backup og meta

Gym သွားရင် မိတ်ကပ်မလိမ်းသင့်တဲ့ အကြောင်းရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Gym သွားရင် မိတ်ကပ်မလိမ်းသင့်တဲ့ အကြောင်းရင်း

    Gym သွားရင် မိတ်ကပ် လိမ်းတာက မျက်နှာ အသားအရေ အတွက် မကောင်းပါဘူး။

    ဒါဟာ Gym သွားနေကျ လေဒီလေးတွေ သိထားသင့်တဲ့ အချက် တစ်ချက်ဖြစ်ပါတယ်။ ဘယ်ကို သွားသွား၊ ဘာပဲ လုပ်လုပ် လှနေဖို့က မိန်းကလေးတွေအလေးထားကြတဲ့ အရာပဲလေ။ အားကစား ဝတ်စုံလေးနဲ့ ဆယ်လ်ဖီ ဆွဲတာလေးလည်း ပါတာပေါ့။ နည်းနည်းပါးပါး ဖြီးလိမ်းထားမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသလို ခံစားရတယ် မဟုတ်ဘူးလား။

    Gym သွားရင် မိတ်ကပ်မလိမ်းသင့်တဲ့ အကြောင်းရင်း

    တချို့တွေ ကျတော့လည်း ညနေမှ အလုပ်က အပြန် ဝင်ရတာဆိုတော့ မနက်တည်းက ပြင်ဆင်ထားတဲ့အတိုင်း gym ကို ရောက်လာရပါတယ်။ အပြေးအလွှားနဲ့မို့ မိတ်ကပ်ဖျက်ဖို့ အချိန်ကမရ၊ ဝတ်စုံလေး အမြန်လဲပြီး အချိန်ရှိတုန်း ဝင်ကစားရတာမျိုးပေါ့။ ဒါပေမယ့် မိတ်ကပ်တွေနဲ့ ကိုယ်လက်လှုပ်ရှားမလုပ်လိုက်ပါနဲ့။ ခန္ဓာကိုယ်ကျစ်လျစ်ကျန်းမာဖို့၊ အဆီကျလှပဖို့ လာကစားကြတယ် ဆိုပေမယ့် မျက်နှာ အသားအရေ အတွက်လည်း လေဒီတို့ မေ့မထားသင့်ပါဘူး။ ဘာကြောင့်လဲ။ မိတ်ကပ် လိမ်းထားရင်ရော ဘာဖြစ်လို့လဲ။ မိတ်ကပ် ပျက်ရုံအပြင် ဘာဖြစ်လာနိုင်သေးလဲ ဆိုတာတွေကို ရှင်းပြပေးမယ်နော်။ မိတ်ကပ်တွေနဲ့ အားကစားလုပ်ရင် . . .

  • ချွေးပေါက်တွေ ပိတ်စေတယ်
  • ခန္ဓာကိုယ်က လှုပ်ရှားတဲ့အခါ ချွေးထွက်လာတာက အရေပြားကို အအေးဓာတ်ပေးတဲ့ သဘာဝ နည်းလမ်း ဖြစ်ပါတယ်။ မိတ်ကပ် လိမ်းထားရင် ချွေးတွေနဲ့ မိတ်ကပ်တွေ နဲ့ ဘက်တီးရီးယားတွေ နဲ့ ရောထွေးလာပါလိမ့်မယ်။ ရလဒ် အနေနဲ့ ဆားဝက်ခြံ ဖြစ်ခြင်း၊ အရေပြား နီမြန်းခြင်း ဖြစ်စေပြီး ဝက်ခြံ ပိုထွက်စေနိုင်ပါတယ်။

    • ဝက်ခြံတွေရှိတဲ့သူဆို ပိုဆိုးစေနိုင်ပါတယ်

    အားကစား လုပ်တဲ့အချိန် တောက်လျှောက်မှာ နံရံ၊ ကြမ်းပြင်၊ အလေးမ ဝိတ်တုံး၊ စက်ဘီးလက်ကိုင် စတဲ့ နေရာမှန်သမျှကို လက်က ထိတွေ့မိနေမှာ ဖြစ်ပြီး အဲဒီနေရာတွေက ဘက်တီးရီးယား ပေါက်ဖွားလွယ်တဲ့ နေရာတွေ ဖြစ်ပါတယ်။ မျက်နှာမှာ မိတ်ကပ်တွေ ရှိနေရင် ဘက်တီးရီးယား ကပ်တွယ်နေဖို့ ပိုလွယ်စေတာကြောင့် ဝက်ခြံအတွက် ပိုဆိုးစေပါတယ်။

