အထူးသဖြင့် ရာသီစက်ဝန်းတိုတဲ့ အမျိုးသမီးတွေ၊ တစ်နည်းအားဖြင့် ရက် ၂၀တစ်ခါလောက် ရာသီလာတတ်တဲ့ အမျိုးသမီးတွေဆိုရင် ရာသီလာပြီး ၆ရက်လောက်ဆို သားဥကြွေပါပြီ။ ရာသီစက်ဝန်းတိုတဲ့အပြင် ရာသီရက်ပါ ရှည်တယ်ဆိုရင် (ဥပမာ တစ်ခါလာ ၅ရက်လောက်ကြာတယ်ဆိုရင်) ရာသီလာပြီးတာနဲ့ သားဥကြွေချိန်ရောက်နေပါပြီ။ ဒါကြောင့် ရှေ့ရက်မှာ ရာသီလာပေမယ့် အတူနေထားရင် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
နေ့ရက်တိုင်းဟာ စိတ်မချရပါဘူး။ ဒီလို ဆေးပညာတွေ ခေတ်ရှေ့ပြေးနေတဲ့ ကာလကြီးမှာ သားဆက်ခြားနည်းပေါင်းစုံ ရှိပါတယ်။ သုံးပါ။ နောက်ဆုံး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်မှာစိုးလို့ ဟော်မုန်းဆေးတွေ မသောက်ချင်ဘူး၊ မထိုးချင်ဘူး၊ ဟော်မုန်းကပ်ခွာတွေ မသုံးချင်ဘူး၊ IUD မထည့်ချင်ဘူးဆိုရင် အလွယ်ဆုံးနဲ့ အန္တရာယ်အကင်းဆုံးနည်းဖြစ်တဲ့ ကွန်ဒုံးသုံးပါ။ ကော့ပါး IUD သုံးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။