လိင်စိတ်နည်းပါးခြင်းပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 12, 2020 . 2 mins read
Share now

လိင်စိတ်နည်းပါးခြင်းပြဿနာ

လိင်စိတ်တက်ကြွခြင်းနှင့် လိင်စိတ်နည်းပါးခြင်း စသော လိင်ပိုင်းဆိုင်ရာ ကစဉ့်ကလျား ဖြစ်မှုများသည် ချွတ်ယွင်းချက်များကို ရှာဖွေဖော်ထုတ်သင့်သည့် ရောဂါများဖြစ်ပြီး အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ချေရှိသည်။

လိင်ပိုင်းဆိုင်ရာ တုန့်ပြန်မှုစက်ဝန်း၏ မည်သည့်ပိုင်းတွင်မဆို လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခုကြောင့် ကာမသုခ အပြည့်မဝမရရှိခြင်းကို ဆိုလိုပါသည်။

လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှုစက်ဝန်း

လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှုစက်ဝန်းတွင် ကာမစိတ်၊ သာယာစိတ်၊ ပြီးမြောက်မှုနှင့် အပန်းဖြေချိန်ဟူ၍ အဆင့်လေးဆင့်ရှိသည်။

အဆင့် ၁ စိတ်ဆန္ဒတွင်- ဇီဝဗေဒဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စိတ်ဆန္ဒတို့ အသီးသီးပါဝင်သည်။

အဆင့် ၂ သာယာမှုအဆင့်တွင်- စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံး လှုံ့ဆော်မှုဖြစ်ပေါ်လာသည်။ အမျိုးသားရောအမျိုးသမီးပါ ယခုအဆင့်တွင် ဇီဝကမ္မပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ယခုပြောင်းလဲမှုများက ပြီးမြောက်ခြင်းအဆင့်ကို ထောက်ကူပေးပါသည်။

အဆင့် ၃ ပြီးမြောက်ခြင်းတွင်- နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် သွေးခုန်နှုန်းများ မြင့်တက်လာသည်။ ထိန်းချုပ်နိုင်သည့် ကြွက်သားနှင့် မထိန်းချုပ်နိုင်သည့် ကြွက်သားအဖွဲ့အစည်းတို့၏ ကျုံခြင်း ဆန့်ခြင်းများ ဖြစ်ပေါ်လာသည်။

နောက်ဆုံးအဆင့်ဖြစ်သည့် စိတ်အပန်းဖြေချိန်သည် ပြီးမြောက်သာယာမှု ရှိမရှိပေါ်တွင် မူတည်ပါသည်။

အကယ်၍ ပြီးမြောက်သာယာခြင်း မရခဲ့ပါက နာရီပေါင်းများစွာ သက်သောင့်သက်သာမရှိဘဲ ဖြစ်နေတတ်ပါသည်။

အကယ်၍ ပြီးမြောက်သာယာမှု ရခဲ့လျှင်မူ သက်သောင့်သက်သာဖြင့် သာယာသော ခံစားမှုကို ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြာအောင် ခံစားရနိုင်ပါတယ်။

အမျိုးသား လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဘာတွေက ဖြစ်စေသလဲ။

လိင်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြဿနာဖြစ်နိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအနေနဲ့ကတော့ မိမိလိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်၊ အချစ်ရေး၊ စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျခြင်းနှင့်၊ ကာမစပ်ယှက်မှုနှင့် ပတ်သက်ပြီး ယခင်ကရှိခဲ့တဲ့ စိတ်ဒဏ်ရာများကြောင့် စိတ်ဖိစီးပြီး စိုးရိမ်ပူပန်နေရနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာနဲ့ ဆေးဝါးတွေကြောင့်လည်း လိင်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ နှလုံး၊ သွေးကြောရောဂါများ၊ ဆီးချို၊ နာတာရှည်ရောဂါများဖြစ်သည့် အသည်း၊ အရက်စွဲခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းတို့ ပါဝင်ပါတယ်။ စိတ်ရောဂါဆေးတွေအပါအဝင် တချို့သောဆေးဝါးတွေကလည်း ဖြစ်စေပါတယ်။

