လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 30, 2020 . 2 mins read
Share now

လိင်သံဝါသပြုတယ်ဆိုတာ နာကျင်ခံစားရဖို့ မဟုတ်ပါဘူး။ ကျေနပ်ပျော်ရွှင်ဖို့ ကောင်းမွန်တဲ့ ခံစားချက်မျိုးကို ကျေနပ်ပိုင်ဆိုင်နိုင်ဖို့ပါ။ ဒါပေမယ့် ဒီအချက်က အမြဲတမ်းတော့ မှန်ကန်နေလိမ့်မယ်လို့ ယုံကြည်မထားပါနဲ့။

ကိစ္စတိုင်းမှာ ချွင်းချက်ရှိတာမို့ လိင်ကိစ္စမှာလည်း ဒီလိုပါပဲ။ လိင်မှုကိစ္စတွေဟာ နူးညံ့ပြီး သိမ်သိမ်မွေ့မွေ့ကိုင်တွယ်နိုင်ဖို့ လိုအပ်တဲ့ ကိစ္စမျိုးပါ။ အထူးသဖြင့်တော့ အမျိုးသမီးတွေအတွက်ဆိုပြီး သိမ်မွေ့ဖို့ လိုအပ်တယ်မဟုတ်လား။

လိင်ဆက်ဆံခြင်းဟာ ဘယ်လောက် စိတ်ကျေနပ်နှစ်သက်စရာ ခံစားချက်ကိုပေးစွမ်းနိုင်တယ်ဆိုပါစေဦး တစ်ခါတစ်ရံမှာတော့ ထင်မှတ်မထားတဲ့ ဝေဒနာတွေကိုလည်း ဆောင်ယူလာတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ မိန်းမကိုယ်နာကျင်တဲ့ ပြဿနာမျိုးပါ။

တစ်ချို့တွေက ဒီလို မိန်းမကိုယ်နာကျင်တာက သာမန်ကိစ္စလို့ ထင်မြင်ယူဆတတ်ကြပြီး အများစုက ဘာကြောင့် ခုလိုနာကျင်မှန်းမသိကြပါဘူး။ အကြောင်းအရင်းကတော့ အမျိုးသမီးအများစုဟာ ဒီလိုနာကျင်မှုဟာ ထိုးသွင်းဆက်ဆံမှုကြောင့် ကျန်ရစ်ခဲ့တဲ့ နာကျင်မှုလို့ သာမန်ကာလျှံကာ တွေဆးမိသွားကြတာကြောင့်ပါ။

လိင်ဆက်ဆံပြီးချိန်မှာ မိန်းမကိုယ်နာကျင်တာက ဂရုစိုက်ဖို့လိုအပ်တဲ့ကျန်းမာရေးနဲ့ သက်ဆိုင်နေတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကိစ္စပြီးမြောက်ချိန်မှာ မိန်းမကိုယ်နာကျင်နေတာဟာ အောက်ပါအချက်တွေထဲက တစ်ခုခုနဲ့ ပတ်သက်နွယ်နေတာကြောင့်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

၁။ မိန်းမကိုယ် ပိုးဝင်ခြင်း

လိင်ဆက်ဆံနေချိန် ဒါမှမဟုတ် လိင်ဆက်ဆံပြီးချိန်တိုင်း မိန်းမကိုယ် တဝိုက်မှာ နာကျင်နေတယ်ဆိုရင် လိင်ကြောင့်ရောဂါပိုးကူးစက်ခြင်း (STI) ဖြစ်နိုင်ပါတယ်။ ChlamydiaGonorrhoea ဒါမှမဟုတ် Genital herpes တို့ဖြစ်နိုင်ပါတယ်။

၂။ ဟိုမုန်းအပြောင်းအလဲ

ခန္ဓာကိုယ်ထဲမှာ ဟိုမုန်းလယ်ဗယ် ပြောင်းလဲနေရင်လဲ မိန်းမကိုယ်နာကျင်တတ်ပါတယ်။ ဒီလို ဟိုမုန်းပမာဏပြောင်းလဲစေတဲ့အချက်တွေကတော့ သွေးဆုံးခါနီးနေတာ၊ သွေးဆုံးနေတာ နဲ့ ကိုယ်ဝန်ဆောင်ထားရတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကြောင့် မိန်းမကိုယ်ခြောက်သွေ့ပြီး နာကျင်တာဖြစ်ပါတယ်။

၃။ စိတ်မပါလို့

သံဝါသပြုနေပေမယ့် ဆက်ဆံမှုအပေါ် စိတ်ပါခြင်းမရှိဘူးဆိုရင်လည်း နာကျင်ခံစားရနိုင်ပါတယ်။ စိတ်မပါတာကြောင့် ခန္ဓာကိုယ်က သဘာဝချောဆီ လုံလောက်စွာထုတ်မပေးနိုင်တာ ဒါမှမဟုတ် မထုတ်လုပ်ပေးတာမျိုးကြောင့် ခုလိုနာကျင်ရတာပါ။

၄။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

လိင်ဆက်ဆံပြီးချိန် မိန်းမကိုယ်နာကျင်နေရတဲ့ နောက်ထပ်တစ်ချက်က ဆီးလမ်းကြောင်း ပိုးဝင်နေတာကြောင့်ပါ။ ဒီလိုဖြစ်တယ်ဆိုရင်တော့ ဖျားနာတာလည်း ဖြစ်တတ်ပါတယ်။

၅။ ဓာတ်မတည့်လို့

သုက်ရည်၊ ကွန်ဒုံးမှာအသုံးပြုတဲ့ ရာဘာ၊ ပလတ်စတစ်စတာတွေနဲ့ ချောဆီစတာတွေထဲက တစ်ခုခုနဲ့ ဓာတ်မတည့်ဘူးဆိုရင်လည်း သင့်ရဲ့ မိန်းမကိုယ် နာကျင်သွားနိုင်ပါတယ်။ ကိုယ့်မှာ ဘယ်လိုအရာတွေနဲ့ ဓာတ်မတည့်ဘူးလဲဆိုတာကို ကြိုတင်သိရှိအောင် ကြိုးစားထားသင့်ပါတယ်။

၆ ကျန်းမာရေးမကောင်းလို့

တကယ်လို့ ကိုယ်က ဖျားတာနာတာအပါအဝင် ကျန်းမာရေးပြဿနာတစ်ခုခုရှိနေမယ်ဆိုရင်လည်း လိင်ဆက်ဆံချိန်နဲ့ ဆက်ဆံပြီးချိန်တွေမှာ မိန်းမကိုယ်နာကျင်နေတတ်ပါတယ်။ ဒီနာကျင်မှုက ပုံမှန်မဟုတ်တဲ့နာကျင်မှုမျိုးဖြစ်ပြီး သွေးထွက်တာမျိုးလည်းဖြစ်တတ်ပါတယ်။

၇။ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိလို့

ကိုယ်ကပဲဖြစ်ဖြစ် ကိုယ့်ဆက်ဆံဖော်ကပဲဖြစ်ဖြစ် စိတ်ကြမ်းကိုယ်ကြမ်းနဲ့ ဆက်ဆံခဲ့တယ်ဆိုရင် ထိခိုက်နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။ ဆက်ဆံနေချိန်မှာ သိပ်မသိသာပေမယ့် ဆက်ဆံပြီးချိန်မှာတော့ နာကျင်မှုဝေဒနာကိုခံစားရနိုင်ပါတယ်။

အပေါ်မှာ လိင်ဆက်ဆံမှုကြောင့် မိန်းမကိုယ် နာကျင်မှုအကြောင်းအရင်းတွေကို ဖော်ပြခဲ့ပြီးပြီဆိုတော့ အောက်မှာ အိမ်တွင်းကုထုံးလေးတွေအကြောင်းကို ဆက်ပြီး ဖော်ပြပေးချင်ပါတယ်။

မိန်းမကိုယ်နာကျင်မှုကို သက်သာစေနိုင်တဲ့ နည်းလမ်း ၄ သွယ်ရှိပါတယ်။ ဒါတွေကတော့

  • ဆားရည်စိမ်တာ – Epsom Salts လို့ခေါ်တဲ့ Magnesium sulfate ပါဝင်တဲ့ ဆားရည်နဲ့ စိတ်ပေးတာက နာကျင်မှုဝေဒနာကို သက်သာစေနိုင်သလို ထိခိုက်ပွန်းပဲတာတွေကိုလည်း လျှင်လျှင်မြန်မြန်သက်သာစေပါတယ်။
  • ရေခဲကပ်ပါ – ပေါင်ခြံကြားတွေကို ရေခဲကပ်ပေးခြင်းကလည်း မိန်းမကိုယ် နာကျင်တာကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် မိန်းမကိုယ်ဆီကို တိုက်ရိုက်မကပ်မိဖို့တော့ သတိထားပါနော်။
  • ချောဆီသုံးပါ – လိင်မဆက်ဆံခင်ချိန်မှာရော၊ ဆက်ဆံနေချိန်မှာပါ ချောဆီအသုံးပြုပေးတာက သင့်ကို မိန်းမကိုယ်နာကျင်မှုဝေဒနာမခံစားရအောင် ကူညီပေးနိုင်ပါတယ်။
  • ဝါဂွမ်းနဲ့ ဖန်တီးထားတဲ့ အတွင်းခံ ဝတ်ဆင်ပါ – အတွင်းခံဝတ်ဆင်ရာမှာ တခြားချည်သားမျိုးတွေထက် ဝါဂွမ်းကို အခြေပြုပြီး ဖန်တီးထားတဲ့ အတွင်းခံမျိုးကို ဝတ်ဆင်တာက မိန်းမကိုယ်နာကျင်နေတာကို သက်သာစေနိုင်ပြီး ထိခိုက်ပွန်းပဲ့မှုတွေကိုလည်း အလျှင်အမြန်သက်သာစေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆံသားနဲ့ဦးရေပြား ကို ထိန်းသိမ်းပါ

ဆံသားနဲ့ဦးရေပြား ကိုလည်း မျက်နှာအသားအရေလိုပဲ စောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါမယ်။ အကြောင်းကတော့ ဦးရေပြား ကျန်းမာမှ ဆံသားလည်း ကျန်းမာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အချစ်ဟိုမုန်းလေး Oxytocin ရဲ့ အံ့အားသင့်ဖွယ် အစွမ်း ၁၀ ခု

Oxytocin ဟာ အချစ်စိတ်တစ်မျိုးတည်း လူတွေအပေါ် အကျိုးပြုတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်အပြင် လူနေမှုဘဝအထိကိုပါ အကျိုးပြုပေးနေတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စိုးရိမ်စရာကောင်းတဲ့ မိန်းမကိုယ် အဖြူဆင်း ခြင်းများ

အမျိုးသမီးများအနေနဲ့ သာမန်အဖြူဆင်းတာနဲ့ ရောဂါကြောင့် ဆင်းတာကို အကြမ်းဖျင်း ခွဲတတ်ဖို့ လိုပါတယ်။ ဘယ်လိုတွေ ကွာခြားသလဲဆိုတာ သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကာကွယ်ဆေးတွေကို ဘယ်လိုထုတ်လုပ်သလဲ။ ကာကွယ်ဆေးတွေက စိတ်ချရပါသလား။

နှစ်စဉ် ကာကွယ်ဆေးကြောင့် လူသန်းပေါင်းများစွာကို ရောဂါပိုးတွေရဲ့ အန္တရာယ်ကနေ အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။ ကာကွယ်ဆေးက ထိရောက်တဲ့ကုသနည်းတစ်ရပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဆောင်းတွင်းမှာ နှာခေါင်းသွေးထွက် တာ လျော့နည်းအောင်

ဆောင်းတွင်းမှာ နှာခေါင်းသွေးထွက် တာ လျော့နည်းအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
အပ်ကြောက် လို့ ကာကွယ်ဆေး မထိုးချင်ဘူးဆို ဒီလိုနည်းလမ်းတွေနဲ့ ကျော်လွှားပါ

အပ်ကြောက် လို့ ကာကွယ်ဆေးမထိုးချင်ဘူးဆို ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read