ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ ဘယ်လိုပြောင်းလဲမှုတွေ ကြုံတွေ့ရမှာလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 9, 2020 . 2 mins read
Share now

ဆယ်ကျော်သက်အရွယ်ဆိုတာ ကလေးတစ်ယောက်ဘဝကနေ လူကြီးတစ်ယောက်ဖြစ်ဖို့ အစပျိုး ပြောင်းလဲမှုတွေ စိန်ခေါ်မှုတွေ အများကြီး တွေ့ကြုံရမယ့် ကာလပါ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အပြင် အသက်ကလေးရလာတော့ အပေါင်းအသင်းလေးလည်းများလာ၊ ပတ်ဝန်းကျင်ကလည်း ဂရုစိုက်တာများလာတော့ အရင်ကလေးတုန်းကနဲ့ မတူတော့တာ အမှန်ပါ။ ဒီတော့ ဆယ်ကျော်သက်အရွယ်လေးရောက်လာပြီဆို ဘယ်လိုပြောင်းလဲမှုလေးတွေ ကြုံတွေ့ရမှာလဲ။ မသိသေးတဲ့သူတွေအတွက်တော့ ဗဟုသုတ၊ သိပြီးသားသူတွေအတွက်တော့ ခုပြောမယ့်အကြောင်းလေးတွေကို စမြုံ့ပြန်လို့ရတာပေါ့။ ငါတို့တုန်းက ဒီလိုတွေ ကြုံဖူးခဲ့တာ ဘာညာပေါ့ ။ ။

ဆယ်ကျော်သက်အရွယ်မှာ ဘယ်လိုပြောင်းလဲမှုတွေ ကြုံတွေ့ရမှာလဲ ။ ။

ဆယ်ကျော်သက်အရွယ်လေးတွေ ကြုံတွေရတာ အများစုက အပျိုဖော်ဝင်တာနဲ့ သက်ဆိုင်နေပါတယ်။ အပျိုဖော်ဝင်တယ်ဆိုတာ ကလေးဘဝကနေ လူကြီးဘဝကို ပြောင်းလဲစေတဲ့ ကြားထဲက အဆင့်တစ်ခုပဲ ဖြစ်ပါတယ်။ အပျိုဖော်ဝင်လာပြီဆိုတာနဲ့ ကိုယ်ခန္ဓါမှာ ဘာတွေ ပြောင်းလဲလာမှာလဲ ။ ။