အမျိုးသားတွေအတွက် အဓိကပြဿနာကတော့ သုက်လွှတ်မှု မြန်လွန်းတာ၊ နှေးလွန်းတာ၊ ကာမစိတ် နည်းပါးလာတာနဲ့ ပန်းသေပန်းညှိုးတို့ဖြစ်ပါတယ်။

အမျိုးသမီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဘာတွေက ဖြစ်စေသလဲ။

အမျိုးသမီးတွေရဲ့ ကာမစိတ်အတက်အကျက သူတို့သဘာဝတွေဖြစ်တဲ့ အိမ်ထောင်သက်ကြာမှု၊ မကြာမှုနှင့် ဘဝရဲ့ အဓိအပြောင်းအလဲတွေဖြစ်တဲ့ သွေးဆုံးခြင်း၊ ဖျားနာခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်း စတာတွေပေါ်မှာ မူတည်ပါတယ်။

တချို့ဆေးဝါးတွေဖြစ်တဲ့ စိတ်ရောဂါ ဆေးဝါးတွေကလည်း အမျိုးသမီးတွေရဲ့ ကာမစိတ်ကို လျှော့နည်းစေနိုင်ပါတယ်။

ကာမစိတ်နည်းနေတာကို ပြသနိုင်တဲ့ လက္ခဏာတချို့ကတော့

  • ကာမဆိုင်ရာသက်ဝင်ထကြွမှုမရှိဘဲ ပျင်းစရာကောင်းနေခြင်း
  • တစ်ကိုယ်ရည်အာသာဖြေမှုအပါအဝင် မည်သည့် ကာမစပ်ယှက်မှုမျှ မရှိခြင်း
  • ကာမနဲ့ပတ်သက်လို့ မပျော်မွေ့ခြင်း၊ တွေးတောမှုပင် မရှိခြင်း

အကယ်၍ သင့်မှာ လိင်စိတ်နည်းပါးနေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ တအားလည်း မစိုးရိမ်ပါနဲ့၊ သင်ဆေးပြောင်းသောက်လိုက်ရုံနဲ့ ပျောက်ကင်းသွားတာမျိုးအထိ ကုသမှုက ရိုးရှင်းနေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

လိင်ဆက်ဆံ ချောဆီ အမျိုးသမီး မိန်းမကိုယ် ယားယံ ခြောက်သွေ့ ကိုယ်ဝန် လိင်မှတစ်ဆင့်ကူးစက်ရောဂါ ကွန်ဒုံး ရေယုန် တံတွေး ထိခိုက်ပွန်းပဲ့ အာသာဖြေ ဓာတ်မတည့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကမ္ဘာအဝှမ်းသတ်မှတ်ထားသည့် ထူးခြားလိင်စိတ်မျိုးကွဲ (၄၆) မျိုး

လိင်စိတ် လူငယ် ဆယ်ကျော်သက် လိင်အင်္ဂါ လိင်ဆက်ဆံခြင်း အရပ်အမောင်း အင်းဆက် ဘိုးဘွား လူရွယ် လူပျို အပျို ကလေး ကိုယ်လက်အင်္ဂါ ဆီး မစင် အစိတ်အပိုင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သုက်ရည်ကျဲလာခြင်းက အမျိုးသားတွေအတွက် စိုးရိမ်စရာရှိလား

သုက်ရည် အမျိုးသား လိင်စိတ် သုက်လွှတ် အာသာဖြေ လိင်ဆက်ဆံ ဝှေးစေ့ ကျားဟော်မုန်း ကိုယ်ခံအား သုက်ပိုး ဇင့်ဓာတ် အစာအာဟာရ အိပ်ချိန် သုက်လွှတ်မြန် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆရာ

လိင်တံ ထိပ်အရေပြား တစ်ကိုယ်ရေသန့်ရှင်းမှု ကျန်းမာရေး ဘက်တီးရီးယား အနံ့အသက် ဆီးလမ်းကြောင်း ခွဲစိတ်မှု ကူးစက်ရောဂါ ထုံဆေး နာကျင်မှု လိင်ဆက်ဆံခြင်း အတွင်းခံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 3 mins read
လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ

လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
လိင်မဆက်ဆံပဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

လိင်မဆက်ဆံပဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read