backup og meta

1

မျှဝေပါ။

စိတ်ချရတယ်ဆိုပြီး မီးနီဖြတ် မလို့လား။ ခဏလေး နေပါဦး

ရာသီလာနေတုန်း လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူးတဲ့။ ကျိန်းသေပြီလား။ ဒီစကားကို ယုံစားမိလို့ ဒုက္ခရောက်ခဲ့ကြသူတွေ ရေတွက်လို့မှ မကုန်နိုင်။ ဘာကြောင့်လဲဆိုတော့ မီးနီဖြတ် ရင် ကိုယ်ဝန်ရနိုင်ခြေ နည်းတယ်ဆိုပေမဲ့ လုံးဝမရနိုင်တာမျိုးတော့ မဟုတ်ဘူးလေ။ ဒါဖြင့် မီးနီဖြတ်လိုက်ရင် ကိုယ်ဝန်ရနိုင်ခြေ ဘယ်လောက်များသတဲ့လဲ။

စိတ်ချရတယ်ဆိုပြီး မီးနီဖြတ် မလို့လား။

ယေဘုယျအားဖြင့် အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ဝန်ရနိုင်ခြေဟာ မမျိုးဥကြွေချိန် စက်ဝန်းပေါ်မူတည်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်းဟာ ၂၉ရက် ရှိတတ်ပြီး ရက် ၂၀ ကနေ ၃၅ ထိလည်း ရှိတတ်ပါတယ်။ ဒီထက်ကြာတာတောင် ရှိပါသေးတယ်။

ယေဘုယျအားဖြင့်တော့ နောက်ရာသီလာမယ့်ရက်မတိုင်ခင် ၁၄ရက်အလိုမှာ မမျိုးဥကြွေတတ်ပါတယ်။ကျန်းမာသန်စွမ်းတဲ့ သုက်ပိုးဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ၇၂ နာရီ နေနိုင်တာမို့ ဒီသုက်ပိုးဟာ မမျိုးဥကြွေတာနဲ့ တွေ့သွားလိုက်မယ်ဆိုရင် ကိုယ်ဝန်ရဖို့ ရာနှုန်းတစ်ခု ရှိသွားပါပြီ။

နောက်တစ်ခါ တချို့ အမျိုးသမီးတွေက မမျိုးဥကြွေချိန်မှာလည်း သွေးနည်းနည်းဆင်းတတ်ပါတယ်။ ဒါကို ရာသီလာတာနဲ့မှားပြီး  ပျော်ပျော်ကြီး မီးနီဖြတ်မယ်ဟေ့ ဆိုရင်လည်း အနှီးလေး ပြင်ထားဖို့တော့ မမေ့နဲ့ပေါ့။

ဆိုတော့ကာ သွေးစဆင်းပြီး တစ်ရက်ကနေ နောက်နှစ်ရက်လောက်အတွင်း လိင်ဆက်ဆံမိရင် ကိုယ်ဝန်ရနိုင်ခြေဟာ နည်းတယ်ဆိုပေမဲ့ စိတ်ချလို့ မရတဲ့ အနေအထားပါ။ နောက်ရောက်လေလေ ကိုယ်ဝန်ရနိုင်ခြေ ပိုများလေလေပါပဲ။

အထူးသဖြင့် ရာသီစက်ဝန်းတိုတဲ့ အမျိုးသမီးတွေ၊ တစ်နည်းအားဖြင့် ရက် ၂၀တစ်ခါလောက် ရာသီလာတတ်တဲ့ အမျိုးသမီးတွေဆိုရင် ရာသီလာပြီး ၆ရက်လောက်ဆို သားဥကြွေပါပြီ။ ရာသီစက်ဝန်းတိုတဲ့အပြင် ရာသီရက်ပါ ရှည်တယ်ဆိုရင် (ဥပမာ တစ်ခါလာ ၅ရက်လောက်ကြာတယ်ဆိုရင်) ရာသီလာပြီးတာနဲ့ သားဥကြွေချိန်ရောက်နေပါပြီ။ ဒါကြောင့် ရှေ့ရက်မှာ ရာသီလာပေမယ့် အတူနေထားရင် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။

နေ့ရက်တိုင်းဟာ စိတ်မချရပါဘူး။ ဒီလို ဆေးပညာတွေ ခေတ်ရှေ့ပြေးနေတဲ့ ကာလကြီးမှာ သားဆက်ခြားနည်းပေါင်းစုံ ရှိပါတယ်။ သုံးပါ။ နောက်ဆုံး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်မှာစိုးလို့ ဟော်မုန်းဆေးတွေ မသောက်ချင်ဘူး၊ မထိုးချင်ဘူး၊ ဟော်မုန်းကပ်ခွာတွေ မသုံးချင်ဘူး၊ IUD မထည့်ချင်ဘူးဆိုရင် အလွယ်ဆုံးနဲ့ အန္တရာယ်အကင်းဆုံးနည်းဖြစ်တဲ့ ကွန်ဒုံးသုံးပါ။ ကော့ပါး IUD သုံးပါ။

ဘယ်အရာမဆို ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းပါတယ်။ အချိန်လွန်မှ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ပြီး အသက် (၁) ချောင်းကနေ (၂) ချောင်းဆုံးရှုံးရမယ့် လုပ်ရပ်တွေ မလုပ်မိသေးခင်၊ ဘာမှ အဆင်သင့်မဖြစ်သေးတဲ့ ဘဝထဲ နောက်ထပ် အသက်တစ်ချောင်းကို ခေါ်ပြီး ဒုက္ခမပေးမိသေးခင်၊ စိတ်ဒဏ်ရာတွေ မပေးမိသေးခင် ကာကွယ်ထားတာ အကောင်းဆုံးနည်းလမ်းပါပဲ။

Wathun Myat Chal

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

31/05/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/05/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement