backup og meta

သုက်လှူတယ် ဆိုတာဘယ်လိုလဲ။

သုက်လှူတယ် ဆိုတာဘယ်လိုလဲ။ သုက်ရည် လှူဒါန်းတယ်ဆိုတာ လွယ်ကူသလိုထင်ရပါတယ်။ ဆေးခန်းကိုသွား၊ စာရင်းပေး၊ ပြီးရင် ခွက်လေးထဲထည့်မယ်။ ဒါပေမယ့် ဒီလောက်မရိုးရှင်းပါဘူး။ လှူဒါန်းတဲ့ ကိစ္စတစ်ခုလုံးဟာ သင်ထင်တာထက်ပိုပြီး ရှုပ်ထွေးသလို အချိန်လည်းကုန်ပါတယ်။

သုက်လှူတယ် ဆိုတာဘယ်လိုလဲ။

သုက်လှူမယ်ဆိုရင် သင်အင်တာဗျူးအောင်ရပါမယ်

သုက်ပိုး လှူတယ်ဆိုတာ အလုပ်လျှောက်တာနဲ့တောင် တူပါတယ်။ ပထမဆုံးသင့်ကို စစ်ဆေးပါမယ်။ ဆရာဝန်က သင့်ကိုယ်အလေးချိန် အရပ်ကိုတိုင်းမယ်။ နောက် သင်ကဆေးလိပ် ဒါမှမဟုတ် အရက်သောက်သူလား၊ သင့်ရောဂါရာဇဝင်နဲ့ မိသားစုမျိုးရိုးလိုက်တဲ့ ရောဂါတွေ ရှိ၊ မရှိမေးခွန်းတွေ မေးပါမယ်။ သွေးစစ်တာနဲ့ ဗီဇ DNA စစ်ဆေးပြီး သုက်ပိုး အလှူရှင်ဖြစ်ဖို့ ကျန်းမာရေးစံမီ၊ မမီကိုကြည့်ပါမယ်။

ဒါ့အပြင် သုက်ရည် အနည်းငယ်ကိုလည်း နမူနာစမ်းသပ်ဖို့ ပေးရပါဦးမယ်။ ဆေးခန်းပေါ်မူတည်ပြီးတော့ သင့် သုက်ပိုး မှာ ရောဂါရှိ၊ မရှိ သေချာအောင်လုပ်တဲ့အတွက် နမူနာ များများယူရတာတွေ ရှိပါတယ်။ ဒါကြောင့် ဆေးခန်းကို တစ်ခေါက်ထက် ပိုသွားရခြေရှိပါတယ်။

ဒီအဆင့်ပြီးရင် သင့်ဘာကြောင့် သုက်ပိုး လှူဒါန်းချင်ရသလဲဆိုတာ မေးမြန်းပါလိမ့်မယ်။ သင်သုက်လှူတာနဲ့ ပတ်သက်ပြီး သိချင်တဲ့မေးခွန်းတွေကိုလည်း ဒီအဆင့်မှာမေးနိုင်ပါတယ်။ ဓာတ်ခွဲခန်းပညာရှင်တွေက သင့်သုက်ရည်နမူနာကို အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်ပြီး သုတ်ပိုး အရေအတွက်၊ လှုပ်ရှားမှုနဲ့ ပုံသဏ္ဌာန်ကို လေ့လာမှာဖြစ်ပါတယ်။ ပြီးရင် အေးခဲထားခံနိုင်လားသိနိုင်ဖို့ စမ်းသပ်အေးခဲကြည့်ပါမယ်။

အချို့ဓာတ်ခွဲခန်းတွေက အသက် ၄၀ နဲ့အထက် လူတွေရဲ့ သုက်ပိုး ကို မယူပါဘူး။ ပိုပြီး ပျက်စီးနေတတ်လို့ပါ။ ဒါပေမယ့် သင့်မှာ ကလေးတွေ ရှိမယ်ဆိုရင်တော့ အခွင့်အရေးရှိပါတယ်။ ဘာလို့ဆိုတော့ ဒါဟာ သင့်ရဲ့ မျိုးအောင်နိုင်စွမ်းကို ပြလို့ပါ။

ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကလွဲလို့ ဆေးခန်းတွေ၊ စုံတွဲတွေနဲ့ မိန်းကလေးတွေသုံးတဲ့ အချက်အလက်တွေကတော့

