မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
အိပ်ရေးပျက်ရင် ဖျားမှာလား ဆိုတော့ မဖျားလောက်ပါဘူးလို့ ယူဆနေတုန်းလား။ ဒါဆိုရင်တော့ ဒီယူဆချက်ကို ပြင်ဆင်ဖို့ လိုနေပါပြီ။ ညဘက်တွေကို ညဉ့်နက်မှ အိပ်တာ၊ အိပ်ရေးပျက်ခံတာက ဒီနေ့ခေတ် လူတိုင်းနဲ့ မကင်းကွာနိုင်တဲ့ အရာတစ်ခုပါ။ ညဘက်တွေမှာ ရောဂါတစ်ရပ်ရပ်ကြောင့် အိပ်မရတာမျိုး တင်မဟုတ်ဘဲ ဆိုရှယ်မီဒီယာတွေ သုံးတာ၊ ညဆိုင်းလုပ်တာတွေကြောင့် အိပ်ရေးပျက်တာ ရှိသလို ညဘက်တွေမှာ အိပ်မပျော်လို့ မအိပ်ရတာ၊ ဂိမ်းဆော့ရင်း ရုပ်ရှင်ကြည့်ရင်း ညနက်သွားတာတွေကြောင့် အိပ်မပျော်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။
ဒါပေမယ့် ဘယ်လို အကြောင်းကြောင့် မအိပ်တာဘဲ ဖြစ်ဖြစ် အိပ်ရေးပျက်မယ်ဆိုရင်တော့ အိပ်ရေးပျက်တာ များရင်များသလောက် ဖျားနာနိုင်ခြေကလည်း မြင့်တက်လာမှာပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
အိပ်စက်မှုက ကိုယ်ခံအားနဲ့ ဆက်စပ်နေပါတယ်။ အကြောင်းကတော့ အိပ်စက်နေချိန်မှာ ကိုယ်ခံအားစနစ်က cytokines လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ ဒီပရိုတင်းက ခန္ဓာကိုယ်က ကူးစက်ရောဂါတွေကို ခုခံနိုင်ဖို့နဲ့ ရောင်ရမ်းမှုတွေကို တုံ့ပြန်ဖို့ လုပ်ဆောင်ပေးပါတယ်။
ပုံမှန်ဆိုရင် ဒီcytokines တွေက ဖျားမှ၊ ထိခိုက်ဒဏ်ရာရမှ ထွက်တာ ဖြစ်ပါတယ်။ ထွက်လာပြီးတော့ ရောင်ရမ်းမှုတွေကို တုံ့ပြန်တာ၊ ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ကူညီပေးတာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ အိပ်နေချိန်မှာ လူက ဘာမှမဖြစ်နဲ့ဘဲကို cytokines တွေက ထွက်နေပါတယ်။ ဒီလိုထွက်ရတာက ကိုယ်ခံအားကို ပိုပြီးသန်မာစေဖို့ပါတဲ့။
ထွက်လာတဲ့ cytokines တွေက ခုခံအားကိုသန်မာစေဖို့ဆိုရင် လူက အိပ်ချိန်မှန်ဖို့ လိုပါတယ်။ Cytokines တွေက အိပ်ရမယ့်အချိန်ရောက်ရင် အိပ်ပျော်ပျော် မပျော်ပျော် ထွက်လာပါတယ်။ ဒီပရိုတင်းက နိုးနေချိန်မှာ ထွက်ရင် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်တာကြောင့် အိပ်နေချိန်မှာ ထွက်ခိုင်းတာပါ။ အိပ်ချိန်မှာ မအိပ်ဘူးဆိုရင် နိုးနေချိန်မှာ ထွက်သလို ဖြစ်ပြီး ကိုယ်ခံအားကို ပြောင်းပြန်အကျိုးသက်ရောက်နိုင်ပါတယ်။ ဆိုလိုတာက ကိုယ်ခံအား ထိခိုက်နိုင်ပါတယ်။
ကိုယ်ခံအားကောင်းပြီး ဖျားနာမှု ကင်းစေဖို့ဆိုရင် တစ်ညတာကို အိပ်ချိန် အနည်းဆုံး ၆ နာရီ ကနေ ၇ နာရီအထိ ရှိဖို့ လိုပါမယ်။ အိပ်ရေးပျက်တာက နာကျင်မှုတွေကိုရော ရောင်ရမ်းမှုတွေကိုပါ ပိုမိုပြင်းထန်စေပါတယ်။
နာတာရှည် ကျန်းမာရေးပြဿနာ ရှိသူတွေမှာလည်း အိပ်ရေးပျက်တာက ကိုယ်ခံအားကို ထိခိုက်စေပြီး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖျားနာမှု ကင်းပြီး ကိုယ်ခံအား ကောင်းလို့ ကျန်းမာစေဖို့ဆိုရင် ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်ဖို့ လိုပါမယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။