ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read
Share now

အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။ တခြားလူမပြောနဲ့ အတူတူအိပ်တဲ့ အိပ်ယာပေါ်က ကြင်သူကိုတောင် မပြောပဲ ဖုံးကွယ်ထားတတ်ကြတာမျိုး။ ထင်သလောက်မစွမ်း တော့ဘူးလို့ ထင်ပြီး လောင်နေတာမျိုးပေါ့။

ဒါပေမယ့် အမျိုးသား အများစုဟာ လိင်မှုစွမ်းဆောင်ရည်ကျဆင်းတဲ့ ပြဿနာကို ရင်ဆိုင်ကြရလေ့ရှိပြီးတော့ ထုတ်ဖောပြောဆိုဖို့ ရှက်နေတာကြောင့် ကြိတ်ကုတာ၊ မသိချင်ယောင်ဆောင် ဖုံးကွယ်ထားတာတွေလုပ်ရင်း အခြေအနေတွေ ပိုဆိုးသွားတတ်ကြပါတယ်။

တကယ်တော့ လိင်အင်္ဂါမတောင်မတ်တော့တာ၊ အချိန်ကြာကြာ မစွမ်းဆောင်နိုင်တာ၊ သုက်ထွက်နည်းတာ၊ စိတ်ပါသင့်တဲ့အချိန်မှာ မပါတာတွေဟာ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဖြစ်လာနိုင်တာတွေဖြစ်သလို ကိုယ်တစ်ဦးတစ်ယောက်တည်းမှာပဲ ကွက်ပြီးဖြစ်နေတဲ့ ပြဿနာတွေလည်း မဟုတ်ပါဘူး။

အမျိုးသား ၁၅% ကနေ ၂၃% လောက်ဟာ အသက်အရွယ် အိုမင်းရင့်ရော်မှုကြောင့်မဟုတ်ပဲ ငယ်ရွယ်နုပျိုနေစဉ်မှာတင် လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံဆုံရတတ်ပါတယ်။ ဒီလို လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံလာရပြီဆိုရင်လည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပိုပြီး ကြောက်ရွံ့ထိတ်လန့်တတ်ကြသူတွေပါ။

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ဘာကြောင့် ထင်သလောက်မစွမ်း တော့တာလဲ

အမျိုးသားတွေ လိင်စွမ်းဆာင်ရည်ကျဆင်းရတဲ့ အချက်တွေအများကြီးရှိပေမယ့် နောက်ကွယ်က အကြောင်းတရားကတော့ Testosterone ဟိုမုန်းပမာဏ လျော့နည်းလာတာကြောင့်ပါ။ ဒီပမာဏ နည်းပါးသွားရင် လိင်မှုကိစ္စ စွမ်းဆောင်ရည်တွေလည်း တပါတည်း ကျဆင်းသွားတာပါပဲ။

Testosterone ဟိုမုန်းပမာဏကို လျော့နည်းစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်ရတာလဲ ဆိုတာကို လေ့လာကြည့်ရအောင်။