  • အရပ်လေးတွေ ရှည်လာမယ်ရာသီစမလာခင် ၆လလောက်အလိုက မိန်းကလေးတွေအရပ်ရှည်ထွက်ဆုံးအချိန်ပါ။ အဲဒီအချိန်က အရေးကြီးတဲ့အတွက် အရပ်ရှည်ထွက်စေဖို့လိုအပ်တဲ့ အာဟာရတွေ သေချာစားပေးဖို့လိုပါတယ်။ ပြည့်ဝတဲ့ အာဟာရတွေ မစားခဲ့မိဘူးဆိုရင် သူများတွေထက် ညှက်ပြီး အရပ်ပုသွားနိုင်ပါတယ်။
  • သတိထားမိလောက်အောင် ရင်သားလေးဆူထွက်လာပါလိမ့်မယ် – ငယ်ငယ်တုန်းကတော့ အဝတ်ဆို တစ်ထပ်တည်းဝတ်နေကျဖြစ်ပေမယ့် ခုလို ဆယ်ကျော်သက် အပျိုဖော်ဝင်လာပြီဆို ဖွံ့ဖြိုးလာတဲ့ ရင်သားအတွက် ရှင်မီးတို့ ၊ အတွင်းခံတို့ကို စပြီး ဝတ်ဆင်ရပါတော့မယ်။ ဒါတွေက အသက် ၈နှစ်ကနေ ၁၃ နှစ်ကြား မိန်းကလေးတိုင်း ကြုံတွေ့ရတဲ့ အရာတစ်ခုပါ။
  • ခါးလေးတွေလည်းသိမ်ပြီး တင်သားလေးတွေလည်း စပြီး ဖွံ့ဖြိုးလာပါလိမ်မယ့်။
  • အမွှေးအမျှင်တွေစပြီး ထွက်လာပါပြီ – တစ်ချို့မိန်းကလေးတွေအတွက် ရင်သားဖွံ့ဖြိုးမှုက အစောဆုံးပြောင်းလဲလာတဲ့ အချက်ဆိုပေမယ့် တချို့အတွက်ကတော့ ချိုင်း၊ ဆီးခုံနဲ့ ခြေသလုံးတို့မှာ အမွှေးအမျှင်တွေ စထွက်လာတာက အပျိုဖော်စဝင်နေပြီ ဖြစ်ကြောင်း အစောဆုံး အသိပေးနေတဲ့ အချက်တစ်ခုပါ။
  • ဝက်ခြံပြဿနာဟာလည်း ဆယ်ကျော်သက်အရွယ်တွေ ကြုံတွေ့ရမယ့် ပြဿနာတွေ ထဲက တစ်ခုပါ။
  • ရာသီသွေးစဆင်းလာပါမယ် – အပျိုဖော်ဝင်နေပြီဆိုတဲ့အကြောင်း အတိအကျဆုံးဖြတ်ပေးနိုင်တာကတော့ ရာသီသွေးပေါ်တာပဲ ဖြစ်ပါတယ်။ အသက် ၁၂ နှစ် ၁၃ နှစ်ဝန်းကျင်ဟာ ရာသီသွေးစဆင်းတဲ့ အချိန်ပါ။ ရာသီသွေးစပေါ်ပြီဆိုတာနဲ့ အပျိုဖော်ဝင်နေပြီဆိုတာကို ငြင်းလို့မရတော့ပါဘူး။ မိခင်လောင်းတစ်ယောက်ဖြစ်နိုင်ပြီဆိုတာကို သူက ပြောပြနေတာပါ။ ရာသီသွေးဆင်းတယ်ဆိုတာ မိန်းကလေးတိုင်းကြုံတွေ့ရမယ့် သဘာဝဖြစ်ပြီး ရှက်စရာကိစ္စမဟုတ်ပါ။ ရာသီသွေးဘာ့ကြောင့်ဆင်းရတာလဲ၊ တစ်ခါဆင်းရင် ဘယ်နှစ်ရက်ကြာတတ်လဲ၊ ဘယ်နှစ်လတစ်ခါဆင်းမှာလဲနဲ့ ရာသီသွေးဆင်းတဲ့အချိန် ဘာတွေဆောင်ဘာတွေရှောင်မလဲဆိုတာနဲ့ ပက်သက်ပြီး ကိုယ့်အမေ၊ အမနဲ့ အဒေါ်တို့ကို မေးဖို့ ဝန်မလေးပါနဲ့။ နောက်ပြီး ရာသီလာတာနဲ့ အတူတွဲတတ်တာကတော့ ရာသီလာချိန်ဖြစ်တဲ့ ကိုက်ခဲမှုဝေဒနာနဲ့ သံဓါတ်ချို့တဲ့သွေးအားနည်းတဲ့ပြဿနာပဲ ဖြစ်ပါတယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့လည်းပြင်ဆင်ထားသင့်ပါတယ်။
  • စိတ်တွေလည်း မတည်မငြိမ်ဖြစ်နေတတ်ပါတယ် – အပျိုဖော်ဝင်တဲ့အချိန်မှာ ကိုယ်ခန္ဓာတင် ပြောင်းလဲနေတတ်တာ မဟုတ်ပါဘူး။ ဟော်မုန်းတွေလည်း အပြောင်းအလဲဖြစ်နေပြီး စိတ်တွေလည်း မတည်မငြိမ်ဖြစ်နေတဲ့ အချိန်ပါ။ စိတ်တိုလွယ် ဒေါသထွက်လွယ်နေတတ်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လိုချင်နေတဲ့အချိန်ဖြစ်တဲ့အတွက် ဆယ်ကျော်သက်အရွယ် တွေဟာ ထိန်းရခက်တဲ့ အရွယ်တွေပါ။

ဒါတွေက ဆယ်ကျော်သက်တိုင်း ကြုံတွေ့ရမယ့် ပြောင်းလဲမှုတွေပါ။ ဒီလို ပြောင်းလဲမှုတွေက လူတိုင်းမှာ တသတ်မှတ်အညီဖြစ်တယ်လို့တော့ ဆိုလို့မရပါဘူး။အကောင်းဆုံးကြီးထွားဖွံ့ဖြိုးဖို့ဆိုရင်တော့ အာဟာရ ပြည့်ဝအောင် စားဖို့လိုပါမယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံက ပျောက်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ စိတ်ရှည်ရပါမယ်။ ဝက်ခြံဆိုတာက တစ်ပတ်လောက်နဲ့ သက်သာသွားတာမျိုး မဟုတ်ပါဘူး။ နာတာရှည်ရောဂါ တစ်မျိုးလိုပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံတွေ ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ

ဝက်ခြံလို့ဆိုလိုက်ရင် လူတိုင်းက အရေပြားပေါ်က နီနီရဲရဲ နဲ့ ထိပ်နားမှာ ပြည်လိုလေး စုနေတဲ့ ဖုတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

စိတ်ပူပင်စရာ ကြောင့် ဖြစ်လာနိုင်တဲ့ ဝေဒနာများ

စိတ်ပူပင်စရာ ကြောင့် ဖြစ်လာနိုင်တဲ့ ဝေဒနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
ကလေးမွေးထားတဲ့ မေမေ တွေ ခန္ဓာကိုယ် ပြန်ထိန်းသိမ်းနိုင်ဖို့

ကလေးမွေးထားတဲ့ မေမေ တွေ ခန္ဓာကိုယ် ပြန်ထိန်းသိမ်းနိုင်ဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read