အပြင်က မိုးကလည်း တဖွဲဖွဲနဲ့ ရွာနေတော့တာပဲနော်။ မိုးရေအောက်မှာ ထီးဆောင်းရင်း သဘာဝအငွေ့အသက်တွေ ခံစားရတဲ့ကြိုက်တဲ့သူတွေရှိသလို အိမ်ရှင်မတွေအနေနဲ့လည်း ကိုယ့်အိမ်သားကျန်းမာရေးကို စိုးရိမ်ရ၊ အဝတ်တွေ မခြောက်လို့ စိတ်ညစ်ရတယ်နော်။ ခုလို မိုးရာသီမှာ တစ်မိသားစုလုံး ကျန်းမာဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးကို ပုံမှန်အချိန်ထက် ပိုပြီး ဂရုစိုက်ဖို့တော့ လိုတာပေါ့။