  • အသက်အရွယ်ကြောင့် – အမျိုးသားတွေဟာ သဘာဝအားဖြင့် အသက် ၄၅ နောက်ပိုင်းမှာ လိင်မှုစွမ်းဆောင်ရည် ကျဆင်းသွားတတ်ပါတယ်။ ဒါပေမယ့် ကျဆင်းမှုဟာ အသက် ၃၀ ဝန်းကျင်လောက်ကတည်းက စတင်တာဖြစ်ပါတယ်။ ၄၅ နောက်ပိုင်းမှ သိသာလာတာပါ။ အသက် ၃၀ ဝန်းကျင်ကနေစပြီး တစ်နှစ်ကို ၁% လောက်ကျဆင်းသွားတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်အကောင်းဆုံး အသက်အပိုင်းအခြားက ၂၀ နဲ့ ၃၀ ကြားလို့ ဆိုပါတယ်။ အသက် ၄၅ ကျော်ရင်တော့ အမျိုးသား ၁၀ ယောက်မှာ ၄ ယောက်နဲ့အထက်ဟာ လိင်စွမ်းဆောင်ရည် သိသိသာသာကျဆင်းသွားတတ်ပါတယ်။
  • စိတ်ဖိစီးမှုများနေတာကြောင့် – အမျိုးသားတွေ လိင်စိတ်နည်းပါးသွားတာမျိုး၊ စွမ်းဆောင်ရည်ကျဆင်းသွားတာမျိုးတွေက စိတ်နဲ့ အများကြီး ပတ်သတ်နေတတ်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများတာမျိုး၊ ပူပင်သောကများတာမျိုးတွေကြောင့် ပိုပြီးဖြစ်နိုင်ပါတယ်။
  • ကျန်းမာရေး အခြေအနေကြောင့် – အဝလွန်တာအိပ်ဟောက်အသက်ရှူကျပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ စတဲ့ ကျန်းမာရေးအခြေအနေတွေဟာ လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဒီရောဂါတွေဟာ လိင်စိတ်နဲ့ စွမ်းဆောင်ရည်ကို တိုးပွားစေတဲ့ Testosterone ဟိုမုန်းပမာဏကို လျော့ပါးစေတာကြောင့်ပါ။
  • ဆေးဝါးတွေကြောင့် – တစ်ချို့သောကျန်းမာရေးပြဿနာတွေရဲ့ ဆေးဝါးတွေဟာ လိင်စွမ်းဆောင်ရည်ကို နှောင့်ယှက်နိုင်ပါတယ်။ ဒါကြောင့် ဆေးဝါးမှီဝဲတဲ့အခါမှာ ကိုယ်မှီဝဲတဲ့ ဆေးဝါးတွေရဲ့ Side effect တွေကို ဆရာဝန်ထံကနေ သေချာမေးမြန်း ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကိုယ်မှီဝဲနေတဲ့ ဆေးဝါးကြောင့် ခုလိုဖြစ်နေတာကို မသိတဲ့အခါ ကိုယ့်ဘာသာ စွမ်းဆောင်ရည်မဲ့လာတာလို့ထင်ပြီး စိတ်ဓာတ်ကျသွားတတ်တာကြောင့် ဖြစ်ပါတယ်။
  • အရက်နဲ့ မူးယစ်ဆေးဝါးကြောင့် – အရက်သေစာ၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေဟာ လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ အထူးသဖြင့် ပုံမှန်မှီဝဲသူတွေ၊ စွဲလမ်းနေသူတွေဟာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကင်းမဲ့တဲ့ ပြဿနာတွေကို စောလျှင်စွာ ခံစားရတတ်ပါတယ်။
  • လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာကြောင့် – လေ့ကျင့်ခန်းလုပ်တာဟာ လိင်စွမ်းဆောင်ရည်တိုးတက်စေဖို့ အထောက်အကူဖြစ်စေတယ်ဆိုပေမယ့် ဒီအချက်က အမြဲတမ်းတော့ မှန်မနေပါဘူး။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်နဲ့ လွန်လွန်ကျူးကျူးပြုလုပ်ရင်လည်း အိပ်ယာပေါ်က အရည်အသွေးတွေကို လျော့ပါးသွားစေတတ်တာမို့ သတိထားသင့်ပါတယ်။
  • အချစ်ရေး/အိမ်ထောင်ရေး ပြဿနာကြောင့် – တစ်ချို့ အိမ်ထောင်ရေးတွေမှာတော့ လက်တွဲဖော်ကို စိတ်ပျက်နေတာမျိုး၊ ဆက်ဆံရေး အဆင်မပြေတာမျိုး၊ လက်တွဲဖော်ဆီက စိတ်ကျေနပ်ဖွယ်ပြုစုယုယမှု မရရှိတာမျိုးတွေကြောင့် လိင်စိတ်လျော့နည်းပြီး မစွမ်းဆောင်နိုင်တာမျိုးလည်းဖြစ်တတ်ပါသေးတယ်။

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

တကယ်လို့များ မစွမ်းတော့ဘူးဆိုရင်

ကိုယ့်ရဲ့ လိင်မှုစွမ်းဆောင်ရည်က သာမန်ထက်ပိုပြီး လျော့နည်းလာနေတယ်။ စွမ်းဆောင်ရည် ကျဆင်းလာနေတယ်လို့ ယူဆလာပြီဆိုရင် စမ်းသပ်လေ့လာပြီး ကုစားမှုတွေ ခံယူဖို့ ကြိုးပမ်းသင့်ပါတယ်။ ထုတ်ပြောရမှာကို ရှက်ရွံ့နေရုံနဲ့ အရာရာက ပြေလည်သွားမှာမှ မဟုတ်တာလေနော်။

သက်ဆိုင်ရာ ပြဿနာကို အဖြေရှာနိုင်မှ ကုစားမှုပြုလုပ်နိုင်မှာဖြစ်တာမို့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာမျိုးကို မဖြစ်မနေပြုလုပ်သင့်ပါတယ်။

ဒါ့အပြင် နေ့စဉ်လူနေမှုဘဝမှာလည်း

  • ကျန်းမာပြီး စိတ်ဖိစီးမှုကင်းစင်အောင်နေတာ၊
  • အာဟာရပြည့်ဝအောင်စားတာ၊
  • သင့်လျော်တဲ့ လေ့ကျင့်ခန်းမျိုးကို နေ့စဉ်ပုံမှန်လုပ်တာ၊
  • အိပ်ရေးဝဝအိပ်တာ၊
  • အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို ဖြတ်တောက်တာတွေကို ပြုလုပ်သင့်ပါတယ်။
  • ဆရာဝန်လမ်းညွှန်ချက်နဲ့လည်း ဆေးဝါးဓာတ်စာတွေ မှီဝဲတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ရေဓာတ်ခန်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများပါတယ်။ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းက ထိရင်၊ စားမိရင် ပူနွေးစေလို့ပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အရက်

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2021 . 2 mins read
လူကြီးတွေမှာ အစာစားချင်စိတ်ပျောက်

ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read