    • ချွေးထွက်နည်းတတ်သူဆိုရင် အသားအရေပိုခြောက်သွေ့စေတယ်

    မိတ်ကပ် လိမ်းထားတယ် ဆိုရင် အရေပြားမှာ ချွေးငုပ်သွားစေနိုင်ပါတယ်။ အဲ့လို ချွေးမထွက်တဲ့အခါ ချွေးမှာပါတဲ့ အက်စစ်ဓာတ် pHပမာဏ ကြောင့် အသားအရေမှာ နီမြန်းရောင်ရမ်းခြင်း၊ တင်းနေခြင်းတို့ ဖြစ်စေတတ်ပါတယ်။

    • ချွေးပေါက် ပိုကျယ်လာစေတယ်

    ချွေးပေါက်တွေ ပိတ်နေတဲ့အခါ ချွေးထွက်ရ လွယ်အောင် အရေပြား ချွေးပေါက်က ပိုချဲ့လာရပြီး ကြာလာရင် ချွေးပေါက်တွေ ကျယ်လာစေနိုင်ပါတယ်။

    • အရေပြားထဲမှာ အဆိပ်အတောက်ဓာတ်တွေနဲ့ အညစ်အကြေးတွေ ကျန်ရှိစေတယ်

    မိတ်ကပ် လိမ်းထားတဲ့ အပေါ်ယံအလွှာက အရေပြားကို ခန္ဓာကိုယ် အပူချိန် ထိန်းညှိပေးတဲ့ စနစ်ကို အနှောင့်အယှက် ဖြစ်စေပြီး ချွေးပိတ်စေလို့ အဆိပ်အတောက်ဓာတ်တွေ နဲ့ တခြားအညစ်အကြေးတွေကို မသန့်စင်ပေးနိုင်တော့ပါဘူး။

  • ဒီလိုနဲ့ကြာလာရင် အသားအရောင်ညစ်လာစေတယ်
  • ချွေးထွက်များအောင် လှုပ်ရှားကစားပေးပြီး အသားအရေ ကြည်လင်လှပလာစေဖို့ အားကစား လုပ်ကြတာ ဖြစ်ပေမယ့် မျက်နှာ အသားအရေမှာ ချွေးပေါက်ပိတ်မှတော့ ဘယ်လိုအဆင်ပြေပါတော့မလဲ။ မိတ်ကပ်အဖွေးသားနဲ့ အားကစားလှုပ်ရှားတဲ့အခါ ပိုလှမလာတဲ့အပြင် အသားအရောင်ညစ်ပြီး ပိုတောင်ရင့်ရော်နိုင်ပါတယ်တဲ့။

    ဒါ့ကြောင့် gym ကို ရောက်လို့ အားကစား မလုပ်ခင်မှာ မိတ်ကပ် သေချာဖျက်ပြီး မျက်နှာ သန့်စင်ပေးတာ အကောင်းဆုံးပါ။ သန့်စင်ခန်း မှန်ရှေ့မှာပဲဖြစ်ဖြစ် ၃ မိနစ်လောက် အချိန်ပေးရုံနဲ့ ရပါတယ်။ ပြီးတော့မှ ရေဓာတ်ထိန်းပေးတဲ့ serum တစ်မျိုးမျိုးကို ပါးပါးလိမ်းပေးနိုင်ပါတယ်။

    မလိမ်းမဖြစ် တစ်ခုခုလိမ်းပြီးမှ သွားချင်တယ်ဆိုရင်တော့ moisturiser တစ်မျိုးနဲ့ ပေါင်ဒါခပ်ပါးပါးပုတ်ပြီး နှုတ်ခမ်းနီအဆီဆိုးပြီး ပြင်ဆင်နိုင်ပါတယ်။ အောက်ခံမိတ်ကပ်ကတော့ တတ်နိုင်ရင် မလိမ်းပါနဲ့။

    အားကစား လုပ်နေရင်းမှာ တီရှပ် သို့မဟုတ် တဘက်လေးနဲ့ မျက်နှာကို ချွေးသုတ်ဖို့လည်း မမေ့ပါနဲ့။ လက်နဲ့ သုတ်တာကိုတော့ ရှောင်ကြဉ်သင့်တယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement