လုံလောက်သော အိပ်စက်မှုကို ရရှိတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှုရှိကြပါတယ်။

    လုံလောက်သော အိပ်စက်မှုကို ရရှိတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှုရှိကြပါတယ်။

    သင့်ဘဝတစ်လျှောက် စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက် အိပ်စက်ခြင်းဟာအရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။ လုံလောက်တဲ့ နားနေချိန်တွေဟာမိမိကိုစိတ်ချမ်းသာစေရုံသာမကသင့်ချစ်သူပေါ်မှာလည်းအကောင်းမြင်စိတ်တွေ ပိုမိုဖြစ်ထွန်းစေနိုင်ပါတယ်။ လုံလောက်တဲ့ အိပ်စက်မှုဟာသင့်ကိုလန်းဆန်းတက်ကြွ အားအင်ပြည့်စေတယ်ဆိုတာတော့ အားလုံးသိပြီးကြမှာပါ။ ဒီလိုပဲဒါဟာသင့်ရဲ့ တုံ့ပြန်မှုနဲ့ သင်တို့နှစ်ယောက် ပတ်သက် ဆက်နွယ်မှုတွေအပေါ်မှာအကျိုးသက်ရောက်မှုရှိပါတယ်။ သူတို့အိပ်နေကျထက် ပိုမိုအိပ်စက်တဲ့ အိမ်ထောင်ရှင်တွေဟာနောက်တစ်နေ့မှာသူတို့ရဲ့ ပတ်သက်ဆက်နွယ်မှုကိုပိုမိုကျေနပ်ကြပါတယ်လို့ သုတေသီတွေကရှာဖွေတွေ့ရှိထားပါတယ်။

    အိပ်စက်ခြင်းကသင့်ခန္ဓါကိုယ်ကိုဘယ်လိုအကျိုးသက်ရောက်မှု ရှိပါသလဲ။

    တစ်ချို့လေ့လာချက်တွေမှာအိပ်စက်ခြင်းဟာသာမန်လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာတင်ပြထားကြပါတယ်။ ညဘက်မှာလုံလောက်တဲ့အိပ်ချိန်ဟာမိမိကိုယ်ကိုယ်ထိန်းချုပ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်ပေါင်းမြောက်များစွာကိုအကျိုးသက်ရောက်မှု ရှိပါတယ်။ မိမိကိုယ်ကိုထိန်းချုပ်ရန်အတွက် လိုအပ်တဲ့ အားအင်ကိုအိပ်စက်စဉ်မှာရရှိပါတယ်။ ဒါ့ကြောင့် သာမန်အိပ်ရေးပျက်မှုလေးတွေတောင် ပုံမှန်စိတ် ထိန်းချုပ်မှုလိုအပ်တဲ့ ကိစ္စလေးတွေမှာဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    အတူတူနေသူ (သို့) လက်ထပ်ပြီးသူတွေရဲ့ သုံးပုံတစ်ပုံဟာအိပ်စက်မှုပြဿနာတွေကြောင့် သူတို့အချင်းချင်းဆက်ဆံရေးမှာမလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်လာတယ်ဆိုပြီးဖြေကြားထားကြပါတယ်။ ဒါ့ကြောင့် သုတေသီတွေကအိမ်ထောင်ရေးမှာအိပ်စက်ခြင်းရဲ့အရေးပါပုံကိုထောက်ပြထားကြတာပါ။

    သင် လက်ထပ်ပြီးသင့်ချစ်သူနဲ့အတူနေနေတယ်ဆိုရင် တစ်ညတာရဲ့ကောင်းမွန်တဲ့ အိပ်စက်ခြင်းဆိုတာအိပ်စက်တဲ့ အခြေအနေ (သို့) အိပ်စက်မှု ကြာချိန်သာမကသင့်ချစ်သူနဲ့ အပေးအယူမျှမှုကလည်းအဓိကကျပါတယ်။

    အိပ်စက်မှုနဲ့ သဘောထားကွဲလွဲမှုတွေကြားကဆက်စပ်မှုတွေဟာပါဝင်ပတ်သက်နေတဲ့လူတွေရဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ စိတ်ကျမှု ချည်းပဲကြောင့် မဟုတ်ပါဘူး။ အခြားအကြောင်းရင်းတစ်ချက်ကတော့ ညအိပ်စက်ချိန်မှာအချင်းချင်းအနှောင့်အယှက် ပေးတတ်ကြပါတယ်။ ဒါ့ကြောင့် ကောင်းကောင်းအိပ်မပျော်ရာကတစ်ဘက်လူကိုအပြစ်တင်ရင်းပဋိပက္ခဖြစ်မှုကိုဦးတည်သွားကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် ခင်ပွန်းတွေဟာပထမညမှာသာကောင်းကောင်းအိပ်ပျော်မယ်ဆိုရင် နောက်ရက်မှာဖြစ်တဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေရဲ့ သက်ရောက်မှုကိုသိပ်မခံစားကြရပါဘူး။

    နီးကပ်လေလေပျော်ရွှင်လေလေ

    အိပ်ရေးပျက်ခြင်းဟာသင့်ကိုစိတ်လိုက်မာန်ပါ အပြုအမူတွေ ပိုလုပ်ဖြစ်စေပါတယ် (ဥပမာယောက်ျားကနှစ်ပတ်လည် ရက်မျိုးကိုမေ့နေတာမျိုး၊ သူ့ကိုဘယ်လိုခံစားရလဲဆိုတာတောင် စိတ်ထဲမှာစိတ်ဖြာနေတာမျိုး)။ ဒီကိစ္စတွေကပဲလင်မယားတွေကြားမှာ ပြဿနာတွေ ဖြစ်စေတာပါ။ အိပ်ရေးပျက်ခြင်းဟာအတွဲတွေ လင်မယားတွေကြားမှာမကြာခဏ ပြင်းထန်တဲ့ ပြဿနာတွေကိုဆောင်ယူလာတတ်ပါတယ်။ ဒီညမှာအိပ်ရေးပျက်လေလေနောက်ရက်မနက်မှာရန်ဖြစ်ဖို့ အခွင့်အလမ်းပိုများလေလေပါပဲ။

    သိသာထင်ရှားတာကတော့ ပုံမှန်အိပ်စက်ထားတဲ့လူတစ်ယောက်ဟာနောက်ရက်မှာတစ်ခြားသူနဲ့ ရန်ဖြစ်မယ်ဆိုရင်တောင် သေချာစွာဆန်းစစ်ဝေဖန်နိုင်တဲ့ အသိဉာဏ် ရှိမှာပါ။ အိပ်ရေးမဝတဲ့သူကတော့ သေချာကိုမစဉ်းစားနိုင်ပဲနဲ့ ဒေါသတကြီးတုန့်ပြန်ဖြစ်ဖို့များပါတယ်။

    ကောင်းမွန်စွာအိပ်စက်လိုက်ပြီဆိုရင်တော့ သင့်ဦးနှောက်ဟာကောင်းမွန်စွာတွေးတောနိုင်သလိုသင့်စိတ်နဲ့ ခန္ဓါဟာလည်းပိုမိုလန်းဆန်းလာပါလိမ့်မယ်။ အထူးသဖြင့် လင်မယား (သို့) စုံတွဲတွေကြားမှာတော့ သူတို့ကြားကဆက်ဆံမှုကိုပိုမိုစိတ်ကျေနပ်မှု ရှိလာမှာဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Is Sleep Deprivation Hurting Your Love Life? https://www.psychologytoday.com/us/blog/meet-catch-and-keep/201905/is-sleep-deprivation-hurting-your-love-life Accessed December 12, 2016

    Relationship quality: Implications for sleep quality and sleep disorders. https://psycnet.apa.org/record/2017-52746-003 Accessed December 12, 2016 

    Social Relationships and Sleep Quality https://www.researchgate.net/publication/276357349_Social_Relationships_and_Sleep_Quality Accessed December 12, 2016 

    Couple Relationships Are Associated With Increased REM Sleep—A Proof-of-Concept Analysis of a Large Dataset Using Ambulatory Polysomnography https://www.frontiersin.org/articles/10.3389/fpsyt.2021.641102/full Accessed December 12, 2016 

    How to sleep-proof your relationship https://patient.info/news-and-features/how-to-sleep-proof-your-relationship Accessed December 12, 2016 

     

     

     

    စာရေးသူ ဓာတ်ပုံbadge
    Hello Sayarwon Panel မှ ရေးသားသည်။ 23/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။