backup og meta

ယောက်ျားတွေရဲ့ ဂျီစပေါ့ ဘယ်နေရာမှာရှိလဲ


Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောက်ျားတွေရဲ့ ဂျီစပေါ့ ဘယ်နေရာမှာရှိလဲ

    ဂျီ စပေါ့ (G-Spot) ဆိုတာ မိန်းကလေးတွေမှာတင်မကဘဲ ယောက်ျားလေးတွေမှာလည်း ရှိပါတယ်။ ယောက်ျားလေးတွေမှာ ရှိတဲ့ ဂျီစပေါ့ကိုတော့ ပီ စပေါ့ (P-Spot, လိင်တံ Penis ရဲ့ အတိုကောက် P) လို့လည်း ခေါ်ကြပါတယ်။ ယောက်ျားတွေရဲ့ ဂျီစပေါ့ က မိန်းကလေးတွေထက် ပိုရှာရလွယ်သလို နှိုးဆွရတာလည်း ပိုလွယ်တယ်လို့တော့ ဆိုကြပါတယ်။ ဒါပေမယ့် တချို့ယောက်ျားလေးတွေက သူတို့ရဲ့ ဂျီစပေါ့ကို နှိုးဆွတဲ့အခါ ဘယ်လိုခံစားမှုမျိုးမှ မရရှိဘူးလို့လည်း ပြောပါတယ်။

    မိန်းကလေးတွေမှာဖြစ်စေ၊ ယောက်ျားလေးတွေမှာဖြစ်စေ ဂျီစပေါ့ကို နှိုးဆွပေးခြင်းရဲ့ အားသာချက်က သုက်လွှတ်ပြီးမြောက်မှု လျင်မြန်စေဖို့၊ လိင်စိတ်ဆန္ဒ အထွတ်အထိပ်ကို ရောက်သွားတဲ့အခါ အားရကျေနပ်ဖွယ် ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။ အမျိုးသားတွေမှာဆိုရင် ဂျီစပေါ့ထိပြီး သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်ထဲမှာ ပါသွားတဲ့ သုက်ပိုးကောင်တွေကို အပြင်မှာ အချိန်ကြာကြာနေနိုင်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာ ယောက်ျားတွေရဲ့ ဂျီစပေါ့ါ့ အကြောင်းကို ဆွေးနွေးပေးသွားပါမယ်။

    ယောက်ျားတွေရဲ့ ဂျီစပေါ့ ဘယ်လိုရှာမလဲ။

    အမျိုးသားတွေရဲ့ ဂျီစပေါ့ကို အပြင်ဘက်နဲ့ အတွင်းဘက် ၂နေရာဆိုပြီး ခွဲရှာလို့ ရပါတယ်။ ဆက်ဆံတဲ့အနေအထားနဲ့ အခြေအနေပေါ် မူတည်ပြီး မိမိကိုယ်ကိုယ်ဖြစ်စေ၊ ကိုယ့်ဆက်ဆံဖော်ကဖြစ်စေ နှိုးဆွပေးနိုင်မယ်ဆိုရင် လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်ဖို့ ပိုမြန်နိုင်ပါတယ်။

    ၁။ အတွင်းဘက်

    စအိုဝအတွင်းဘက် ၂လက်မလောက် အကွာအဝေး ဆီးကျိတ်နေရာမှာ ရှိပါတယ်။ များသောအားဖြင့် လိင်တူဆက်ဆံတဲ့အမျိုးသားတွေ၊ ဆက်ဆံတဲ့အခါ ခံရသူအနေနဲ့ ဒီနေရာကို လိင်တံနဲ့ ထိုးသွင်းပြီးဖြစ်စေ၊ လက်နဲ့ဖြစ်စေ နှိုးဆွပေးလို့ ရပါတယ်။

    ၂။ အပြင်ဘက်

    ဒါကတော့ တိုက်ရိုက်နှိုးဆွတာမဟုတ်ဘဲ အပြင်ကနေ ဆီးကျိတ်နေရာကို အားအနည်းငယ် ဖိပြီး နှိုးဆွပေးတာဖြစ်ပါတယ်။ Perineum လို့ခေါ်တဲ့ ကပ္ပါယ်အိတ်နဲ့ စအိုဝရဲ့ကြား အလယ်တည့်တည့် နေရာမှာ ဂျီစပေါ့ ရှိပါတယ်။ ကိုယ့်ရဲ့ဆက်ဆံဖော် အမျိုးသားကို ထိုးသွင်းဆက်ဆံနေချိန်မှာ ဒီနေရာလေးကို ဖိထားပေးခြင်းဖြင့် ပိုပြီးခံစားမှုအားကောင်းစေပြီး လိင်စိတ်ဆန္ဒကို ပိုတက်ကြွလာစေနိုင်ပါတယ်။

    လိင်ဆက်ဆံခြင်းမပြုခင်မှာ ဂျီစပေါ့နဲ့ ပတ်သက်ပြီး အမျိုးသားရော အမျိုးသမီးပါ သေချာတိုင်ပင်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းကလေးတွေအတွက် သိပ်ပြဿနာမရှိပေမဲ့ ယောက်ျားလေးတွေရဲ့ ဂျီစပေါ့နေရာက အနောက်တံခါးမှာ တည်ရှိနေတာကြောင့်ပါပဲ။ လိင်တူဆက်ဆံတဲ့အမျိုးသားတွေမှာတော့ သိပ်ပြီးတိုင်ပင်စရာမလိုဘဲ ၂ဦးသား အတူနှိုးဆွပေးလို့ရပါတယ်။

    အမျိုးသားတွေအနေနဲ့ နှိုးဆွဖို့ သဘောတူခဲ့ရင်လည်း အပြင်ဘက်မှာ နှိုးဆွမှာလား၊ အတွင်းဘက်လားဆိုတာ သေချာပြောပြထားပါ။ အပြင်ဘက်မှာ နှိုးဆွမယ်ဆိုရင် လိင်မှုကိစ္စ စစချင်းမှာ မလုပ်ပါနဲ့။ အချိန်အတိုင်းအတာတစ်ခုထိ ကြာပြီး နှစ်ဦးနှစ်ဘက်လုံး အထွတ်အထိပ်ရောက်ဖို့ အချိန်တန်ပြီလို့ ခံစားရပြီဆိုမှ လုပ်ခိုင်းပါ။

    အတွင်းဘက်မှာ ဂျီစပေါ့ကို နှိုးဆွဖို့အတွက် ချောဆီ၊ ကွန်ဒုံး၊ Sex Toy တွေ၊ တစ်ရှူးတွေ ဆောင်ထားဖို့ လိုပါတယ်။

    ချောဆီက လက်ရဲ့ အဝင်အထွက်ချောစေဖို့၊ ပွန်းပဲ့ထိခိုက်ခြင်း နည်းစေဖို့

    ကွန်ဒုံးကတော့ စအိုအတွင်းမှ မစင်နဲ့ အညစ်အကြေးများ လက်သည်းကြားသို့ မဝင်လာစေဖို့နဲ့ လက်သည်းရှိခဲ့ရင် စအိုအတွင်း ကုတ်မိခြစ်မိတာမျိုး မဖြစ်စေဖို့

    • Sex Toy ကတော့ မရှိမဖြစ် မလိုပါဘူး၊ ကိုယ်နဲ့ ကိုယ့်ဆက်ဆံဖော်ရဲ့ လိင်စိတ်ပေါ်မှာပဲ မူတည်တာပါ။ သုံးမယ်ဆိုရင်တော့ ကျဉ်စက် (Vibrator) ၊ ဘုလုံးလေး (Butt Plug) လိုမျိုး အသုံးပြုနိုင်ပါတယ်

    • တစ်သျှူးကတော့ ဂျီစပေါ့ကို မနှိုးဆွခင်နဲ့ နှိုးဆွပြီးတဲ့အခါ သန့်ရှင်းရေးလုပ်ဖို့ပါပဲ။ အယ်လ်ကိုဟော (Alcohol) မပါတဲ့ တစ်ရှူးအခြောက် သို့မဟုတ် အစိုကို အသုံးပြုနိုင်ပါတယ်။

    မလုပ်ခင် ဘာတွေပြင်ဆင်ထားကြမလဲ။

    ၁။ နှိုးဆွမယ့်သူက လက်သည်းတွေ တိုနေအောင် ညှပ်ထားဖို့နဲ့ အချွန်အတက်၊ လက်စွယ်တွေ မရှိစေဖို့ ဂရုစိုက်ပါ။

    ၂။ လက်မှာ သို့မဟုတ် တင်ပါး (စအိုဝ) မှာ အနာဖြစ်နေရင် မလုပ်ပါနဲ့။

    ၃။ ရေနွေးနဲ့ ချိုးထားပါ။ အမွှေးဆီနဲ့ နှိပ်ပေးတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ အကြောအချဉ်ကို ပြေလျော့စေတဲ့အတွက် စအိုအတွင်းက ဂျီစပေါ့ကို နှိုးဆွတဲ့နေရာမှာ သက်တောင့်သက်သာ ပိုဖြစ်စေပါတယ်။

    ၄။ ချောဆီကို ရေ သို့မဟုတ် ဆီအခြေပြု ချောဆီကိုသာ များများထည့်ပြီးမှ နှိုးဆွပေးပါ။

    ၅။ ကြမ်းကြမ်းတမ်းတမ်း လုံးဝမလုပ်ပါနဲ့။ လက်ချောင်းတစ်ချောင်းထဲနဲ့ ဖြည်းဖြည်းချင်းစတင်ပြီး နောက်မှသာ အရှိန်မြှင့်တင်ပါ။

    ၆။ နှိုးဆွခံမယ့် အမျိုးသားအနေနဲ့ စိတ်ကို လုံးဝလျှော့ထားပါ။ အသက်ပြင်းပြင်းရှူပြီး ပါးစပ်ကနေ လေပြန်မှုတ်ထုတ်ပါ။

    ဘယ်လိုအနေအထားက အဆင်ပြေမလဲ။

    အပြင်ဘက်က ဂျီစပေါ့ကို နှိုးဆွဖို့ဆိုရင် အမျိုးသားက ကိုယ့်အပေါ်မှာ ရှိနေတဲ့အချိန်ဟာ အကောင်းဆုံးပါပဲ။ လိင်ဆက်ဆံနေတဲ့အချိန် ခြေထောက်နှစ်ဖက်ကို ဘေးနည်းနည်းကားပြီး ဆက်ဆံခံရသူက လက်ချောင်းနဲ့ အပြင်ဘက်က ဂျီစပေါ့ကို လက်မနဲ့ အားနည်းနည်းသုံးပြီး ဖိပေးရမှာပါ။

    အတွင်းဘက်က ဂျီစပေါ့ဆိုရင် အပြုခံရသူအနေနဲ့ လေးဘက်ထောက် အနေအထားမှာ ရှိတာက ဂျီစပေါ့ထိဖို့ အလွယ်ဆုံးပါပဲ။ သို့မဟုတ် ဘေးတစောင်းအနေနဲ့ ခြေတစ်ဖက်ကို မြှောက်ထားလို့လည်း အဆင်ပြေပါတယ်။

    ဂျီစပေါ့ဆိုတာ အမျိုးသားတွေမှာ ရှိတယ်ဆိုတာ မှန်ပေမယ့် ယောက်ျားလေးတိုင်းကတော့ ဒီနေရာနဲ့ပတ်သက်ပြီး ခံစားမှုအားကောင်းတယ်လို့ သတ်မှတ်ထားကြတာ မဟုတ်သလို မကြိုက်တဲ့သူလည်း ရှိနေဦးမှာပဲ။ ဒါကြောင့် လိင်ဆက်ဆံခြင်းမပြုခင်ကတည်းက သူ့အကြိုက် ကိုယ့်အကြိုက်ကို သေချာပြောပြညှိနှိုင်းပြီးမှ ရှေ့ဆက်တာက အကောင်းဆုံးဖြစ်မှာပါ။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement