေဟာ ပြတင်းတံခါးကတဆင့် ဝင်လာနိုင်ပြီး သင့်အသားအရေကို ထိခိုက်စေနိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီ အမျိုးအစားနှစ်မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ နေလောင်ခံခရင်မ်တွေကို ဦးစားပေး ရွေးချယ်ရပါမယ်။zinc oxide ဒါမှမဟုတ် titanium dioxide ပါဝင်တဲ့ နေလောင်ခံခရင်မ်တွေဟာ အကောင်းဆုံးဖြစ်တာကြောင့် အဆိုပါ ပစ္စည်းနှစ်မျိုးပါဝင်တဲ့ ခရင်မ်ကို ရအောင်ရှာဖွေသုံးစွဲရပါမယ်။ နေလောင်ခံခရင်မ်ကို သုံးလေးနာရီခြားတခါလိမ်းဖို့ (အထူးသဖြင့် အပြင်ထွက်တဲ့အခါ) မမေ့ပါနဲ့။
Melasma can be cured if you are patient and seriously follow the treatment. However, you can prevent melasma by using sunscreen every day.သင့်အနေနဲ့ စိတ်ရှည်ရှည်ထားပြီး ဂရုတစိုက်ကုသမယ်ဆိုရင် Melasma ဟာ လုံးဝပျောက်ကင်းသွားနိုင်ပါတယ်။ ဒါပေမယ့် နေလောင်ခံခရင်မ်ကို နေ့စဉ်လိမ်းပေးခြင်းအားဖြင့် Melasma ကို ကာကွယ်ပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။