ကျန်းမာသန်စွမ်းသော သုတ်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်မှုပုံစံ

    ကျန်းမာသန်စွမ်းသော သုတ်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်မှုပုံစံ

    ကိုယ်ဝန်ရဖို့ ခက်နေမယ်ဆိုရင် ပထမဆုံးစိတ်ထဲမှာ ပေါ်လာတာကတော့ မျိုးအောင်ခြင်းဆိုင်ရာဆေးခန်းတွေကို သွားဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကုသမှုမယူခင်မှာ စားသောက်မှုပုံစံပြောင်းလဲခြင်းကဲ့သို့သော လူနေမှုဘဝပုံစံပြောင်းလဲခြင်းများ ပြုလုပ်ကြည့်ဖို့ အကြံပြုပါတယ်။ အံသြစရာကောင်းတာက စားသောက်ခြင်းပုံစံက သုတ်ပိုးကျန်းမာရေးအပေါ်မှာ ကြီးမားစွာ သက်ရောက်မှုရှိနေတာပါ။

    ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုးကို ပိုင်ဆိုင်နိုင်ဖို့ ဆောင်ရန်၊ရှောင်ရန် အစားအသောက်များကို အောက်တွင် ဖော်ပြထားပါတယ်။

    ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုးပိုင်ဆိုင်ဖို့ ဘာတွေ စားသင့်သလဲ။

    ၁။ ကြက်ဥ

    ကြက်ဥက သုတ်ပိုးအရေအတွက်နဲ့ လှုပ်ရှားနိုင်မှုကို မြင့်တင်ပေးဖို့ နည်းလမ်းကောင်းတစ်ခုပါ။ ဗီတာမင်အီးနဲ့ ပရိုတင်းဓါတ်တွေပြည့်ဝနေတဲ့ ကြက်ဥဟာ သုတ်ပိုးအရေအတွက် ကျစေသော ဓါတ်တိုးပစ္စည်းများ၏ အန္တရယ်မှ ကာကွယ်ပေးပါတယ်။

    ၂။ ဟင်းနုနွယ်

    ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုးတွေ ထုတ်လုပ်ဖို့ ဖောလစ်အက်စစ် လိုအပ်ပါတယ်။ ခန္ဓါကိုယ်က ဖော်လစ်အက်စစ် အလုံအလောက် မရှိဘူးဆိုရင် ပုံသဏ္ဍန်မမှန်တဲ့ သုတ်ပိုးတွေကို ထုတ်လုပ်လာနိုင်ပါတယ်။ ယင်းသုတ်ပိုးတွေဟာ မမျိုးဥထံသို့ရောက်ရှိဖို့၊ ထိုးဖောက်ဝင်ရောက်ဖို့ စွမ်းအားမရှိပါဘူး။ ဒါ့အပြင် ပုံသဏ္ဍန်မမှန်တဲ့ ကလေးမွေးနိုင်ခြေရာခိုင်နှုန်းလည်း များသွားပါတယ်။ ဖောလစ်အက်စစ်ရရှိဖို့ ဟင်းနုနွယ်နဲ့ အခြား အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်များ စားသုံးပေးရပါမယ်။

    ၃။ ငှက်ပျောသီး

    ငှက်ပျောသီးမှာ သုတ်ပိုး ထုတ်လုပ်မှုနဲ့ သုတ်ပိုး ကျန်းမာသန်စွမ်းမှုကို မြင့်တင်ပေးသော ဗီတာမင်အေ၊ ဘီ၁နဲ့ စီတို့ ပြည့်ဝစွာ ပါဝင်ပါတယ်။ ငှက်ပျောသီးတွင် ပါဝင်သော ရှားပါးအင်ဇိုင်း ဗရိုမယ်လိန်ကလည်း သုတ်ပိုးအရေအတွက်နဲ့ လှုပ်ရှားနိုင်စွမ်းကို မြင့်တင်ပေးနိုင်တယ်လို့ ယုံကြည်ရပါတယ်။

