၂၁ ရာစုမှာ ကျွန်တော်တို့ ဘိုးဘေးဘီဘင် လက်ထက်တုန်းကလို ယောက်ျားဆိုရင် မိန်းမပဲ ကြိုက်ရမယ်၊ မိန်းမဆိုရင်လည်း ယောက်ျားကိုပဲ ကြိုက်ရမယ့် ဆိုတဲ့ ရှေးခေတ် အယူဝါဒတွေ မရှိသလောက် နည်းလာပါပြီ။ ဒါပေမယ့်လည်း တချို့လူတွေအတွက် ဒါကို မှားယွင်းတဲ့ သဘာဝလွန် အပြုအမူ၊ အတွေးအခေါ်တွေလို့ ထင်မြင်နေကြဆဲပါပဲ။ ဒါကတော့ ကိုယ် ယုံကြည်ထားတာနဲ့ ဆန့်ကျင်နေတဲ့ အရာဆိုရင် လက်မခံချင်တတ်တဲ့ လူ့သဘာဝဖြစ်တာကြောင့် သိပ်ပြီးတော့ မပြောလိုပါဘူး။ ဒီဆောင်းပါးမှာ လိင်စိတ်တိမ်းညွှတ်မှုထဲက လိင်တူကိုရော လိင်ကွဲကိုပါ စိတ်ဝင်စားတတ်တဲ့ သူတွေအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ဝေခွဲမရဖြစ်နေတဲ့သူတွေရယ်၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မသိနားမလည်တဲ့သူတွေအတွက် ဗဟုသုတဖြစ်စေလိုတဲ့ စိတ်နဲ့ ရေးရခြင်းဖြစ်ပါတယ်။ အကယ်လို့ ကိုယ့်ကိုယ်ကိုယ် ဒါမျိုး ကိစ္စတွေ လက်မခံတတ်တဲ့သူအဖြစ် ခံယူထားတယ် ဆိုရင်တော့ ဆက်မဖတ်ဘဲ ကျော်သွားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။