ရေဓါတ်ပြည့်ဝအောင်နေပါ။
ရေဓါတ်ပြည့်ဝပါကအရေးအကြောင်းဖြစ်ခြင်းကိုထိရောက် စွာကာကွယ်နိုင်ပြီး ရေဓါတ်မပြည့်ဝပါကအရေပြားခြောက် သွေ့ကာအရေးအကြောင်းများပေါ်လာနိုင်ပါတယ်။ ဒါကြောင့်ရေများများသောက်ဖို့မမေ့သင့်ပါဘူး။
ဗီတာမင် စီ ပြည့်ဝစွာစားသုံးပါ။
ငယ်ရွယ်စဉ်တွင်အရေပြားတွင်ဗီတာမင်လုံလောက်စွာရှိ သော်လည်းကြီးလာတာနှင့်အမျှတဖြည်းဖြည်းလျော့နည်း လာနိုင်ပါတယ်။ ဗီတာမင် စီ ကကျန်းမာလှပ၍အရေးအ ကြောင်းကင်းသောအသားအရေအတွက်မရှိမဖြစ်လိုအပ်ပါ တယ်။ ဗီတာမင်စီကို သောက်ဆေး သို့ လိမ်းဆေးဖြင့်မနက် တိုင်းအသုံးပြုနိုင်ပါတယ်။
ကာကွယ်ခြင်းကကုသခြင်းထက်ပို၍ထိရောက်သောကြောင့် အရေပြားထိန်းသိမ်းမှုကိုစောလျင်စွာပြုလုပ်လေအရေး အကြောင်းများကိုကာကွယ်နိုင်လေဖြစ်ပါတယ်။ သင်မသေ ချာသောကုထုံးများ ကုန်ပစ္စည်းများကိုစမ်းသုံးမည်ဆိုပါက အရေပြားဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။