    ၄။ အမည်းရောင်ချောကလက်

    ချောကလက်နက်မှာ သုတ်ရေပမာဏနဲ့ သုတ်ပိုးအရေအတွက် မြင့်မားစေသော အမီနိုအက်စစ်တစ်မျိုးဖြစ်သည့် အယ်လ်အာဂျနင်းအိတ်ခ်ျစီအယ် ပါဝင်ပါတယ်။ ဒါ့အပြင် လူတော်တော်များက ချောကလက်နက်ဟာ လိင်ဆက်ဆံမှုပြီးမြောက်ခြင်းကို ပိုမိုပြင်းထန်စေတယ်လို့ ယုံကြည်ကြပါတယ်။

    ကျန်းမာသန်စွမ်းသော သုတ်ပိုးများ ရရှိရန်အတွက် ရှောင်ကျဉ်ရမည့် အစားအစာတွေက ဘာတွေလဲ။

    ၁။ စည်သွတ်ဘူး အစားအစာများ

    ပလတ်စတစ်ထုတ်ပိုး ပစ္စည်းများတွင် ပါဝင်သော ဟော်မုန်းပျက်ပြားစေသည့် BPA ဒြပ်ပေါင်းက သုတ်ပိုးများမကျန်းမာခြင်းကို ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်များ ယုံကြည်ကြပါတယ်။ စည်သွတ်ဘူး အတွင်းပိုင်းတို့တွင် သုတ်ထားသော ရီဆင်ဒြပ်ပေါင်းမှာ BPA အများအပြားပါဝင်နေပါတယ်။ ဒါကြောင့် လတ်ဆတ်သန့်ရှင်းတဲ့ အစားအသောက်များနှင့် ဖန်ပုလင်းထဲတွင် ထည့်ရောင်းသော အစားအစာများကို ရွေးဝယ်တာ အကောင်းဆုံးပါပဲ။

    ၂။ အရက်

    အရက်က သုတ်ပိုးကျန်းမာရေးကို ထိခိုက်စေတယ်လို့ သိရပါတယ်။ ကလေးရဖို့ ခက်ခဲနေမယ်ဆိုရင်တော့ အရက်သောက်ခြင်းကို ပြန်လည်ချင့်ချိန်ဖို့ လိုအပ်နေပါပြီ။ အရင်တုန်းက အရက်အလျွန်အကျွန် သောက်ခဲ့ဖူးလား။ သောက်ခဲ့ဖူးမယ်ဆိုရင် မိမိကိုယ်ကို ပြန်လည်စီစစ်ပြောင်းလဲပါ။ အရက်ကို သင့်တော်တဲ့ ပမာဏနဲ့ သောက်မယ်ဆိုရင် မျိုးအောင်နိုင်စွမ်းကို ပြန်လည်ရရှိနိုင်ပါတယ်။

    ၃။ ပြည့်ဝဆီများ

    ပြည့်ဝဆီနဲ့ မပြည့်ဝခြင်းတစ်နေရာတည်းသာပါဝင်သည့်အဆီများ ( ဥပမာ စက်ရုံထုတ်အသားများ၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း) တို့က သုတ်ပိုး မကျန်းမာမသန်စွမ်းခြင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။ သင့်သုတ်ပိုးများ ဘေးကင်းရန်အတွက် ထိုသို့သောအဆီများ ပါဝင်သည့် အစားအစာများ လျော့စားပေးပါ။ မပြည့်ဝခြင်းမြင့်မားသော အဆီများ အထူးသဖြင့် အိုမီဂါ၆နဲ့ အိုမီဂါ၃ အဆီတို့ကို ပြောင်းလဲစားသောက်ပေးပါ။ ထိုအဆီတို့ကို သစ်ကြားသီး၊ ချီယာအစိနဲ့ အိုမီဂါ၃အားဆေးများမှာ တွေ့နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement