home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

HIV ရောဂါပိုးရှိသော လူနာများ ချိန်းတွေ့သောအခါ လုပ်ဆောင်သင့်သည့် အရာများ။

HIV ရောဂါပိုးရှိသော လူနာများ ချိန်းတွေ့သောအခါ လုပ်ဆောင်သင့်သည့် အရာများ။

သင့်မှာ HIVရောဂါပိုး ရှိနေပြီလို့ အဖြေထွက်တဲ့ အခါ ဘဝအတွက် ကြီးမားသော အခက်အခဲ ဖြစ်လာ ပါတယ်။ ဒါပေမယ့်လည်း သင်ဟာဘယ်သူနဲ့မှ ချစ်သူဆက်ဆံရေး ဖြစ်လို့မရတော့ဘူး သို့မဟုတ် တစ်စုံတစ်ယောက်နှင့် ချစ်ခင်စုံမက်တဲ့ဆက်ဆံရေးမျိုး ပြုလုပ်ရန် မသင့်တော်တော့ ဘူးလို့ဆိုလိုခြင်း မဟုတ်ပါဘူး။ သင်ဟာ အခြားကျန်းမာရေး ကောင်းသူတစ်ယောက်နှင့် ချစ်ခွင့်ရှိသေးတယ်ဆိုတာ တကယ်မှန်ကန်ပါတယ်။ ဒါကြောင့် သင်ချစ်တဲ့ သူတစ်ယောက် နှင့်ချိန်းတွေ့တော့မယ်ဆိုရင် ချိန်းတွေ့တဲ့အခါမှာ အောက်ဖော်ပြပါလုပ်ဆောင်ရမယ့်အရာလေးတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

သင့်မှာ HIVရောဂါပိုး ရှိနေတယ်ဆိုတာသင့်ချစ်သူကို ဦးစွာ ပြောပြလိုက်ပါ။

သင်ဟာတစ်စုံတစ်ယောက် နှင့်စပြီးချိန်းတွေ့ဖို့မဆုံးဖြတ်ခင်မှာ သင့်ရဲ့ကျန်းမာရေး အကြောင်းကို အရင်ဆုံးစပြီး ပြောပြပေးသင့်ပါတယ်။ ဒီလိုပြောပြပေးခြင်းအားဖြင့် သင့်အပေါ်မှာ သင်ချစ်တဲ့သူက ဆက်ပြီး အချိန်တွေပေးမှာလား ၊မပေးဘူးလား ဘာလုပ်ရမလဲ ဆိုတာကို ဆုံးဖြတ် နိုင်မှာဖြစ်ပါတယ်။ ဒီလိုပြောပြလိုက်ခြင်းဟာလည်း သင်နှင့် ဆက်ဆံရေးမှာ သူတို့ရဲ့ စွမ်းအင်တွေ အချိန်တွေ စတာတွေကို သူတို့ပေးဆပ် နိုင်ရဲ့လားဆိုတာကို စဉ်းစားဖို့ရာ အခွင့်အရေး ပေးလိုက်သကဲ့သို့လည်း ဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ လက်တွဲဖော် ဟာသင့်မှာHIVပိုးရှိနေတဲ့အတွက် ကြောင့်သင့်ကို လက်မခံဘူးဆိုရင်တော့ သင်ဟာသူနဲ့ ဆက်ဆံရေး ကို ဖြတ်တောက်ပြီး အခြားမိမိအပေါ် နားလည်နိုင်သူအသစ်နဲ့သာ ရှေ့ဆက်သွားပါ။

အကြီးအကျယ် ဖြေရှင်းရမယ့် ကိစ္စကြီးတစ်ခုကဲ့သို့ မမှတ်ယူပါနှင့်။

သင့်ရဲ့လက်တွဲဖော်ဟာ သင့်မှာ HIVရောဂါပိုး မရှိဘူးလို့ သိထားရင် ပိုပြီးသက်သောင့်သက်သာ ဖြစ်လိမ့်မယ်လို့ သင်ဟာ ထင်နေနိုင်ပါတယ်။ ဒါဟာလုံးဝမှားယွင်းပါတယ်။ သင့်မှာHIVပိုး ရှိခြင်းဟာ သူ့အပေါ် အပြစ်လုပ်ထားခြင်း မဟုတ်ပါ။ ဒါဆိုရင် သင်ဟာဘာအတွက် အကြီးအကျယ်ခံစား နေမှာလဲ။ သင့်ရဲ့အခြေအနေ တစ်ခုကြောင့် သင့်ရဲ့လက်တွဲဖော် ကျေနပ်အောင် ဖုံးကွယ်မယ် ဆိုပြီး မခံယူပါနဲ့။ ဒါဟာ သင့်မှာ တာဝန်မရှိပါဘူး။ သင့်ကိုယ်သင် လူကောင်းတစ်ယောက်ကဲ့သို့ မှတ်ယူသင့်ပါတယ်။ ဒါ့အပြင် တကယ်လို့သင် အမှားအယွင်း တစ်စုံတစ်ခုပြု လုပ်ခဲ့တယ်ဆိုရင်တောင် တောင်းပန်ဖို့ ပြောဆိုရန် မလိုအပ်ပါဘူး။

သင်လိုအပ်သည့် ဖြစ်ချင်သည့်အကြောင်းကို ဆွေးနွေးပါ။ လူတစ်ဦးနှင့် တစ်ဦးဆက်ဆံရေးမှာ တိုင်ပင်ဆွေးနွေးခြင်းဟာအလွန် အရေးကြီးတယ်ဆိုတာကို ပေါ့ပေါ့တန်တန် မမှတ်ယူသင့်ပါဘူး။ အထူးသဖြင့် အချို့အခြေအနေတွေမှာ စတင်ပြီးပြောဖို့ရာ သင့်မှာအခက်အခဲ အလွန်ဖြစ်နိုင်သော်လည်းပဲ HIVရောဂါပိုး ဆေးစစ်ချက် အဖြေကိုသင်သိရတဲ့ အချိန် မှာတော့ ဆွေးနွေးခြင်းကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဘူး။ သင့်ရဲ့လက်တွဲဖော်ကို သင့်ရောဂါအကြောင်းပွင့်ပွင့် လင်းလင်းဖွင့်ပြောခြင်းဟာ အလွန်အရေးကြီးပါတယ်။ မရှိမဖြစ်လည်း လိုပါတယ်။ အဲဒီနောက် ဒီဆက်ဆံရေးအခြေအနေမှာ သင်အမှန်တကယ် ဘာကိုမျှော်လင့်ထားတယ် ဆိုတဲ့အကြောင်းတွေကို ပြောပြသင့်ပါတယ်။ သင်ဖြစ်ချင်လိုချင်တဲ့အကြောင်းအရာတွေကို သင့်ရဲ့လက်တွဲဖော်နှင့် တိုင်ပင်ဆွေးနွေးပါ။ ဥပမာ ဘယ်လိုဆက်ဆံရေးမျိုးကို အလိုရှိနေတယ်။ ဘယ်လိုမျိုးချိန်းတွေ့ချင်တယ်၊ ဘယ်လိုမျိုး လှုပ်ရှားမှုတွေမှာ အတူတူ လုပ်ဆောင်ချင်တယ် စတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်း အားဖြင့် သင့်ရဲ့ လက်တွဲဖော်ကို နားလည်စေအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် နှစ်ယောက်စလုံးမှာ လိုအပ်တဲ့အရာတွေ အားလုံးကို ပြင်ဆင်ထား နိုင်ပါတယ်။

မိမိကိုယ်ကို တန်ဖိုးထားပါ။

သင့်မှာ HIVရောဂါပိုး ရှိတာနဲ့ သင့်ကိုယ်သင် တန်ဖိုးမရှိတဲ့ လူလို့ မသတ်မှတ်သင့်ပါဘူး။ သင့်ရဲ့ဖျားနာမှုဟာ သင့်ကိုယ်သင် ဘယ်လိုလူမျိုးဖြစ်တယ် သို့မဟုတ် သင်ဟာ ဘယ်လိုစိတ်ဓါတ်နဲ့သူဖြစ်တယ် ဆိုတာကိုဖော်ပြနေတာ မဟုတ်ပါဘူး။ သင့်ရဲ့ ခွင့်ပြုချက်မရပဲ ဘယ်သူမှသင့်ကို လာမထိခိုက်နိုင်ပါဘူး။ HIVရောဂါပိုး ရှိသူတွေဟာလည်း ထိုနည်းတူစွာပါပဲ။ သင့်မှာ သင့်ရဲ့ မျှော်လင့်ချက်တွေ၊ အိမ်မက်တွေနဲ့ သင့်ရဲ့ ပင်ကိုယ်ဗီဇ ပါရမီတွေစသဖြင့် ရှိနေနိုင်ပါသေးတယ်။ HIVရောဂါပိုး ရှိနေတဲ့သူတွေမှာ ကျန်းမာရေး ကောင်းပြီး အမှန်တကယ်တန်ဖိုးရှိတဲ့ ဆက်ဆံရေးမျိုး ရှိနေနိုင်တယ်ဆိုတာကို ယုံကြည်သင့်ပါတယ်။ သင့်ကို ဝမ်းနည်းမှု၊ အားငယ်မှုတွေပေးနိုင်တဲ့ အချိန်တွေဖြစ်တဲ့ တစ်ယောက်တည်းရှိ နေချိန်မှာ ကြောက်စိတ်ဝင်လာနိုင်တဲ့အတွက် တစ်ယောက်တည်း နေပြီးမိမိကိုယ်ကို ထိခိုက်မခံပါနှင့်။ HIVရောဂါပိုးရှိခြင်းဟာ သင့်ကို အရမ်းဆိုးရွားသောလူဖြစ်သည်ဟုဆိုလိုခြင်း မဟုတ်ပါဘူး။ ဒါကြောင့် သင့်ကိုယ်သင် မိမိယုံကြည်မှုကို အဆုံးရှုံး မခံပါနဲ့။

လိင်ဆက်ဆံတဲ့အခါအကာအကွယ်သုံးပါ။

တကယ်လို့ သင်ရောသင့်အဖော်ရော နှစ်ယောက်စလုံးဟာ လိင်ဆက်ဆံမှုပြုချင်တဲ့အခါ နှစ်ဦးစလုံး HIVပိုး ရှိလျှင်တောင်မှ ကွန်ဒုံးကိုသုံးပြီး ရောဂါကူးစက်ဖလှယ် ခြင်းမှ ကာကွယ်ဖို့အတွက် လိုအပ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ဘယ်သူ့ကိုမှ ရောဂါပိုးထပ်မံ ကူးစက်ခြင်း မဖြစ်ပွားတာ သေချာအောင်လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှု ဖြစ်အောင် ကာကွယ်လေ့ကျင့်ပေးပါ။ ဒါ့အပြင် သင်ရော သင့်လက်တွဲဖော်ရော နှစ်ဦးကြားက ယုံကြည်မှုကို တည်ဆောက်နိုင်ရန်တွက် ဖြစ်ပါတယ်။ အရေးကြီးဆုံး အရာကတော့ ဒီလိုအကာကွယ်မဲ့ လိင်ဆက်ဆံ ခြင်းဟာနောက်ထပ်ဖြစ်လာမယ့် ပိုးဝင်နိုင်ခြေ အခွင့်အလမ်းမှလည်း ကာကွယ်ပြီးသားဖြစ်နိုင်တဲ့ အတွက်ကြောင့်ပါ။

ပုံမှန်လူတစ်ယောက်နဲ့ ချိန်းတွေ့ခြင်းထက်စာလျှင်HIV ရောဂါပိုးရှိသူနှင့် ချိန်းတွေ့ခြင်းက ပိုပြီးခက်ခဲနိုင်ပါတယ်။ သင်ဟာ တစ်ဦးတစ်ယောက်နှင့် ချိန်းတွေ့ခြင်းမပြုခင်မှာ သင်ကိုယ်တိုင်အရိုးသားဆုံး ဖွင့်ဟပြောပြဖို့ အလွန်အရေးကြီး ပါတယ်။ သင့်ရဲ့ ရောဂါကြောင့် မဟုတ်ပဲ တစ်ဖက်လူကိုလည်း စာနာလေးစားသည့် သဘောနှင့် နေထိုင်ဖို့ရာ အရမ်းအရေးကြီးပါတယ်။ တကယ်လို့ သင်နဲ့ ချိန်းတွေ့တဲ့ တစ်စုံတစ်ဦးဟာ သင့်အပေါ်မှာ စာနာစိတ်မျိုး မထားနိုင်ခဲ့ဘူးဆိုရင်တော့ သင်ဟာနောက်ထပ် စိတ်တူကိုယ်တူ အဖော်တစ်ယောက်ကို ရှာဖို့လိုအပ်နေပါပြီ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Khin Yin Kyay မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။