ဝက်ခြံ သက်သာစေမယ့် နည်းလမ်းလေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 18, 2021 . 1 min read
Share now

ဝက်ခြံ မျက်နှာပေါ်က အလှပျက်စေတဲ့ အရေပြားပြဿနာတစ်ခုပေါ့။ အရွယ်ရောက်လာလေ လှချင်လေလေပါဆိုမှ ဝက်ခြံကြောင့် စိတ်ညစ်နေရတဲ့ ဆယ်ကျော်သက်တွေ အများကြီးနော်။ ဟော်မုန်းအပြောင်းအလဲကြောင့်ဆိုလို သည်းခံခဲ့ပေမယ့်။ ဆယ်ကျော်သက်ကနေ နှစ်ဆယ်ကျော်သက်ရောက်တာတောင် သူတို့က မခွဲမခွာကိုယ့်အနားမှာရှိနေတာ ကစိတ်ပျက်စရာပါနော်။ တစ်ခါတလေများ မိုးလင်းအိပ်ရာနိုးနိုးချင်း မှန်ထဲကြည့်မိရင် သူတို့ကို အရင်မြင်မိတာ စိတ်ပျက် အားငယ်သလိုတောင်ဖြစ်မိတယ်ဟုတ်။ ကဲ ဝက်ခြံကြောင့် တစ်နေ့တာမှာ စိတ်ပျက်တာမျိုး မဖြစ်ရစေဖို့ အခုပြောပြတဲ့နည်းလေးတွေက ကူညီပေးနိုင်မှာပါ။

ဝက်ခြံ သက်သာစေမယ့်နည်းလမ်းအချို့

မျက်နှာပေါ်က ဝက်ခြံ တွေကို ဆေးတွေသုံးပြီး ပျောက်အောင်လုပ်ချင်ပေမယ့် ဘေးထွက်ဆိုးကျိုးရှိလာမှာကို စိုးရိမ်သူတွေအတွက် သာဝ ပစ္စည်းလေးတွေသုံးပြီး သက်သာအောင်လုပ်လို့ရမယ့် နည်းလမ်းလေးတွေပြောပြမယ်နော်။

သခွားသီး – မျက်နှာကို သန့်နေအောင်သစ်ပါ။ ပြီးရင် ခပ်ပါးပါးလွှာပြီး အအေးခံထားတဲ့ သခွားသီးကို မျက်နှာအနှံ့ကပ်ပေးပါ။ နာရီဝက်လောက်ထားပြီး ရေဆေးချလိုက်နော်။ တစ်ပတ် နှစ်ကြိမ်လောက်လုပ်ပေးပါ။

ရှားစောင်းလက်ပပ် – ရှားစောင်းလက်ပပ်အနှစ်ကလည်း ဝက်ခြံသက်သာစေပြီးအသားအရေကောင်းမွန်စေပါတယ်။ ဒါကြောင့် သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ရှားစောင်းလက်ပပ်ကပ်ပေးပြီး ဝက်ခြံတွေကို သက်သာအောင်လုပ်ကြည့်ပါ။

ပျားရည် – စားရတာအရသာရှိသလို အရေပြားမှာလူးပေးရင်လည်း အသားအရေကောင်းမွန်စေပါတယ်။ ဝက်ခြံရှိသူတွေအနေနဲ့ ပျားရည်ကို ဂွမ်းစလေးနဲ့ယူပြီး ဝက်ခြံရှိတဲ့နေရာကို တို့ပေးပါ။ နာရီဝကလောက်ထားပြီးမှာ ရေခပ်နွေးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။

 

သံပုရာရည် – သံပုရည်ကို ဂွမ်းစလေးနဲ့ယူပြီး ညမအိပ်ခင်ဝက်ခြံပေါ်မှာတို့ထားပေးပါ။ မနက်နိုးလာရင် ရေခပ်နွေးနွေးလေးနဲ့ ဆေးချပေးပါ။

ပူစီနံ – လတ်လတ်ဆတ်ဆတ် ပူစီနံရွက်ကို ကြိတ်ခြေပြီး ဝက်ခြံပေါ်မှာ မိနစ် ၂၀ လောက်လိမ်းထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။ နောက်ဆုံးမှာတော့ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလူးပေးလိုက်ပါ။

ကြက်ဥအကာ – ကြက်ဥအကာရည်ကို မျက်နှာအနှံ့လူးပေးပြီး မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးရင် လက်ချောင်းလေးတွေနဲ့ မျက်နှာကို နှိပ်နယ်ပြီး ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းကလည်း ဝက်ခြံသက်သာစေပါတယ်။

အခုလိုသဘာဝပစ္စည်းတွေကို အသုံးပြုပြီး တစ်ပတ်တစ်ကြိမ် တစ်ပတ်နှစ်ကြိမ်လောက်အထိမျက်နှာကို အာဟာရဖြည့်တင်း ပေါင်းတင်ပေးလို့ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တာက အမျိုးသားရော အမျိုးသမီးပါ ကြုံဖူးမယ့် ပြဿနာပါ။ ဒီပြဿနာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရျင်းမလဲဆိုတာကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ပူပင်စရာ ကြောင့် ဖြစ်လာနိုင်တဲ့ ဝေဒနာများ

စိတ်ပူပင်စရာ ကိုတော့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရနိုင်ပါတယ်။ စိုးရိမ်ပူပန်မှု လွန်ကဲတဲ့သူတွေမှာတော့ မကြာခဏပြင်းထန်ပြီး လွန်ကဲတဲ့ စိုးရိမ်မှုကို ခံစားနေရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆယ်ကျော်သက်အရွယ် မှာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များစွာကို ကြုံရနိုင်တာကြောင့် ကြုံတွေ့ရမယ့် ပြောင်းလဲမှု နဲ့ အခက်အခဲတွေကို ဒီလိုကျော်ဖြတ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ဆယ်ကျော်သက်အရွယ် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read

ဘရာ Size မှားနေပြီလား

အမျိုးသမီးတွေအတွက် အတွင်းခံအဝတ်တွေရဲ့ ပါဝင်ပတ်သက်မှုက အရမ်းအေရေးပါလှပါတယ်။ တစ်ခါတစ်လေမှာ ဘရာ Size မှားနေပြီလား လို့ တွေးမိလာချိန်တွေ ရှိလာပါလိမ့်မယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
သင့်ရဲ့ အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 3 mins read
ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read