သင့်ကလေး သူ့ရဲ့အသားအရည်ကို ဂရုစိုက်တတ်ဖို့ လမ်းညွှန်ပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အရည်ပြားဟာ ခန္ဓါကိုယ်ကို ကာကွယ်ပေးပြီး ပတ်ဝန်းကျင်က အရာတွေကို ထိတွေ့ခံစားနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ အသားအရည်ထိန်းသိမ်းခြင်းဟာ အရေးကြီးပါတယ်။ သင် သင်ပေးမယ့် အသားအရည်ထိန်းသိမ်းတဲ့နည်းလမ်းတွေက သင့်ကလေးအတွက် သူတို့အသားအရည်ကို တစ်သက်တာလုံး ကာကွယ်ပေးနိုင်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

ဒါကြောင့် သင့်ကလေးကို သူတို့အသားအရည်အတွက် ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သင်ကြားဖို့ လိုကို လိုအပ်ပါတယ်။

အသားအရည်အမျိုးအစားတစ်ခုချင်းစီအတွက် မှန်ကန်တဲ့ အသားအရည်ထိန်းသိမ်းခြင်း အလေ့အထ

ကျန်းမာသန်စွမ်းတဲ့အသားအရည်အတွက်ဆိုရင် ပထမဆုံးသင့်ကလေးကို သင်ပေးသင့်တာက သူတို့ရဲ့ အသားအရည်အမျိုးအစားတွေပါ။ အသားအရည်အမျိုးအစားခွဲခြားခြင်းကိုတော့ ဆရာဝန်တွေ၊ အရည်ပြားအထူးကုတွေ၊ ဒါမှမဟုတ် သင်ကိုယ်တိုင်ကပဲ ပြုလုပ်နိုင်ပါတယ်။ ဒီအချက်တွေကို အခြေခံပြီးတော့ ခွဲခြားနိုင်ပါတယ်။

ပုံမှန်အသားအရည်။ ။ အသားအရည်ဟာ ညီညာချောမွတ်နေပြီး အထိအတွေ့က နူးညံ့ပါတယ်။ မြင်နိုင်တဲ့ ချွေးပေါက်တွေ၊ နီရဲနေတာတွေ၊ ဆားဝက်ခြံအမဲတွေနဲ့ အနီစက်တွေမရှိပါဘူး။ အသားအရည်ရဲ့ မျက်နှာပြင်က ခြောက်သွေ့လွန်းတာ ၊ အဆီပြန်လွန်းတာမဖြစ်ဘဲ ရေဓါတ်နဲ့အဆီက ညီညွတ်မျှတကာ သွေးလည်ပတ်မှု ကောင်းမွန်ပါတယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ အသားအရည်အမျိုးအစားဖြစ်ပြီး အသားအရည်ထိန်းသိမ်းမှုတွေ အများကြီးလုပ်စရာမလိုတဲ့ အသားအရည်မျိုးပါ။

ခြောက်သွေ့တဲ့အသားအရည်။ ။ အသားဟာ ကြမ်းတမ်းလို့ အကြေးခွံတွေလို ကွာပြီးယားယံနေတတ်ပါတယ်။ မြင်နိုင်တဲ့ ချွေးပေါက်တွေလည်းရှိပြီး အသားပေါ်မှာ အရည်ပြားဆဲလ်တွေကွာနေတာကိုတောင် မြင်နေရပါတယ်။ ခြောက်သွေ့တဲ့အသားအရည်ဟာ ဆောင်းတွင်းလို ရေငွေ့နည်းတဲ့အချိန်မျိုးမှာ ပိုမိုခြောက်သွေ့တတ်ပါတယ်။ ဆပ်ပြာနဲ့ ချေးချွတ်လွန်ခြင်းတွေဟာ အရည်ပြားကို ပိုမိုခြောက်သွေ့စေပါတယ။်

အဆီပြန်တဲ့အသားအရည်။ ။ အရည်ပြားဟာ ဝင်းနေပါတယ်။ ချွေးပေါက်တွေပွင့်နေပြီး ဝက်ခြံတွေနဲ့ ဆားဝက်ခြံတွေလည်း ရှိနေပါတယ်။ အရည်ပြားပေါ်မှာ အဆီတွေကို တွေ့နေရပြီး အဆီပြန်တဲ့အသားအရည်ဟာ သန့်ရှင်းရေးပိုပြီးလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ။်

ပေါင်းစပ်အသားအရည်။ ။ အရည်ပြားဟာ မေးစေ့၊ နဖူးနဲ့ နှာခေါင်းတွေမှာ အဆီပြန်ပြီး အခြားအစိတ်အပိုင်းတွေမှာ ခြောက်သွေ့နေတတ်ပါတယ်။ ချွေးပေါက်တွေကြီးနေတတ်ပြီး ဆားဝက်ခြံအချို့လည်း ရှိနေတတ်ပါတယ်။