  • အလှူ ရှင်က အသက် ၁၈- ၁၉ အောက်မငယ်ရ အသက် ၃၈- ၄၀ ထက်မကြီးရ။
  • အရပ်ကတော့ ၁.၇ မီတာထက်ကျော်ရပါမယ်
  • အနိမ့်ဆုံး ပညာအရည်အချင်းက အထက်တန်းအောင်ပြီးသားဖြစ်ရပါမယ်။ အချို့သုက်ရည်ဘဏ်တွေက တက္ကသိုလ်တစ်ခုခုတက်ရောက်နေသူ အလှူရှင်ကို ပိုလိုချင်ကြပါတယ်။ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို လွှမ်းမိုးတယ်လို့ ယူဆလို့ပါ။
  • အများစုသော ဘဏ်တွေက အိမ်ရာရှိပြီး တိုးတက်တဲ့နေရာမှာနေတဲ့ အလှူရှင်ကို လိုချင်ပါတယ်။ ပိုပြီးကျန်းမာလိမ့်မယ်လို့ ယူဆလို့ပါ။
  • ဒီလို ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေအပြင် အချို့တွေက ဘာသာရေးနဲ့ လူမျိုးနောက်ခံအချက်တွေပါ ထည့်စဉ်းစားကြပါတယ်။

ဘာကြောင့် သုက်ပိုး လှူဒါန်းကြသလဲ

အလှူရှင် ပြတ်လပ်မှုတွေရှိတာကြောင့်ရယ် လိုအပ်ချက်တွေက လက်ရှိလှူထားတာတွေထက် ပိုများနေတာကြောင့်ရယ်ပါ။ သုက်ရည် အလှူရှင်တွေမှာ ကျန်းမာရေးဆိုးကျိုးတွေမရှိပါဘူး။ ဒါ့အပြင် လှူတယ်ဆိုတာက သူတစ်ပါးကို ကူညီဖို့ပါ။ အလှူရှင်တွေရနိုင်တဲ့အကျိုးဆိုတာ သူတစ်ပါးကိုကူညီလိုက်ရခြင်းပါ။

တချို့ယောက်ျားသားတွေက ဒီလိုအလှူရှင်ဖြစ်ရတာဟာ လူမှုရေးတာဝန်တစ်ခုပါဆိုပြီး တွေးကြသလို တချို့ကလည်း သူတို့မျိုးဆက်ကျန်ဖို့ ဆန္ဒနဲ့ လှူကြပါတယ်။ တစ်ချို့တွေကလည်း မျိုးမအောင်ခြင်း ပြသနာဖြစ်တဲ့သူတွေကို  အကူအညီနဲ့ အပြောင်းအလဲတစ်ခုဖြစ်စေဖို့ လုပ်ကြတာပါ။ ဒီလိုလူတွေက သူတို့ရဲ့နေ့စဉ်ဘဝတွေထဲက တစ်ရက်လောက် အချိန်ပေးရုံလေးနဲ့ သူတစ်ပါးရဲ့ အိပ်မက်တစ်ခုကို တကယ်ဖြစ်လာအောင် လုပ်ပေးနိုင်တယ်ဆိုတာ သိထားကြသူတွေဖြစ်ပါတယ်။ ဒီလိုမျိုးလက်ဆောင်တစ်ခုရဲ့တန်ဖိုးက လက်ခံသူရော မျှဝေသူအတွက်ပါ တန်ဖိုးသတ်မှတ်မရနိုင်ပါဘူး။

မြန်မာနိုင်ငံအနေနဲ့ကတော့ သုက်ပိုး လှူတာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်တာမျိုး မရှိသေးပါဘူး။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Basics of Sperm Donation. http://www.indiaparenting.com/infertility-treatments-and-solutions/478_4457/the-basics-of-sperm-donation.html. Accessed January 14, 2017.
FAQs. http://www.genea.com.au/my-fertility/i-need-help/fertility-alternatives/sperm-bank/faq.
Accessed January 14, 2017.

How do I help? Becoming a donor. http://www.genea.com.au/my-fertility/i-need-help/fertility-alternatives/sperm-bank/become-donor. Accessed January 14, 2017.

Why should I donate? http://www.genea.com.au/my-fertility/i-need-help/fertility-alternatives/sperm-bank/why-donate. Accessed January 14, 2017.

Five steps to donate. http://www.londonspermbank.com/become-a-sperm-donor/your-first-appointment. Accessed January 14, 2017.

 

ယခုပုံစံ

02/06/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေတယ်ဆိုတာ အမှန်ပဲလား

သုက်လွှတ်ဖို့ကြာ နေတာ ဘာကြောင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/06/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။