၅။ ကန်စွန်းဥ
ဆံသားကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် အေ အများအပြားပါဝင်လို့ ဆံပင်သန်စွမ်းနှုန်းကို မြန်စေတယ်။ ဆံပင်မသန်တဲ့ သူတွေ၊ မကြာခဏဆိုသလို ဆံပင်ကျွတ်တတ်တယ်ဆိုရင်တော့ ကန်စွန်းဥကို တစ်နေ့တစ်လုံးလောက် စားပေးနိုင်ရင် လုံလောက်တယ်နော်။
၆။ ထောပတ်သီး
အရသာလည်းရှိတယ်၊ အာဟာရဓါတ်တွေလည်း များစွာပါဝင်တဲ့ အသီးအနှံတစ်မျိုးကို ပြောပါဆိုရင် ထောပတ်သီးက ထိပ်ဆုံးကပဲဖြစ်မှာပါ။ ကိုယ်ခန္ဓါအတွက်မရှိမဖြစ် အာဟာရဓါတ်တွေအပြင် အရေပြားနဲ့ ဆံသားကျန်းမာရေးအတွက် သဘာဝအဆီတွေ ပါဝင်ပါတယ်။ ဗီတာမင် အီး ပါဝင်မှုကြောင့် ဆံသားကိုထိခိုက်ပျက်စီးစေတဲ့ မကောင်းတဲ့ဆဲလ်တွေကို တိုက်ထုတ်ပေးတယ်။ ဦးရေပြားကိုလည်း အစိုဓါတ်ထိန်းပေးပြီး အာဟာရဓါတ်ဖြည့်တင်းပေးနိုင်တယ်။ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံသားကြမ်းပြီး ခြောက်တာ၊ ဆံပင်ပေါက်နှေးတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။
၇။ အစေ့အဆန်တွေ
ဗီတာမင် အီး အများဆုံးပါဝင်တဲ့ အစားအစာတွေထဲမှာ အစေ့အဆန်လည်း ပါဝင်နေပါတယ်။ ဒါ့အပြင် ဆံပင်သန်စွမ်းစေတဲ့ ဇင့်ဓါတ်နဲ့ ဆယ်လီနီယမ်ဓါတ်အပြင် ဗီတာမင် ဘီလည်း ကြွယ်ဝစွာပါဝင်တယ်။ အိုမီဂါ – ၃ အဆီအနှစ်ကြောင့် ဦးရေပြားကိုလည်း ကျန်းမာစေနိုင်ပါတယ်။ တစ်နေ့တာအတွက် လက်တစ်ဆုပ်စာလောက် အစေ့အဆန်တွေ စားပေးနိုင်ရင် လုံလောက်ပါတယ်။
၈။ ငရုတ်ပွ
ဟင်းအရသာရော အရောင်အဆင်းကိုပါ မြှင့်တင်ပေးနိုင်ပြီး စားတဲ့သူတွေရဲ့ စိတ်အာရုံကို လှည့်စားနိုင်လောက်တဲ့ ဟင်းသီးဟင်းရွက်အဖြစ် ငရုတ်ပွဟာ လူသိများပါတယ်။ ဒီလိုဟင်းချက်တဲ့နေရာမှာ အလွန်အသုံးဝင်တဲ့ ငရုတ်ပွမှာ ဆံသားသန်စွမ်းစေတဲ့ ကောင်းကျိုးများစွာ ပါဝင်နေတယ်နော်။ ဒါ့အပြင် အိုမင်းရင့်ရော်ခြင်းကို နှေးစေတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်တာမျိုးလည်း မဖြစ်စေပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။