အသားအရည်ကျန်းမာစေဖို့ သန့်စင်နည်း

သင့်ကလေးကို သူတို့ရဲ့အသားအရည်အမျိုးအစားပေါ်လိုက်ပြီး ပုံမှန်သန့်စင်ပေးဖို့ သသတိပေးပါ။ သန့်စင်ခြင်းဟာ အညစ်အကြေးတွေ၊ အဆီပိုတွေနဲ့ ဆဲလ်သေတွေ ဖယ်ရှားဖို့အတွက် အရေးကြီးပါတယ။်

လက်ကိုသန့်စင်အောင်ထားဖို့ကလည်း အရေးကြီးပါတယ်။ ညစ်ပတ်နေတဲ့လက်ဟာ အညစ်အကြေးနဲ့ ပိုးမွှားတွေကို ဖြန့်ဖြူးပေးတတ်ပါတယ်။ လက်တွေကို အပျော့စားဆပ်ပြာ၊ ရေသန့်တို့သုံးပြီးဆေးကြောပေးပါ။ လက်ဖဝါး၊ လက်ကောက်ဝတ်၊ လက်သည်းအောက်နဲ့ လက်ချောင်းတွေကြားကိုပါ သန့်စင်ပါ။ ဒီလိုနေရာတွေမှာ ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။

သန့်စင်ဖို့အသုံးပြုတဲ့ထုတ်ကုန်တွေ (cleansing products) တွေဟာ ကလေးတွေရဲ့ အသားအရည်နဲ့သင့်လျော်ဖို့ လိုအပ်ပါတယ။် အမွှေးနံ့ သို့မဟုတ် အရောင်တွေ အများကြီးမပါတဲ့ ထုတ်ကုန်ကို ရွေးချယ်ပါ။ ရေဟာ မပူလွန်းမအေးလွန်းဖြစ်ရပါမယ်။ ကြက်သီးနွေးရေကတော့ အကောင်းဆုံးရွေးချယ်မှုပါပဲ။ ခန္ဓါကိုယ်ကို ဆပ်ပြာတိုက်ပြီးသန့်စင်တဲ့အခါ ချိုင်းအောက်နဲ့ နားနောက်နေရာတွေကို သန့်စင်ဖို့မမေ့ပါနဲ့။

မျက်နှာကိုတော့ ပိုပြီးဂရုစိုက်ပါ။ ကလေးက အပျိုပေါက်၊ လူပျိုပေါက်အရွယ်ရောက်လာတဲ့အချိန်မှာ အရည်ပြားက အဆီတွေကို ပိုပြီးထုတ်ပေးတာကြောင့် ဂရုတစိုက် သန့်စင်ပေးဖို့ မမေ့ပါနဲ့။

မျက်လုံးနဲ့ နှုတ်ခမ်းက မိတ်ကပ်တွေကို ဖယ်ရှားဖို့ သီးသန့်ထုတ်ကုန်တွေရှိပါတယ်။ မျက်လုံးကို မထိခိုက်စေဖို့ အနံ့မပါဝင်တဲ့ ထုတ်ကုန်တွေကိုပဲ အသုံးပြုပါ။

ရေဓါတ်က အရေးကြီးပါတယ်။

တကယ်လို့သင့်ကလေးမှာ အဆီပြန်တဲ့အသားအရည်ရှိခဲ့ရင် သူတို့က အစိုဓါတ်ထိန်းဆေး (Moisturizer)မလိုအပ်ဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ အဆီပြန်တဲ့အသားအရည်ဟာ အဆီတွေပိုထုတ်ပေးနေတဲ့အရေပြားပါ။ ပြီးတော့ ကျန်းမာတဲ့အသားအရည်ဟာ ရေဓါတ်နဲ့ အဆီမျှတနေဖို့လိုအပ်ပါတယ်။ အဆီပြန်တဲ့အသားအရည်အတွက် အစိုဓါတ်ထိန်းဆေးဟာ အဆီမပါဝင်တာမျိုးဖြစ်ရပါမယ်။

သန့်စင်ပြီး ရေဓါတ်ဖြည့်ပြီးတဲ့အချိန်မှာ Moisurizer ကိုလိမ်းပေးဖို့ သတိပေးပါ။

အရည်ပြားကို နေရောင်ကာလိမ်းဆေးနဲ့ ကာကွယ်ခြင်း

နေရောင်ကာလိမ်းဆေး (sunscreen)ဟာ အရည်ပြားကို နေရောင်ကလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ အသားမည်းနေတယ်ဆိုရင်တောင် နေမလောင်ဖို့ နေရောင်ကာဆေးလိုအပ်ပါတယ်။ SPF ၃၀မှ ၄၀ထိပါဝင်တဲ့ နေရောင်ကာဆေးက အသင့်လျော်ဆုံးပါ။

နေကာမျက်မှန်တွေ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေက အရည်ပြားကို ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။ သင့်ကလေးကို မျက်နှာဖုံးတပ်ဖို့နဲ့ ဦးထုပ်ဆောင်းဖို့ ပြောပြပေးပါ။ နံနက် ၁၀နာရီကနေ နေ့လည်၂နာရီကြားအပြင်မထွက်ဖို့ ပြောပါ။

အရည်ပြားပြဿနာများကိုဖြေရှင်းခြင်း

တကယ်လို့သင့်ကလေးမှာ ဝက်ခြံတွေပေါက်နေခဲ့ရင် အဲ့ဒါ ပုံမှန်ပါပဲ။ သူတို့ကို မကြောက်ဖို့ပြောပြပါ။ အခြားမြောက်မြားလှစွာသော ဆယ်ကျော်သက်တွေဟာလည်း အရွယ်ရောက်လာချိန်မှာ ဝက်ခြံပေါက်တတ်ကြပါတယ်။ အဆီပိုတွေနဲ့ အရည်ပြားပေါ်က ဆဲလ်သေတွေ၊ အညစ်အကြေးတွေနဲ့ ရောလိုက်တဲ့အခါ ချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံတွေဖြစ်လာပါတော့တယ်။ ဝက်ခြံတွေကို ရိုးရှင်းတဲ့ကုထုံးတွေနဲ့ ကုသပျောက်ကင်းစေနိုင်ပါတယ်။

အဆီပါဝင်တဲ့ထုတ်ကုန်တွေကို မသုံးဖို့၊ အလွန်အကျွံချေးမချွတ်ဖို့ ဒါမှမဟုတ် ဝက်ခြံတွေကို မဖောက်ပစ်ဖို့ ပြောသင့်ပါတယ်။ အချို့သော OTCဆေးတွေ ဥပမာ benzoyl peroxide စတဲ့ဆေးတွေက ကူညီပေးနိုင်ပါတယ်။ ဝက်ခြံက အတော်ဆိုးနေတယ်ဆိုရင် ဆရာဝန်နဲ့ ပြပါ။

သင့်ကလေးကို သူတို့အရည်ပြားအတွက် ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သင်ပေးခြင်းက ကျန်းမာတဲ့အသားအရည်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အရေးပါလှပါတယ်။ သူတို့ဟာ အရည်ပြားပြဿနာတွေကို ကုသဖို့ ဒါမှမဟုတ် ရှောင်လွှဲနိုင်ဖို့အတွက် ရိုးရှင်းတဲ့ အဆင့်အချို့ကိုလည်း အသုံးပြုနိုင်ပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးတွေမှာဖြစ်တဲ့ အရေပြားခြောက်တဲ့ပြဿနာ

ကလေးတွေမှာဖြစ်တဲ့ အရေပြားခြောက်တဲ့ပြဿနာ အရေပြား ကလေးငယ် ဓါတ်မတည့်တာ ဆပ်ပြာတွေ ကလေး ငယ် ရာသီဥတု ကလေးအသားအရေ နေ့စဉ်နေထိုင်မှုပုံစံ သဘာဝအဆီဓါတ် သေးခံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Aye Thi Mon

နုနယ်တဲ့ ကလေးတို့ရဲ့ အရေပြားပေါ်က ပွေး

ကလေးအရေပြား နို့ပွေး ယားယံခြင်း နုနယ်တဲ့အရေပြား ကလေးအသားအရေ အရေပြားပြဿနာ ကလေးကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဘေဘီလေးရဲ့ ပေါင်ကြားမှာ အရေပြားလောင်ခြင်း

သေးခံလောင် ကလေးအသားအရေ အသားအရေထိန်းသိမ်း နီမြန်းခြင်း ထိခိုက်လွယ်အသားအရေ အရေပြားပြဿနာ ကလေးအရေပြား Diaper rash

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင်သတိမထားမိတဲ့ ဒီ အရာတွေက သင့်ကလေးအသားအရေကို ထိခိုက်နိုင်ပါတယ်။ ။

နုနုနယ်နယ် ကလေးတွေရဲ့ အသားအရေဆိုတာ အရမ်းကို ဂရုစိုက်ရတဲ့ အရာတစ်ခုပါ။ သူတို့ကလည်း ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thin Yadanar @ Frances

သင့်အတွက် ရွေးချယ်ထားသည်

ကလေးအသားအရေအတွက် အုန်းဆီရဲ့အသုံးဝင်ပုံ ၂၁ ချက်

ကလေးအသားအရေ အတွက် အုန်းဆီရဲ့အသုံးဝင်ပုံ (၂၁) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2020 . 3 mins read
ကလေးဝက်ခြံ ကို ဘယ်လိုဂရုစိုက်ပေးရမလဲ

ကလေးဝက်ခြံ ကို ဘယ်လိုဂရုစိုက်ပေးရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 3, 2020 . 2 mins read
ကလေး ရေချိုးဆပ်ပြာများ နှင့် ဓာတုအန္တရာယ်

ကလေး ရေချိုးဆပ်ပြာများ နှင့် ဓာတုအန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 29, 2019 . 2 mins read
ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ

ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 26, 2019 . 2 mins read